/
node/9810

သတိထားရမယ့် သွေးလွန်တုပ်ကွေးအန္တရာယ်

Category
ကလေးများနှင့်ကျန်းမာရေး

မိုးလေး တစိုစို၊ လေလေး တဖြူးဖြူး ဖြစ်လာပြီဆိုရင် နောက်ကလိုက်လာတာ သွေးလွန်တုပ်ကွေးပါပဲ။ သွေးလွန်တုပ်ကွေးဆိုတာ အသက်အရွယ်မရွေး၊ အထူးသဖြင့်တော့ ကလေးသူငယ်တွေအတွက် ကြောက်စရာဗိုင်းရပ်စ်ပိုးတစ်မျိုးပဲနော်။
●  သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၄ ယောက်မှာ ၁ ယောက်ဟာ နေမကောင်းဖြစ်ပါလိမ့်မယ်။
●  ဒီလိုနေမကောင်းဖြစ်သူတွေမှာလည်း ရောဂါလက္ခဏာအပြင်းအပျော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
●  အပြင်းသွေးလွန်တုပ်ကွေး အမျိုးအစားကတော့ နာရီပိုင်းအတွင်းမှာတင် အသက်အန္တရာယ် စိုးရိမ်ရပြီး ဆေးရုံတင်ရတတ်ပါတယ်။

>>  ရောဂါလက္ခဏာတွေအနေနဲ့ -
●    သွေးလွန်တုပ်ကွေးရဲ့ အပျော့စားလက္ခဏာတွေဟာ ဖျားနာ၊ ကိုက်ခဲ၊ အနီကွက်ထွက်တာလောက်မို့ တခြားရောဂါတွေနဲ့ မှားနိုင်ပါတယ်။

ဖျားတာအပြင် တခြားဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
●  ပျို့တာ၊ အန်တာ
●  အနီကွက်ထတာ
●  ကိုက်တာခဲတာ (မျက်လုံးအောင့်တာ၊ အဆစ်အမြစ်ကြွက်သားတွေ၊ အရိုးတွေ ကိုက်ခဲတာ)
စတာတွေ ဖြစ်တတ်ပါတယ်။
ပိုးဝင်ပြီး ၂ ရက်ကနေ ၇ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ စပေါ်တတ်ပြီးတော့ တစ်ပတ်လောက်အကြာမှာ သက်သာသွားတတ်ကြပါတယ်။

>>  ဘယ်လိုကုသနိုင်သလဲ?
●  သွေးလွန်တုပ်ကွေးအတွက် သီးသန့်ဆေးရယ်လို့ မရှိပါဘူးနော်။
●  ရောဂါလက္ခဏာတွေကိုပဲ အဓိကကုသပြီး ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
●  ဖျားပဲဖျားဖျား၊ အပေါ်မှာပြောခဲ့တဲ့ သွေးလွန်တုပ်ကွေးလက္ခဏာတွေပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြပါ။
●  တတ်နိုင်သလောက် နားနားနေနေ နေပါ။
●  ဖျားတာနဲ့ နာကျင်ကိုက်ခဲတာတွေ သက်သာအောင် ပါရာစီတမော သောက်ပါ။
အက်စ်ပရင်တို့၊ အိုင်ဗျူ ပရိုဖန်တို့ အကိုက်အခဲပျောက်ဆေးတွေ သွားမသောက်လိုက်ပါနဲ့နော်။
●  ရေနဲ့ဓာတ်ဆားရည်တွေ သောက်ပေးပြီး ရေဓာတ်ပြည့်အောင်နေပါ။
နာရီပိုင်းအတွင်းမှာတင် သွေးလွန်တုပ်ကွေးဟာ အရမ်းပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်အဆင့် သွေးလွန်တုပ်ကွေးဟာ အရေးပေါ်အခြေအနေ ဖြစ်သွားပါပြီ။

Biogesic for kids IA 1

>>  ပြင်းထန်သွေးလွန်တုပ်ကွေး
●  သွေးလွန်တုပ်ကွေးဖြစ်သူ အယောက် ၂၀ မှာ ၁ ယောက်လောက်ဟာ ပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်လာတတ်ပါတယ်။
●  သွေးလန့်တာ၊ ကိုယ်တွင်းသွေးယိုစီးတာတွေနဲ့ အသက်ဆုံးရှုံးရသည်အထိကို ဖြစ်နိုင်ပါတယ်။
●  အထူးသဖြင့် အရင်က သွေးလွန်တုပ်ကွေး ဖြစ်ဖူးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
●  မွေးကင်းစကလေးလေးတွေနဲ့ ကိုယ်ဝန်ဆောင်မေမေတို့ဟာလည်း ပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်နိုင်သူတွေပါပဲ။
ပြင်းထန်သွေးလွန်တုပ်ကွေးရဲ့ သတိထားရမယ့် လက္ခဏာတွေကတော့ အဖျားကျသွားပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အောက်ပါလက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး ဖြစ်လာပြီဆိုတာနဲ့ ဆရာဝန်နဲ့သွားပြဖို့ လိုပြီပေါ့။
●  ဗိုက်အောင့်ခြင်း
●  အန်ခြင်း (၂၄ နာရီအတွင်းမှာ အနည်းဆုံး ၃ ကြိမ်)
●  နှာခေါင်းနဲ့ သွားဖုံးကနေ သွေးယိုခြင်း
●  သွေးအန်ခြင်း၊ ဝမ်းထဲသွေးပါခြင်း
●  ပင်ပန်းနွမ်းနယ်နေခြင်း၊ ဂနာမငြိမ်ခြင်း

>>  ပြင်းထန်သွေးလွန်တုပ်ကွေးကိုဘယ်လိုကုသကြမလဲ?
●  ပြင်းထန်အဆင့်လက္ခဏာတွေ ပြလာပြီဆိုတာနဲ့ အရေးပေါ်ကိုသ ွားပါ။
●  အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်းကုသမှုခံယူဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

မိုးေလး တစိုစို၊ ေလေလး တျဖဴးျဖဴး ျဖစ္လာၿပီဆိုရင္ ေနာက္ကလိုက္လာတာ ေသြးလြန္တုပ္ေကြးပါပဲ။ ေသြးလြန္တုပ္ေကြးဆိုတာ အသက္အ႐ြယ္မေရြး၊ အထူးသျဖင့္ေတာ့ ကေလးသူငယ္ေတြအတြက္ ေၾကာက္စရာဗိုင္းရပ္စ္ပိုးတစ္မ်ိဳးပဲေနာ္။
●  ေသြးလြန္တုပ္ေကြး ကူးစက္ခံရသူ ၄ ေယာက္မွာ ၁ ေယာက္ဟာ ေနမေကာင္းျဖစ္ပါလိမ့္မယ္။
●  ဒီလိုေနမေကာင္းျဖစ္သူေတြမွာလည္း ေရာဂါလကၡဏာအျပင္းအေပ်ာ့ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။
●  အျပင္းေသြးလြန္တုပ္ေကြး အမ်ိဳးအစားကေတာ့ နာရီပိုင္းအတြင္းမွာတင္ အသက္အႏၲရာယ္ စိုးရိမ္ရၿပီး ေဆး႐ုံတင္ရတတ္ပါတယ္။

>>  ေရာဂါလကၡဏာေတြအေနနဲ႔ -
●    ေသြးလြန္တုပ္ေကြးရဲ႕ အေပ်ာ့စားလကၡဏာေတြဟာ ဖ်ားနာ၊ ကိုက္ခဲ၊ အနီကြက္ထြက္တာေလာက္မို႔ တျခားေရာဂါေတြနဲ႔ မွားႏိုင္ပါတယ္။

ဖ်ားတာအျပင္ တျခားျဖစ္ေလ့ရွိတဲ့ ေရာဂါလကၡဏာေတြကေတာ့ -
●  ပ်ိဳ႕တာ၊ အန္တာ
●  အနီကြက္ထတာ
●  ကိုက္တာခဲတာ (မ်က္လုံးေအာင့္တာ၊ အဆစ္အျမစ္ႂကြက္သားေတြ၊ အ႐ိုးေတြ ကိုက္ခဲတာ)
စတာေတြ ျဖစ္တတ္ပါတယ္။
ပိုးဝင္ၿပီး ၂ ရက္ကေန ၇ ရက္အတြင္းမွာ ေရာဂါလကၡဏာေတြ စေပၚတတ္ၿပီးေတာ့ တစ္ပတ္ေလာက္အၾကာမွာ သက္သာသြားတတ္ၾကပါတယ္။

>>  ဘယ္လိုကုသႏိုင္သလဲ?
●  ေသြးလြန္တုပ္ေကြးအတြက္ သီးသန႔္ေဆးရယ္လို႔ မရွိပါဘူးေနာ္။
●  ေရာဂါလကၡဏာေတြကိုပဲ အဓိကကုသၿပီး ဆရာဝန္နဲ႔ျပဖို႔ လိုပါတယ္။
●  ဖ်ားပဲဖ်ားဖ်ား၊ အေပၚမွာေျပာခဲ့တဲ့ ေသြးလြန္တုပ္ေကြးလကၡဏာေတြပဲျဖစ္ျဖစ္ ဆရာဝန္နဲ႔ျပပါ။
●  တတ္ႏိုင္သေလာက္ နားနားေနေန ေနပါ။
●  ဖ်ားတာနဲ႔ နာက်င္ကိုက္ခဲတာေတြ သက္သာေအာင္ ပါရာစီတေမာ ေသာက္ပါ။
အက္စ္ပရင္တို႔၊ အိုင္ဗ်ဴ ပ႐ိုဖန္တို႔ အကိုက္အခဲေပ်ာက္ေဆးေတြ သြားမေသာက္လိုက္ပါနဲ႔ေနာ္။
●  ေရနဲ႔ဓာတ္ဆားရည္ေတြ ေသာက္ေပးၿပီး ေရဓာတ္ျပည့္ေအာင္ေနပါ။
နာရီပိုင္းအတြင္းမွာတင္ ေသြးလြန္တုပ္ေကြးဟာ အရမ္းျပင္းထန္လာႏိုင္ပါတယ္။ ျပင္းထန္အဆင့္ ေသြးလြန္တုပ္ေကြးဟာ အေရးေပၚအေျခအေန ျဖစ္သြားပါၿပီ။

>>  ျပင္းထန္ေသြးလြန္တုပ္ေကြး
●  ေသြးလြန္တုပ္ေကြးျဖစ္သူ အေယာက္ ၂၀ မွာ ၁ ေယာက္ေလာက္ဟာ ျပင္းထန္ေသြးလြန္တုပ္ေကြး ျဖစ္လာတတ္ပါတယ္။
●  ေသြးလန႔္တာ၊ ကိုယ္တြင္းေသြးယိုစီးတာေတြနဲ႔ အသက္ဆုံးရႈံးရသည္အထိကို ျဖစ္ႏိုင္ပါတယ္။
●  အထူးသျဖင့္ အရင္က ေသြးလြန္တုပ္ေကြး ျဖစ္ဖူးသူေတြမွာ ပိုျဖစ္တတ္ပါတယ္။
●  ေမြးကင္းစကေလးေလးေတြနဲ႔ ကိုယ္ဝန္ေဆာင္ေမေမတို႔ဟာလည္း ျပင္းထန္ေသြးလြန္တုပ္ေကြး ျဖစ္ႏိုင္သူေတြပါပဲ။
ျပင္းထန္ေသြးလြန္တုပ္ေကြးရဲ႕ သတိထားရမယ့္ လကၡဏာေတြကေတာ့ အဖ်ားက်သြားၿပီး ၂၄ နာရီကေန ၄၈ နာရီအတြင္းမွာ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ေအာက္ပါလကၡဏာေတြကို သတိထားေစာင့္ၾကည့္ၿပီး ျဖစ္လာၿပီဆိုတာနဲ႔ ဆရာဝန္နဲ႔သြားျပဖို႔ လိုၿပီေပါ့။
●  ဗိုက္ေအာင့္ျခင္း
●  အန္ျခင္း (၂၄ နာရီအတြင္းမွာ အနည္းဆုံး ၃ ႀကိမ္)
●  ႏွာေခါင္းနဲ႔ သြားဖုံးကေန ေသြးယိုျခင္း
●  ေသြးအန္ျခင္း၊ ဝမ္းထဲေသြးပါျခင္း
●  ပင္ပန္းႏြမ္းနယ္ေနျခင္း၊ ဂနာမၿငိမ္ျခင္း

>>  ျပင္းထန္ေသြးလြန္တုပ္ေကြးကိုဘယ္လိုကုသၾကမလဲ?
●  ျပင္းထန္အဆင့္လကၡဏာေတြ ျပလာၿပီဆိုတာနဲ႔ အေရးေပၚကိုသ ြားပါ။
●  အေရးေပၚအေျခအေနျဖစ္ၿပီး ခ်က္ခ်င္းကုသမႈခံယူဖို႔ လိုပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)