/
node/9736

ကလေးတွေကို အရိုးပျော့ရောဂါဖြစ်အောင် လုပ်မိနေသလား

Category
ကလေးများနှင့်ကျန်းမာရေး

လတ်တလော လေ့လာမှုတွေအရဆိုရင် ကလေးတွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးငယ်လေးတွေဟာ အခုခေတ်ပိုင်းမှာ လှုပ်ရှားမှုတွေ နည်းလာကြတာကို တွေ့ရပါတယ်။ တစ်ခြားလေ့လာမှုတွေမှာ လတ်တလောဖြစ်လာနိုင်တဲ့ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်လွန်ကဲခြင်း စတဲ့ နောက်ဆက်တွဲတွေကို အဓိကဖော်ပြထားပေမယ့် ဒီဆောင်းပါးမှာတော့ ကလေးတွေရဲ့ အရိုးကျန်းမာရေးနဲ့ အသက်ကြီးလာချိန်မှာ အရိုးပွနိုင်ခြေရှိမရှိကို အဓိက ဆွေးနွေးသွားပါမယ်နော်။
လှုပ်ရှားမှု အားနည်းပြီး အထိုင်များတဲ့ လူနေမှုပုံစံဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အထူးသဖြင့် မိန်းကလေးတွေမှာ ပြဿနာကြီး ဖြစ်လာနေပါတယ်။
အမေရိကန်အမျိုးသား သက်ကြီးရွယ်အိုအဖွဲ့အစည်း၊ ဂျွန်ဟော့ကင်း ပြည်သူ့ကျန်းမာရေးကျောင်းနဲ မြောက်ကယ်ရိုလီးနားပြည်နယ် တက္ကသိုလ်က လေ့လာသူတွေ ပူးပေါင်းပြီး အသက် ၆ နှစ် - ၁၁ နှစ်ကြား ကလေးတွေ၊ ၁၂ နှစ် - ၁၉ နှစ်ကြား ဆယ်ကျော်သက်တွေ၊ ၂၀ နှစ် - ၂၉ နှစ်ကြား လူငယ်တွေ၊ ၃၁ နှစ် - ၅၉ နှစ် လူလတ်ပိုင်းတွေနဲ့ ၆၀ နှစ် - ၈၄ နှစ် သက်ကြီးရွယ်အို စသဖြင့် အသက်အရွယ်အစုံ လူပေါင်း ၁၂၅၈၉ ယောက်ရဲ့ လှုပ်ရှားမှုအဆင့်ကို လေ့လာကြည့်ခဲ့ကြတယ်။ ဒီထဲက တစ်ဝက်ကျော်ကျော် (၅၁%) ဟာ အမျိုးသမီးတွေပါ။
ဒီလေ့လာမှုမှာ ထိတ်လန့်တုန်လှုပ်စရာ တွေ့ရှိချက်တစ်ခုက အသက် ၆ နှစ် - ၁၁ နှစ်ကြား ၂၅% သော ယောက်ျားလေးတွေနဲ့ ၅၀% သော မိန်းကလေးတွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး သတ်မှတ်ချက်ဖြစ်တဲ့ အသက် ၅ နှစ် - ၁၇ နှစ်ကြား ကလေးတွေမှာ နေ့တိုင်းရှိသင့်တဲ့ မိနစ် ၆၀ ခန့် သာမန်ကနေ ပြင်းထန်အဆင့်လှုပ်ရှားမှုကို မရှိကြဘူးလို့ ဆိုတယ်။ ထင်ထားတာထက်ကို လှုပ်ရှားမှုနည်းပါးနေတာကို တွေ့ရတယ်။ ဆယ်ကျော်သက်တွေမှာဆို ပိုဆိုးပါသေးသတဲ့။ အသက် ၁၂ - ၁၉ နှစ်အရွယ် ယောက်ျားလေး ၅၀% ကျော်ကျော်နဲ့ မိန်းကလေး ၇၅% ကျော်ကျော်တို့ဟာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း သတ်မှတ်ချက်ကို မမှီကြဘူးဆိုတာကို တွေ့ရတယ်။

>>  ဒီလိုကလေးတွေ လူကြီးဖြစ်လာတဲ့အခါ အရိုးကျန်းမာရေး ဘယ်လိုနေမလဲ?
အရိုးတည်ဆောက်ရေးရဲ့ အမြင့်ဆုံးအချိန်ဟာ ဆယ်ကျော်သက်နဲ့ လူငယ်ဘဝတွေမှာပါ။ နောက်ပြီးတော့ အရိုးနဲ့ကြွက်သားတွေဟာ သုံးရင်သုံး၊ မသုံးရင်ဆုံးဆိုတဲ့ စနစ်နဲ့သွားတာမို့ လေ့ကျင့်ခန်း မလုပ်တဲ့အခါ ကြွက်သားတွေ လှုပ်ရှားမှုမရှိ၊ ကြွက်သားမလှုပ်တော့ အရိုးကိုလည်း ဖြစ်ပျက်ဖို့၊ သန်မာဖို့ လှုံ့ဆော်မှုတွေ မဖြစ်ေ့တာ့ဘူး။ ဒါကြောင့် ကလေးငယ်လေးတွေ၊ အထူးသဖြင့် ဆယ်ကျော်သက်တွေ အထိုင်များပြီး လှုပ်ရှားမှုနည်းရင် တစ်ဘဝတာရဲ့အရေးကြီးတဲ့ အရိုးတည်ဆောက်မှုအချိန်မှာ အရိုး ကောင်းကောင်း မဖွံ့ဖြိုးတော့ဘူးပေါ့။ ဒါကြောင့် နောက်ပိုင်း အရိုးဆုံးရှုံးတဲ့ အသက်အရွယ်ကို ရောက်တဲ့အခါ ချန်စရာအရိုး မရှိတော့တာကြောင့် အရိုးပွနှုန်း ပိုများလာတတ်တယ်။

Nutrilin IA 1

အထူးသဖြင့် မိန်းကလေးတွေနဲ့ လူငယ်အမျိုးသမီးတွေမှာ ပိုကြောက်ရတယ်။ လူလတ်ပိုင်းဘဝကို ရောက်လာပြီး သွေးဆုံးတဲ့အခါ အရိုးဆုံးရှုံးမ ှုများလာတတ်တယ်။ ဒါကြောင့် ဆယ်ကျော်သက်နဲ့ လူငယ်ဘဝမှာ အရိုး ကောင်းကောင်း ဖွံ့ဖြိုးထားသူတွေမှာ မထောင်းသာပေမယ့် ဒီလေ့လာမှုမှာပါတဲ့ မိန်းကလေးတွေလို လှုပ်ရှားမှုနည်းနေရင်တော့ နောက်ပိုင်းမှာ ရေရှည်ဆိုးကျိုးတွေ ဖြစ်လာတတ်တယ်။
ကလေးဘဝမှာ အရိုးဖွံ့ဖြိုးမှုသိပ်သည်းဆ ၁၀% လောက် များတဲ့အခါ အရိုးပွနိုင်ခြေဟာ ၁၃ နှစ်လောက် နောက်ဆုတ်သွားတယ်လို့ ဆိုတယ်။

>>  ကလေးတွေရဲ့ အရိုးကျန်းမာရေးကို ဘယ်လိုကာကွယ်ကြမလဲ?
●  ကျွန်မတို့ရဲ့ သားသမီးတွေမြေးလေးတွေကို စောစောစီးစီး လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ကလေး လုပ်ပေးထားသင့်ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ မိန်းကလေးတွေကို နုနယ်တဲ့ပန်းလေးတွေလို တင်စားပေမယ့် မိန်းကလေးတွေဟာလည်း ယောက်ျားလေးတွေလိုပဲ ကြမ်းတမ်းသန်မာနိုင်ကြပါတယ်။ ဘဲလေးကတာပဲဖြစ်ဖြစ်၊ ဘောလုံးကန်တာပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခုလုပ်နေရင် ရေတိုမှာရော၊ ရေရှည်မှာပါ အဆင်ပြေစေပါတယ်။
●    လှုပ်ရှားမှုလို့ဆိုရာမှာ ကြမ်းကြမ်းတမ်းတမ်း ပြင်းပြင်းထန်ထန်ဖြစ်စရာ မလိုဘူး။ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အပျော့စားကနေ သာမန်လှုပ်ရှားမှုလောက်လေး လုပ်ပေးရင်တောင် အဆင်ပြေတယ်။ (ထိုင်နေတာထက်တော့ သာတာပေါ့)
●    ကိုယ်နဲ့သိတဲ့ ကလေးတွေ၊ လူငယ်လူရွယ်တွေ မလှုပ်မရှားဖြစ်နေရင် ပြုပြင်ပြောင်းလဲပေးပါ။ ဘယ်ဆယ်ကျော်သက်ကမှ ကိုယ့်အမေအဖေတွေ၊ ဘိုးဘိုးဘွားဘွားတွေက ကိုယ်လက်လှုပ်ရှားမှုမှာ သူတု့ိထက်သာနေရင် မခံချင်ကြဘူးလေ။ ဒါကြောင့် ကိုယ်က စလုပ်ရင် သူတို့ပါ လိုက်လာမှာပါ။
အရိုးအတွက် အရေးပါတဲ့ အစာအာဟာရတွေကိုလည်း လုံလောက်အောင် စားသောက်ပေးဖို့ လိုအပ်တယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

လတ္တေလာ ေလ့လာမႈေတြအရဆိုရင္ ကေလးေတြနဲ႔ လူငယ္ေတြ၊ အထူးသျဖင့္ မိန္းကေလးငယ္ေလးေတြဟာ အခုေခတ္ပိုင္းမွာ လႈပ္ရွားမႈေတြ နည္းလာၾကတာကို ေတြ႕ရပါတယ္။ တစ္ျခားေလ့လာမႈေတြမွာ လတ္တေလာျဖစ္လာႏိုင္တဲ့ အဝလြန္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ စိတ္ပူပန္လြန္ကဲျခင္း စတဲ့ ေနာက္ဆက္တြဲေတြကို အဓိကေဖာ္ျပထားေပမယ့္ ဒီေဆာင္းပါးမွာေတာ့ ကေလးေတြရဲ႕ အ႐ိုးက်န္းမာေရးနဲ႔ အသက္ႀကီးလာခ်ိန္မွာ အ႐ိုးပြႏိုင္ေျခရွိမရွိကို အဓိက ေဆြးေႏြးသြားပါမယ္ေနာ္။
လႈပ္ရွားမႈ အားနည္းၿပီး အထိုင္မ်ားတဲ့ လူေနမႈပုံစံဟာ ကေလးေတြ၊ ဆယ္ေက်ာ္သက္ေတြနဲ႔ အထူးသျဖင့္ မိန္းကေလးေတြမွာ ျပႆနာႀကီး ျဖစ္လာေနပါတယ္။
အေမရိကန္အမ်ိဳးသား သက္ႀကီး႐ြယ္အိုအဖြဲ႕အစည္း၊ ဂြၽန္ေဟာ့ကင္း ျပည္သူ႔က်န္းမာေရးေက်ာင္းနဲ ေျမာက္ကယ္႐ိုလီးနားျပည္နယ္ တကၠသိုလ္က ေလ့လာသူေတြ ပူးေပါင္းၿပီး အသက္ ၆ ႏွစ္ - ၁၁ ႏွစ္ၾကား ကေလးေတြ၊ ၁၂ ႏွစ္ - ၁၉ ႏွစ္ၾကား ဆယ္ေက်ာ္သက္ေတြ၊ ၂၀ ႏွစ္ - ၂၉ ႏွစ္ၾကား လူငယ္ေတြ၊ ၃၁ ႏွစ္ - ၅၉ ႏွစ္ လူလတ္ပိုင္းေတြနဲ႔ ၆၀ ႏွစ္ - ၈၄ ႏွစ္ သက္ႀကီး႐ြယ္အို စသျဖင့္ အသက္အ႐ြယ္အစုံ လူေပါင္း ၁၂၅၈၉ ေယာက္ရဲ႕ လႈပ္ရွားမႈအဆင့္ကို ေလ့လာၾကည့္ခဲ့ၾကတယ္။ ဒီထဲက တစ္ဝက္ေက်ာ္ေက်ာ္ (၅၁%) ဟာ အမ်ိဳးသမီးေတြပါ။
ဒီေလ့လာမႈမွာ ထိတ္လန႔္တုန္လႈပ္စရာ ေတြ႕ရွိခ်က္တစ္ခုက အသက္ ၆ ႏွစ္ - ၁၁ ႏွစ္ၾကား ၂၅% ေသာ ေယာက္်ားေလးေတြနဲ႔ ၅၀% ေသာ မိန္းကေလးေတြမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး သတ္မွတ္ခ်က္ျဖစ္တဲ့ အသက္ ၅ ႏွစ္ - ၁၇ ႏွစ္ၾကား ကေလးေတြမွာ ေန႔တိုင္းရွိသင့္တဲ့ မိနစ္ ၆၀ ခန႔္ သာမန္ကေန ျပင္းထန္အဆင့္လႈပ္ရွားမႈကို မရွိၾကဘူးလို႔ ဆိုတယ္။ ထင္ထားတာထက္ကို လႈပ္ရွားမႈနည္းပါးေနတာကို ေတြ႕ရတယ္။ ဆယ္ေက်ာ္သက္ေတြမွာဆို ပိုဆိုးပါေသးသတဲ့။ အသက္ ၁၂ - ၁၉ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၅၀% ေက်ာ္ေက်ာ္နဲ႔ မိန္းကေလး ၇၅% ေက်ာ္ေက်ာ္တို႔ဟာလည္း ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း သတ္မွတ္ခ်က္ကို မမွီၾကဘူးဆိုတာကို ေတြ႕ရတယ္။

>>  ဒီလိုကေလးေတြ လူႀကီးျဖစ္လာတဲ့အခါ အ႐ိုးက်န္းမာေရး ဘယ္လိုေနမလဲ?
အ႐ိုးတည္ေဆာက္ေရးရဲ႕ အျမင့္ဆုံးအခ်ိန္ဟာ ဆယ္ေက်ာ္သက္နဲ႔ လူငယ္ဘဝေတြမွာပါ။ ေနာက္ၿပီးေတာ့ အ႐ိုးနဲ႔ႂကြက္သားေတြဟာ သုံးရင္သုံး၊ မသုံးရင္ဆုံးဆိုတဲ့ စနစ္နဲ႔သြားတာမို႔ ေလ့က်င့္ခန္း မလုပ္တဲ့အခါ ႂကြက္သားေတြ လႈပ္ရွားမႈမရွိ၊ ႂကြက္သားမလႈပ္ေတာ့ အ႐ိုးကိုလည္း ျဖစ္ပ်က္ဖို႔၊ သန္မာဖို႔ လႈံ႕ေဆာ္မႈေတြ မျဖစ္ေ့တာ့ဘူး။ ဒါေၾကာင့္ ကေလးငယ္ေလးေတြ၊ အထူးသျဖင့္ ဆယ္ေက်ာ္သက္ေတြ အထိုင္မ်ားၿပီး လႈပ္ရွားမႈနည္းရင္ တစ္ဘဝတာရဲ႕အေရးႀကီးတဲ့ အ႐ိုးတည္ေဆာက္မႈအခ်ိန္မွာ အ႐ိုး ေကာင္းေကာင္း မဖြံ႕ၿဖိဳးေတာ့ဘူးေပါ့။ ဒါေၾကာင့္ ေနာက္ပိုင္း အ႐ိုးဆုံးရႈံးတဲ့ အသက္အ႐ြယ္ကို ေရာက္တဲ့အခါ ခ်န္စရာအ႐ိုး မရွိေတာ့တာေၾကာင့္ အ႐ိုးပြႏႈန္း ပိုမ်ားလာတတ္တယ္။
အထူးသျဖင့္ မိန္းကေလးေတြနဲ႔ လူငယ္အမ်ိဳးသမီးေတြမွာ ပိုေၾကာက္ရတယ္။ လူလတ္ပိုင္းဘဝကို ေရာက္လာၿပီး ေသြးဆုံးတဲ့အခါ အ႐ိုးဆုံးရႈံးမ ႈမ်ားလာတတ္တယ္။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္နဲ႔ လူငယ္ဘဝမွာ အ႐ိုး ေကာင္းေကာင္း ဖြံ႕ၿဖိဳးထားသူေတြမွာ မေထာင္းသာေပမယ့္ ဒီေလ့လာမႈမွာပါတဲ့ မိန္းကေလးေတြလို လႈပ္ရွားမႈနည္းေနရင္ေတာ့ ေနာက္ပိုင္းမွာ ေရရွည္ဆိုးက်ိဳးေတြ ျဖစ္လာတတ္တယ္။
ကေလးဘဝမွာ အ႐ိုးဖြံ႕ၿဖိဳးမႈသိပ္သည္းဆ ၁၀% ေလာက္ မ်ားတဲ့အခါ အ႐ိုးပြႏိုင္ေျခဟာ ၁၃ ႏွစ္ေလာက္ ေနာက္ဆုတ္သြားတယ္လို႔ ဆိုတယ္။

>>  ကေလးေတြရဲ႕ အ႐ိုးက်န္းမာေရးကို ဘယ္လိုကာကြယ္ၾကမလဲ?
●  ကြၽန္မတို႔ရဲ႕ သားသမီးေတြေျမးေလးေတြကို ေစာေစာစီးစီး ေလ့က်င့္ခန္းလုပ္တဲ့အက်င့္ကေလး လုပ္ေပးထားသင့္ပါတယ္။ လူမႈအသိုင္းအဝိုင္းထဲမွာ မိန္းကေလးေတြကို ႏုနယ္တဲ့ပန္းေလးေတြလို တင္စားေပမယ့္ မိန္းကေလးေတြဟာလည္း ေယာက္်ားေလးေတြလိုပဲ ၾကမ္းတမ္းသန္မာႏိုင္ၾကပါတယ္။ ဘဲေလးကတာပဲျဖစ္ျဖစ္၊ ေဘာလုံးကန္တာပဲျဖစ္ျဖစ္ေပါ့။ တစ္ခုခုလုပ္ေနရင္ ေရတိုမွာေရာ၊ ေရရွည္မွာပါ အဆင္ေျပေစပါတယ္။
●    လႈပ္ရွားမႈလို႔ဆိုရာမွာ ၾကမ္းၾကမ္းတမ္းတမ္း ျပင္းျပင္းထန္ထန္ျဖစ္စရာ မလိုဘူး။ ကေလးပဲျဖစ္ျဖစ္၊ လူႀကီးပဲျဖစ္ျဖစ္ အေပ်ာ့စားကေန သာမန္လႈပ္ရွားမႈေလာက္ေလး လုပ္ေပးရင္ေတာင္ အဆင္ေျပတယ္။ (ထိုင္ေနတာထက္ေတာ့ သာတာေပါ့)
●    ကိုယ္နဲ႔သိတဲ့ ကေလးေတြ၊ လူငယ္လူ႐ြယ္ေတြ မလႈပ္မရွားျဖစ္ေနရင္ ျပဳျပင္ေျပာင္းလဲေပးပါ။ ဘယ္ဆယ္ေက်ာ္သက္ကမွ ကိုယ့္အေမအေဖေတြ၊ ဘိုးဘိုးဘြားဘြားေတြက ကိုယ္လက္လႈပ္ရွားမႈမွာ သူတု႔ိထက္သာေနရင္ မခံခ်င္ၾကဘူးေလ။ ဒါေၾကာင့္ ကိုယ္က စလုပ္ရင္ သူတို႔ပါ လိုက္လာမွာပါ။
အ႐ိုးအတြက္ အေရးပါတဲ့ အစာအာဟာရေတြကိုလည္း လုံေလာက္ေအာင္ စားေသာက္ေပးဖို႔ လိုအပ္တယ္ေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)