/
node/9847

ညဘက်မှာ အိပ်ရေးကောင်းကောင်းဝစေဖို့ လျှို့ဝှက်ချက် (၈) ခု

Category
အမျိုးသားများနှင့်ကျန်းမာရေး

ညဘက်မှာ အိပ်မပျော်နိုင် တလူးလူး တလိမ့်လိမ့်နဲ့ မနက်နိုးလာရင် စိတ်မကြည်၊ ငြီးစီစီကြီးဖြစ်နေပြီလား။ တစ်ခါတစ်ခါ ညအိပ်မပျော်တာမျိုးကတော့ သူသူငါငါ ရှိတတ်ကြပေမယ့် ညဆက်ဖြစ်လာရင်တော့ စိုးရိမ်ရပါတယ်။ နုံးပြီး စိတ်မကြည်စေတာအပြင် အဝလွန်ခြင်း၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နှုန်းတွေကိုပါ များလာစေနိုင်စွမ်း ရှိပါတယ်။
ဒါ့ကြောင့် ဒီနည်းလမ်းလေးတွေနဲ့ အိပ်ရေး၀၀ အိပ်ပျော်သွားအောင် အရင်ကြိုးစားကြည့်ပါနော်။

၁။  လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းဟာ သဘာဝအိပ်စေတဲ့ဟော်မုန်း မယ်လတိုနင်ရဲ့အစွမ်းကို တိုးစေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဘယ်အချိန်ပဲအားအား အချိန်လေးရတာနဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပါ။

၂။  အိပ်ရာကို ညအိပ်ဖို့ပဲသုံးပါ။
အိပ်ရာပေါ်မှာ ဖုန်းပြောတာ၊ အီးမေးလ်တွေပြန်တာမျိုး မလုပ်ပါနဲ့။ အိပ်ရာပေါ်လှဲရင်း တီဗီကြည့်တာမျိုးလည်း မလုပ်ပါနဲ့။ အိပ်ရာမြင်ရင် အိပ်ချင်စိတ်ပဲ ဖြစ်ရမှာပါ။ ဒါကြောင့် အိပ်ရာပေါ်မှာ အိပ်တာကလွဲရင် ဘာမှမလုပ်ပါနဲ့။

၃။  သက်သောင့်သက်သာဖြစ်အောင်ထားပါ။
အိပ်ခန်းထဲမှာ အိပ်မပျော်အောင် လှုံ့ဆွတာ တီဗီတစ်ခုတည်း မဟုတ်ပါဘူး။ အခန်းအပူချိန်ကလည်း အအိပ်အနေကို လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် အိပ်ခန်းကို သက်သောင့်သက်သာဖြစ်အောင် တတ်နိုင်သလောက်ထားပါ။ ဆိတ်ငြိမ်အေးမြ မှောင်မိုက်တဲ့အခန်းတစ်ခန်းက အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

၄။  အိပ်ခါနီး လုပ်ရိုးလုပ်စဉ်ထားပါ။
ကလေးဘဝတုန်းက အိပ်ခါနီး အမေက ပုံပြင်ပြောပြပြီး စောင်လေးခြုံပေးတဲ့အခါ သက်သောင့်သက်သာဖြစ်ပြီး အိပ်ပျော်သလိုပဲပေါ့။ လူကြီးဘဝမှာလည်း ဒီလိုညဘက်အိပ်ခါနီး လုပ်ရိုးလုပ်စဉ် လုပ်ကိုင်ပေးခြင်းက အိပ်ပျော်ဖို့ကို အားပေးပါတယ်။ နို့နွေးနွေးလေးတစ်ခွက် သောက်လိုက်တာ၊ ရေချိုးတာ၊ သီချင်းနားထောင်တာ စသဖြင့်ပေါ့။

Revicon 1

၅။  စားပါ။ အများကြီးတော့ မစားပါနဲ့။
ဗိုက် တကြုတ်ကြုတ်ဆာနေရင် အိပ်မပျော်စေသလိုဘဲ ဗိုက်ကြီး တင်းကားနေရင်လည်း အိပ်မပျော်ပြန်ပါဘူး။ ဒါကြောင့် အိပ်ချိန်မတိုင်မီ ၂ နာရီ၊ ၃ နာရီအတွင်း ညစာ မစားပါနဲ့။ ဒါကြောင့် အိပ်ရာမဝင်ခင် ဗိုက်ဆာရင် ပန်းသီးတို့၊ ကရက်ကာတို့ နည်းနည်းပါးပါး အဆာခံအောင်လောက်သာ စားပေးပါ။

၆။  အရက်နဲ့ကဖိန်းကို ရှောင်ပါ။
မအိပ်ခင်စားတဲ့ အဆာပြေထဲမှာ ဝိုင်တို့၊ ချော့ကလက်တို့ မပါပါစေနဲ့။ ချော့ကလက်မှာ စိတ်ကိုလှုံ့ဆော်ပေးတဲ့ ကဖိန်းဓာတ်ပါပါတယ်။ အရက်လည်း အလားတူပါပဲ။ အရက်က လူကိုအိပ်ပျော်စေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ညဘက်မအိပ်အောင် လှုံ့ဆော်ပေးပါတယ်။ အချဉ်စူး၊ အစပ်စူးတာတွေကိုလည်း ရှောင်ပေးပါ။

၇။  စိတ်ဖိစီးမှုကို လျှော့ချပါ။
နေ့ဘက်မှာဖြစ်ခဲ့တဲ့ စိုးရိမ်မှုတွေဟာ ညဘက်အထိပါ လိုက်ပြီးဒုက္ခပေးတတ်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ကိုလှုံ့ဆော်ပေးတဲ့အတွက် မအိပ်ခင်မှာ စိတ်ကို ဖြေလျော့ပေးဖို့ လိုပါတယ်။ စိတ်ကို ပြေလျော့စေတဲ့နည်းလမ်းတွေက ညဘက်ကို အိပ်ချင်စေရုံတင်မကဘဲ နေ့ဘက်မှာ စိတ်လှုပ်ရှားမှုတွေကိုပါ ပြေပျောက်စေနိုင်ပါတယ်။

၈။  ဆရာဝန်နဲ့ ပြကြည့်ပါ။
ခြေထောက်ကို လှုပ်ချင်နေတာ၊ ဟောက်တာ၊ ဗိုက်၊ ရင်ဘတ်နဲ့ လည်ချောင်းထဲမှာ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေဟာ အိပ်ရေးပျက်စေတတ်တဲ့ အဖြစ်များတဲ့ရောဂါ ၃ မျိုး ခြေထောက်အငြိမ်မနေနိုင်တဲ့ရောဂါ၊ အိပ်ချိန် အသက်ရှူရပ်ရပ်သွားတဲ့ရောဂါ၊ အစာအိမ်အက်ဆစ် ပြန်ဆန်တက်တဲ့ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကြောင့် အိပ်မပျော်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါလို့ တိုက်တွန်းပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Revicon 2

(Zawgyi)

ညဘက္မွာ အိပ္မေပ်ာ္ႏိုင္ တလူးလူး တလိမ့္လိမ့္နဲ႔ မနက္ႏိုးလာရင္ စိတ္မၾကည္၊ ၿငီးစီစီႀကီးျဖစ္ေနၿပီလား။ တစ္ခါတစ္ခါ ညအိပ္မေပ်ာ္တာမ်ိဳးကေတာ့ သူသူငါငါ ရွိတတ္ၾကေပမယ့္ ညဆက္ျဖစ္လာရင္ေတာ့ စိုးရိမ္ရပါတယ္။ ႏုံးၿပီး စိတ္မၾကည္ေစတာအျပင္ အဝလြန္ျခင္း၊ ႏွလုံးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါျဖစ္ႏႈန္းေတြကိုပါ မ်ားလာေစႏိုင္စြမ္း ရွိပါတယ္။
ဒါ့ေၾကာင့္ ဒီနည္းလမ္းေလးေတြနဲ႔ အိပ္ေရး၀၀ အိပ္ေပ်ာ္သြားေအာင္ အရင္ႀကိဳးစားၾကည့္ပါေနာ္။

၁။  ေလ့က်င့္ခန္းလုပ္ပါ။
ေလ့က်င့္ခန္းဟာ သဘာဝအိပ္ေစတဲ့ေဟာ္မုန္း မယ္လတိုနင္ရဲ႕အစြမ္းကို တိုးေစတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ဘယ္အခ်ိန္ပဲအားအား အခ်ိန္ေလးရတာနဲ႔ ေလ့က်င့္ခန္းတစ္မ်ိဳးမ်ိဳးလုပ္ပါ။

၂။  အိပ္ရာကို ညအိပ္ဖို႔ပဲသုံးပါ။
အိပ္ရာေပၚမွာ ဖုန္းေျပာတာ၊ အီးေမးလ္ေတြျပန္တာမ်ိဳး မလုပ္ပါနဲ႔။ အိပ္ရာေပၚလွဲရင္း တီဗီၾကည့္တာမ်ိဳးလည္း မလုပ္ပါနဲ႔။ အိပ္ရာျမင္ရင္ အိပ္ခ်င္စိတ္ပဲ ျဖစ္ရမွာပါ။ ဒါေၾကာင့္ အိပ္ရာေပၚမွာ အိပ္တာကလြဲရင္ ဘာမွမလုပ္ပါနဲ႔။

၃။  သက္ေသာင့္သက္သာျဖစ္ေအာင္ထားပါ။
အိပ္ခန္းထဲမွာ အိပ္မေပ်ာ္ေအာင္ လႈံ႕ဆြတာ တီဗီတစ္ခုတည္း မဟုတ္ပါဘူး။ အခန္းအပူခ်ိန္ကလည္း အအိပ္အေနကို လႊမ္းမိုးမႈရွိပါတယ္။ ဒါေၾကာင့္ အိပ္ခန္းကို သက္ေသာင့္သက္သာျဖစ္ေအာင္ တတ္ႏိုင္သေလာက္ထားပါ။ ဆိတ္ၿငိမ္ေအးျမ ေမွာင္မိုက္တဲ့အခန္းတစ္ခန္းက အိပ္ခ်င္စိတ္ကို လႈံ႕ေဆာ္ေပးပါတယ္။

၄။  အိပ္ခါနီး လုပ္႐ိုးလုပ္စဥ္ထားပါ။
ကေလးဘဝတုန္းက အိပ္ခါနီး အေမက ပုံျပင္ေျပာျပၿပီး ေစာင္ေလးၿခဳံေပးတဲ့အခါ သက္ေသာင့္သက္သာျဖစ္ၿပီး အိပ္ေပ်ာ္သလိုပဲေပါ့။ လူႀကီးဘဝမွာလည္း ဒီလိုညဘက္အိပ္ခါနီး လုပ္႐ိုးလုပ္စဥ္ လုပ္ကိုင္ေပးျခင္းက အိပ္ေပ်ာ္ဖို႔ကို အားေပးပါတယ္။ ႏို႔ေႏြးေႏြးေလးတစ္ခြက္ ေသာက္လိုက္တာ၊ ေရခ်ိဳးတာ၊ သီခ်င္းနားေထာင္တာ စသျဖင့္ေပါ့။

၅။  စားပါ။ အမ်ားႀကီးေတာ့ မစားပါနဲ႔။
ဗိုက္ တၾကဳတ္ၾကဳတ္ဆာေနရင္ အိပ္မေပ်ာ္ေစသလိုဘဲ ဗိုက္ႀကီး တင္းကားေနရင္လည္း အိပ္မေပ်ာ္ျပန္ပါဘူး။ ဒါေၾကာင့္ အိပ္ခ်ိန္မတိုင္မီ ၂ နာရီ၊ ၃ နာရီအတြင္း ညစာ မစားပါနဲ႔။ ဒါေၾကာင့္ အိပ္ရာမဝင္ခင္ ဗိုက္ဆာရင္ ပန္းသီးတို႔၊ ကရက္ကာတို႔ နည္းနည္းပါးပါး အဆာခံေအာင္ေလာက္သာ စားေပးပါ။

၆။  အရက္နဲ႔ကဖိန္းကို ေရွာင္ပါ။
မအိပ္ခင္စားတဲ့ အဆာေျပထဲမွာ ဝိုင္တို႔၊ ေခ်ာ့ကလက္တို႔ မပါပါေစနဲ႔။ ေခ်ာ့ကလက္မွာ စိတ္ကိုလႈံ႕ေဆာ္ေပးတဲ့ ကဖိန္းဓာတ္ပါပါတယ္။ အရက္လည္း အလားတူပါပဲ။ အရက္က လူကိုအိပ္ေပ်ာ္ေစတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ ညဘက္မအိပ္ေအာင္ လႈံ႕ေဆာ္ေပးပါတယ္။ အခ်ဥ္စူး၊ အစပ္စူးတာေတြကိုလည္း ေရွာင္ေပးပါ။

၇။  စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။
ေန႔ဘက္မွာျဖစ္ခဲ့တဲ့ စိုးရိမ္မႈေတြဟာ ညဘက္အထိပါ လိုက္ၿပီးဒုကၡေပးတတ္ပါတယ္။ စိတ္ဖိစီးမႈက စိတ္ကိုလႈံ႕ေဆာ္ေပးတဲ့အတြက္ မအိပ္ခင္မွာ စိတ္ကို ေျဖေလ်ာ့ေပးဖို႔ လိုပါတယ္။ စိတ္ကို ေျပေလ်ာ့ေစတဲ့နည္းလမ္းေတြက ညဘက္ကို အိပ္ခ်င္ေစ႐ုံတင္မကဘဲ ေန႔ဘက္မွာ စိတ္လႈပ္ရွားမႈေတြကိုပါ ေျပေပ်ာက္ေစႏိုင္ပါတယ္။

၈။  ဆရာဝန္နဲ႔ ျပၾကည့္ပါ။
ေျခေထာက္ကို လႈပ္ခ်င္ေနတာ၊ ေဟာက္တာ၊ ဗိုက္၊ ရင္ဘတ္နဲ႔ လည္ေခ်ာင္းထဲမွာ ပူစပ္ပူေလာင္ျဖစ္တာမ်ိဳးေတြဟာ အိပ္ေရးပ်က္ေစတတ္တဲ့ အျဖစ္မ်ားတဲ့ေရာဂါ ၃ မ်ိဳး ေျခေထာက္အၿငိမ္မေနႏိုင္တဲ့ေရာဂါ၊ အိပ္ခ်ိန္ အသက္႐ွဴရပ္ရပ္သြားတဲ့ေရာဂါ၊ အစာအိမ္အက္ဆစ္ ျပန္ဆန္တက္တဲ့ေရာဂါေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလကၡဏာေတြေၾကာင့္ အိပ္မေပ်ာ္ဘူးဆိုရင္ ဆရာဝန္နဲ႔ ျပၾကည့္ပါလို႔ တိုက္တြန္းပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)