ဘရာဇီယာ ဝတ်အိပ်သင့်လား
အိပ်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြင်ပကိုယ်အင်္ဂါတစ်နေရာမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေမယ်ဆိုရင် ညဘက်အိပ်ချိန်မှာ ခန္ဓာကိုယ်မှ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေဖြစ်တဲ့ အဆိပ်အတောက်တွေ ဖယ်ထုတ်ခြင်း၊ ကိုယ်ခံစွမ်းအားအတွက် ဟော်မုန်းတွေထုတ်ပေးခြင်း စတဲ့လုပ်ငန်းစဉ်တွေ ချောမွေ့မှုမရှိစေတဲ့အပြင် တစ်နေ့လုံး ညောင်းချိနေလို့ တင်းရင်းနေတဲ့ကြွက်သားတွေ ပြေလျော့သွားစေမယ့်အိပ်ချိန်မှာ ကြွက်သားတွေကို လွတ်လွတ်လပ်လပ် အနားရခွင့်မပေးရာလည်း ရောက်ပါတယ်။ ဒီတော့ ပျိုမေတို့ကို ဘရာဇီယာ မဝတ်အိပ်ဖို့ ဒါမှမဟုတ် ဘရာဇီယာကြိုးလျှော့ပြီးအိပ်ဖို့ အကြံပေးချင်ပါတယ်။ ဘရာဇီယာမဝတ်ဘဲ မအိပ်တတ်တဲ့ ပျိုမေတွေအနေနဲ့ ချည်သားစစ်စစ်နဲ့ လုပ်ထားတဲ့ ဘရာကို ရွေးချယ်ဝတ်ဆင်ပါ။ ဘာကြောင့် ဘရာဇီယာဝတ်ပြီး မအိပ်သင့်လဲဆိုတဲ့အချက်ကို ခိုင်လုံအောင် ပံ့ပိုးပေးနေတဲ့ အချက်လေးတချို့ကိုလည်း ဖော်ပြပေးချင်ပါတယ်။
1. ချွေးဖြင့် စိုထိုင်းထိုင်းဖြစ်ခြင်း
ရင်သားတစ်ဝိုက်မှထွက်လာတဲ့ ချွေးတွေဟာ တင်းကျပ်တဲ့ဘရာဇီယာအောက်မှာ အောင်းနေကာ လေဝင်လေထွက်ရဖို့ အခွင့်အလမ်းမရှိတဲ့အတွက် ရင်သားမှချွေးတွေဟာ ခြောက်သွားခြင်းမရှိဘဲ စိုစွတ်နေတာကြောင့် ယားယံခြင်းကို ခံစားရစေနိုင်ပြီး ပိုမိုဆိုရွားလာပါက ယားနာလို အဖု၊ အပိမ့် ၊ အနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှာ ဘရာဇီယာ ချွတ်အိပ်ပေးသင့်ပေမယ့် ဘရာဇီယာ ဝတ်အိပ်နေကျသူ၊ မဝတ်ဘဲ မအိပ်တတ်သူတွေအနေနဲ့ကတော့ ညဝတ်အိပ်ဘရာဇီယာကို ဝတ်အိပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
pH Care 1

2. သက်သောင့်သက်သာမရှိခြင်း
ရင်သားအလှ ပိုမိုပေါ်လွင်စေရန်၊ ရင်အုံကို ကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ fit size ဖြစ်တဲ့ ဘရာဇီယာတွေကို နေ့ဘက်မှာ ဝတ်ဆင်တာ ပြဿနာမရှိပေမယ့် ညဘက်ဝတ်အိပ်ရင်တော့ ရင်သားနေရာမှာ စည်းနှောင်ထားသလို ဖြစ်စေပြီး အိပ်ရတာ သက်သောင့်သက်သာမရှိစေဘဲ နှစ်ခြိုက်စွာ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။
3. အိပ်မပျော်ခြင်း
ဘရာဇီယာကျပ်ကျပ်တွေ ဝတ်အိပ်ခြင်းဟာ ရင်သားကြွက်သားတွေ အထိန်းအချုပ်ကင်းမဲ့စွာ ပြေလျော့နိုင်ခွင့် မရှိစေနိုင်တာကြောင့် အသက်ရှူကျပ်နေသလို ခံစားရပြီး အိပ်မပျော်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်စေပါတယ်။
pH Care 2

(Zawgyi)
အိပ္ခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ျပင္ပကိုယ္အဂၤါတစ္ေနရာမွာ တင္းတင္းက်ပ္က်ပ္ႀကီး ျဖစ္ေနမယ္ဆိုရင္ ညဘက္အိပ္ခ်ိန္မွာ ခႏၶာကိုယ္မွ ျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းစဥ္ေတြျဖစ္တဲ့ အဆိပ္အေတာက္ေတြ ဖယ္ထုတ္ျခင္း၊ ကိုယ္ခံစြမ္းအားအတြက္ ေဟာ္မုန္းေတြထုတ္ေပးျခင္း စတဲ့လုပ္ငန္းစဥ္ေတြ ေခ်ာေမြ႕မႈမရွိေစတဲ့အျပင္ တစ္ေန႔လုံး ေညာင္းခ်ိေနလို႔ တင္းရင္းေနတဲ့ႂကြက္သားေတြ ေျပေလ်ာ့သြားေစမယ့္အိပ္ခ်ိန္မွာ ႂကြက္သားေတြကို လြတ္လြတ္လပ္လပ္ အနားရခြင့္မေပးရာလည္း ေရာက္ပါတယ္။ ဒီေတာ့ ပ်ိဳေမတို႔ကို ဘရာဇီယာ မဝတ္အိပ္ဖို႔ ဒါမွမဟုတ္ ဘရာဇီယာႀကိဳးေလွ်ာ့ၿပီးအိပ္ဖို႔ အႀကံေပးခ်င္ပါတယ္။ ဘရာဇီယာမဝတ္ဘဲ မအိပ္တတ္တဲ့ ပ်ိဳေမေတြအေနနဲ႔ ခ်ည္သားစစ္စစ္နဲ႔ လုပ္ထားတဲ့ ဘရာကို ေ႐ြးခ်ယ္ဝတ္ဆင္ပါ။ ဘာေၾကာင့္ ဘရာဇီယာဝတ္ၿပီး မအိပ္သင့္လဲဆိုတဲ့အခ်က္ကို ခိုင္လုံေအာင္ ပံ့ပိုးေပးေနတဲ့ အခ်က္ေလးတခ်ိဳ႕ကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။
1. ေခြၽးျဖင့္ စိုထိုင္းထိုင္းျဖစ္ျခင္း
ရင္သားတစ္ဝိုက္မွထြက္လာတဲ့ ေခြၽးေတြဟာ တင္းက်ပ္တဲ့ဘရာဇီယာေအာက္မွာ ေအာင္းေနကာ ေလဝင္ေလထြက္ရဖို႔ အခြင့္အလမ္းမရွိတဲ့အတြက္ ရင္သားမွေခြၽးေတြဟာ ေျခာက္သြားျခင္းမရွိဘဲ စိုစြတ္ေနတာေၾကာင့္ ယားယံျခင္းကို ခံစားရေစႏိုင္ၿပီး ပိုမိုဆို႐ြားလာပါက ယားနာလို အဖု၊ အပိမ့္ ၊ အနာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္မွာ ဘရာဇီယာ ခြၽတ္အိပ္ေပးသင့္ေပမယ့္ ဘရာဇီယာ ဝတ္အိပ္ေနက်သူ၊ မဝတ္ဘဲ မအိပ္တတ္သူေတြအေနနဲ႔ကေတာ့ ညဝတ္အိပ္ဘရာဇီယာကို ဝတ္အိပ္တာ အေကာင္းဆုံး ျဖစ္ပါတယ္။
2. သက္ေသာင့္သက္သာမရွိျခင္း
ရင္သားအလွ ပိုမိုေပၚလြင္ေစရန္၊ ရင္အုံကို ေကာင္းစြာေထာက္ပံ့ေပးႏိုင္တဲ့ fit size ျဖစ္တဲ့ ဘရာဇီယာေတြကို ေန႔ဘက္မွာ ဝတ္ဆင္တာ ျပႆနာမရွိေပမယ့္ ညဘက္ဝတ္အိပ္ရင္ေတာ့ ရင္သားေနရာမွာ စည္းေႏွာင္ထားသလို ျဖစ္ေစၿပီး အိပ္ရတာ သက္ေသာင့္သက္သာမရွိေစဘဲ ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တတ္ပါတယ္။
3. အိပ္မေပ်ာ္ျခင္း
ဘရာဇီယာက်ပ္က်ပ္ေတြ ဝတ္အိပ္ျခင္းဟာ ရင္သားႂကြက္သားေတြ အထိန္းအခ်ဳပ္ကင္းမဲ့စြာ ေျပေလ်ာ့ႏိုင္ခြင့္ မရွိေစႏိုင္တာေၾကာင့္ အသက္႐ွဴက်ပ္ေနသလို ခံစားရၿပီး အိပ္မေပ်ာ္ေစႏိုင္တဲ့ အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေစပါတယ္။




























