လက္ခဏာ ပြတာ၊ မပြတာက COVID-19 ရောဂါပိုး ခန္ဓာကိုယ်ထဲကို ဝင်တာ နည်းခြင်း၊ များခြင်းနဲ့ ဆိုင်လား
လူထုကို ဒီ Corona virus အကြောင်း အသိပေးခဲ့တဲ့ တရုတ်ဆရာဝန်ဟာ ဖေဖော်ဝါရီလမှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၄ နှစ်ပဲ ရှိသေးတဲ့အတွက် တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားစေပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးလက်ခံထားတာက အသက်ငယ်ရင် ပိုပြီးခံနိုင်ရည်ရှိတယ်ဆိုတာပဲ မဟုတ်လား။ ဖြစ်နိုင်တာကတော့ Dr. Li ဟာ Covid-19 ကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့လူနာတွေနားမှာ အချိန်ကြာကြာနေရတဲ့အတွက် ပိုးကောင်ရေများများနဲ့ ထိတွေ့သွားလို့လား ဆိုတာပဲ။
ပိုးကောင်ရေ အနည်းအများအကြောင်းကို corona virus အကြောင်း ပြောတဲ့အခါမှာ တော်တော်များများက ကျော်သွားကြပါတယ်။ တခြားအဆိပ်တွေလိုပဲ virus တွေမှာလည်း နည်းနည်းပဲထိတွေ့ရင် ရောဂါလက္ခဏာမပြ၊ မပြင်းထန်ဘဲ ပျောက်သွားပြီး များများထိတွေ့ရင် ပိုပြင်းထန်ပြီး သေစေပါတယ်။ ဒီလိုပြောလိုက်ရင်တော့ သိသာနေတာပဲ ဆိုပေမယ့် လူတွေဟာ ပိုးများများနဲ့ ထိတွေ့တာကို ပိုပြီးကာကွယ်ရမှာ မေ့နေကြပါတယ်။
ကိုယ်ခံအားမကောင်းတဲ့လူတွေအတွက်တော့ ပိုးကောင်ရေ နည်းနည်းများများ ခန္ဓာကိုယ်ထဲမှာ များများပွားလာတတ်ပြီး ရောဂါပြင်းထန်စေပါတယ်။ ကိုယ်ခံအားကောင်းတဲ့လူတွေအတွက်ကတော့ ခန္ဓာကိုယ်က ပိုးဝင်လာတာနဲ့ မြန်မြန်တုံ့ပြန်တိုက်ခိုက်တာကြောင့် သိပ်မပြင်းထန်ကြပါဘူး။
သုတေသနပညာရှင်တွေအနေနဲ့ ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါမှာလည်း အလားတူ အခြေအနေမျိုးကို တွေ့ရှိရပါတယ်။ လူတွေအတွက်လည်း တချို့ရိုးရိုးတုပ်ကွေးပိုးတို့၊ ဝမ်းရောဂါပိုးတွေနဲ့ စမ်းသပ်တဲ့အခါမှာလည်း ဒီပုံစံအတိုင်း တွေ့ရပါတယ်။ Corona virus လို အရမ်းဆိုးတဲ့ virus တွေနဲ့ စမ်းသပ်ဖို့ကတော့ ကျင့်ဝတ်နဲ့မညီတဲ့အတွက် မစမ်းသပ်ကြပါဘူး။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်၊ ဟောင်ကောင်မှာ SARS ရောဂါ ဖြစ်ပွားချိန်က တိုက်ခန်းတစ်ခုမှာ လူတစ်ယောက်ကနေ တစ်တိုက်လုံးကိုကူးပြီး ၁၉ ယောက် သေဆုံးခဲ့ပါတယ်။ တစ်တိုက်ထဲကလူတွေမှာ ပိုမိုပြင်းထန်ပြီး သေဆုံးတဲ့အထိဖြစ်ပေမယ့် နည်းနည်းဝေးတဲ့နေရာကလူတွေအဖို့ သိပ်ပြီးမပြင်းထန်ဘူးဆိုတဲ့ လက်တွေ့သက်သေတွေလည်း ရှိပါတယ်။
Bio Adult 1

ပိုးကောင်ရေများများနဲ့ ထိတွေ့တာကို ရှောင်ရှားဖို့အတွက်ကတော့ လူများများနဲ့ ထိတွေ့ရတာမျိုးတွေ ရှောင်ပါ။ ထိတွေ့ချိန်ကြာလေ ပိုများများကူးနိုင်လေပါပဲ။ မဖြစ်မနေ ထိတွေ့ရတဲ့အခြေအနေတွေမှာ ဥပမာ - ငွေရှင်းတဲ့နေရာတွေဆို ၆ ပေအကွာ ၆ စက္ကန့်ဆိုတဲ့ စည်းမျဉ်းကို လိုက်နာပါ။
ပိုးကောင်ရေက အရေးကြီးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက ပိုပြီးအန္တရာယ်များပါတယ်။ ရောဂါပြင်းထန်တဲ့လူတွေနဲ့ ထိတွေ့ရတာဖြစ်လို့ ကာကွယ်ရေးပစ္စည်းတွေကို သူတို့အတွက် ဦးစားပေးရပါမယ်။ သာမန်လူတွေအတွက်ကတော့ လက်ဆေးတာ၊ လူစုလူဝေး ရှောင်ရှားတာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာမျိုးနဲ့ လုံလောက်ပါတယ်။
အကောင်းဆုံးကတော့ complete lockdown ဆိုပေမယ့် တခြားစီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာမျိုးတွေကို စဉ်းစားဖို့ လိုပါတယ်။ ဒါပေမဲ့ လူစုလူဝေးတွေများတဲ့ ပြတိုက်၊ ပွဲတွေ၊ စားသောက်ဆိုင်လိုမျိုးတွေကတော့ ပိတ်ကို ပိတ်ထားရပါမယ်။ အများပြည်သူသုံး ပို့ဆောင်ရေးတွေ ဥပမာ - ဘတ်စ်ကားတွေ၊ ရထားတွေကတော့ အန္တရာယ်များပေမယ့် ပိတ်ထားလို့မရတာကြောင့် သတိကြီးကြီးထားပြီး သွားလာရမှာပါ။
အကောင်းဆုံးကတော့ အတတ်နိုင်ဆုံး အိမ်ထဲမှာနေပါ။
Dr. Htar (www.drmyanmar.com)
Bio Adult 2

(Zawgyi)
လူထုကို ဒီ Corona virus အေၾကာင္း အသိေပးခဲ့တဲ့ တ႐ုတ္ဆရာဝန္ဟာ ေဖေဖာ္ဝါရီလမွာ ကြယ္လြန္သြားခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၃၄ ႏွစ္ပဲ ရွိေသးတဲ့အတြက္ တစ္ကမာၻလုံးကို ထိတ္လန႔္သြားေစပါတယ္။ ဘာလို႔လဲဆိုေတာ့ အားလုံးလက္ခံထားတာက အသက္ငယ္ရင္ ပိုၿပီးခံႏိုင္ရည္ရွိတယ္ဆိုတာပဲ မဟုတ္လား။ ျဖစ္ႏိုင္တာကေတာ့ Dr. Li ဟာ Covid-19 ကို ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့လူနာေတြနားမွာ အခ်ိန္ၾကာၾကာေနရတဲ့အတြက္ ပိုးေကာင္ေရမ်ားမ်ားနဲ႔ ထိေတြ႕သြားလို႔လား ဆိုတာပဲ။
ပိုးေကာင္ေရ အနည္းအမ်ားအေၾကာင္းကို corona virus အေၾကာင္း ေျပာတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ားက ေက်ာ္သြားၾကပါတယ္။ တျခားအဆိပ္ေတြလိုပဲ virus ေတြမွာလည္း နည္းနည္းပဲထိေတြ႕ရင္ ေရာဂါလကၡဏာမျပ၊ မျပင္းထန္ဘဲ ေပ်ာက္သြားၿပီး မ်ားမ်ားထိေတြ႕ရင္ ပိုျပင္းထန္ၿပီး ေသေစပါတယ္။ ဒီလိုေျပာလိုက္ရင္ေတာ့ သိသာေနတာပဲ ဆိုေပမယ့္ လူေတြဟာ ပိုးမ်ားမ်ားနဲ႔ ထိေတြ႕တာကို ပိုၿပီးကာကြယ္ရမွာ ေမ့ေနၾကပါတယ္။
ကိုယ္ခံအားမေကာင္းတဲ့လူေတြအတြက္ေတာ့ ပိုးေကာင္ေရ နည္းနည္းမ်ားမ်ား ခႏၶာကိုယ္ထဲမွာ မ်ားမ်ားပြားလာတတ္ၿပီး ေရာဂါျပင္းထန္ေစပါတယ္။ ကိုယ္ခံအားေကာင္းတဲ့လူေတြအတြက္ကေတာ့ ခႏၶာကိုယ္က ပိုးဝင္လာတာနဲ႔ ျမန္ျမန္တုံ႔ျပန္တိုက္ခိုက္တာေၾကာင့္ သိပ္မျပင္းထန္ၾကပါဘူး။
သုေတသနပညာရွင္ေတြအေနနဲ႔ ႂကြက္ေတြနဲ႔ စမ္းသပ္တဲ့အခါမွာလည္း အလားတူ အေျခအေနမ်ိဳးကို ေတြ႕ရွိရပါတယ္။ လူေတြအတြက္လည္း တခ်ိဳ႕႐ိုး႐ိုးတုပ္ေကြးပိုးတို႔၊ ဝမ္းေရာဂါပိုးေတြနဲ႔ စမ္းသပ္တဲ့အခါမွာလည္း ဒီပုံစံအတိုင္း ေတြ႕ရပါတယ္။ Corona virus လို အရမ္းဆိုးတဲ့ virus ေတြနဲ႔ စမ္းသပ္ဖို႔ကေတာ့ က်င့္ဝတ္နဲ႔မညီတဲ့အတြက္ မစမ္းသပ္ၾကပါဘူး။ ဒါေပမဲ့ ၂၀၀၃ ခုႏွစ္၊ ေဟာင္ေကာင္မွာ SARS ေရာဂါ ျဖစ္ပြားခ်ိန္က တိုက္ခန္းတစ္ခုမွာ လူတစ္ေယာက္ကေန တစ္တိုက္လုံးကိုကူးၿပီး ၁၉ ေယာက္ ေသဆုံးခဲ့ပါတယ္။ တစ္တိုက္ထဲကလူေတြမွာ ပိုမိုျပင္းထန္ၿပီး ေသဆုံးတဲ့အထိျဖစ္ေပမယ့္ နည္းနည္းေဝးတဲ့ေနရာကလူေတြအဖို႔ သိပ္ၿပီးမျပင္းထန္ဘူးဆိုတဲ့ လက္ေတြ႕သက္ေသေတြလည္း ရွိပါတယ္။
ပိုးေကာင္ေရမ်ားမ်ားနဲ႔ ထိေတြ႕တာကို ေရွာင္ရွားဖို႔အတြက္ကေတာ့ လူမ်ားမ်ားနဲ႔ ထိေတြ႕ရတာမ်ိဳးေတြ ေရွာင္ပါ။ ထိေတြ႕ခ်ိန္ၾကာေလ ပိုမ်ားမ်ားကူးႏိုင္ေလပါပဲ။ မျဖစ္မေန ထိေတြ႕ရတဲ့အေျခအေနေတြမွာ ဥပမာ - ေငြရွင္းတဲ့ေနရာေတြဆို ၆ ေပအကြာ ၆ စကၠန႔္ဆိုတဲ့ စည္းမ်ဥ္းကို လိုက္နာပါ။
ပိုးေကာင္ေရက အေရးႀကီးတဲ့အတြက္ က်န္းမာေရးဝန္ထမ္းေတြက ပိုၿပီးအႏၲရာယ္မ်ားပါတယ္။ ေရာဂါျပင္းထန္တဲ့လူေတြနဲ႔ ထိေတြ႕ရတာျဖစ္လို႔ ကာကြယ္ေရးပစၥည္းေတြကို သူတို႔အတြက္ ဦးစားေပးရပါမယ္။ သာမန္လူေတြအတြက္ကေတာ့ လက္ေဆးတာ၊ လူစုလူေဝး ေရွာင္ရွားတာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနတာမ်ိဳးနဲ႔ လုံေလာက္ပါတယ္။
အေကာင္းဆုံးကေတာ့ complete lockdown ဆိုေပမယ့္ တျခားစီးပြားေရး၊ စိတ္ပိုင္းဆိုင္ရာမ်ိဳးေတြကို စဥ္းစားဖို႔ လိုပါတယ္။ ဒါေပမဲ့ လူစုလူေဝးေတြမ်ားတဲ့ ျပတိုက္၊ ပြဲေတြ၊ စားေသာက္ဆိုင္လိုမ်ိဳးေတြကေတာ့ ပိတ္ကို ပိတ္ထားရပါမယ္။ အမ်ားျပည္သူသုံး ပို႔ေဆာင္ေရးေတြ ဥပမာ - ဘတ္စ္ကားေတြ၊ ရထားေတြကေတာ့ အႏၲရာယ္မ်ားေပမယ့္ ပိတ္ထားလို႔မရတာေၾကာင့္ သတိႀကီးႀကီးထားၿပီး သြားလာရမွာပါ။
အေကာင္းဆုံးကေတာ့ အတတ္ႏိုင္ဆုံး အိမ္ထဲမွာေနပါ။
Dr. Htar (www.drmyanmar.com)






























