/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နဲ့လက်ဖက်ရည်

ကိုယ်ဝန်ဆောင်နဲ့လက်ဖက်ရည်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်​ဝန်​သည်​​မေ​မေတို့ဟာ ကိုယ်​ဝန်​စလွယ်​စဉ်​ကာလမှာကတည်​းက အ​ပြောင်​းအလဲအများကြီးနဲ့ ကြုံ​တွေ့ကြရပါတယ်​။ အစားအစာတစ်​ချို့ကို​ရှောင်​ကြဉ်​ရတာ၊ ကဖိန်​းဓာတ်​ကို သတိထားရတာ၊ အရက်​၊​ဆေးလိပ်​တို့ကို ​ရှောင်​ကြဉ်​ရတာ၊ ​ဆေးအများစုကို ​ရှောင်​ရတာ စတာ​တွေကို ကြုံရပါတယ်​။ သတိမထားမိတဲ့ အရာတစ်​ခုက​တော့ လက်​ဖက်​ရည်​ပဲဖြစ်​ပါတယ်​။

>> ဂျင်​းလက်​ဖက်​ရည်​ကြမ်​းဟာ မနက်​ခင်​းပျို့အန်​ခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။

 

     ဂျင်​းလက်​ဖက်​ရည်​ကြမ်​းဟာ အလွန်​အကျွံ​သောက်​သုံးတာမဟုတ်​ပဲ ပုံမှန်​​လေး​သောက်​​ပေးရင်​ ပျို့အန်​ခြင်​း နဲ့ ကိုယ်​ဝန်​အ​စောပိုင်​းသားအိမ်​ကြုံ့ခြင်​း​တွေကို သက်​သာ​ပျောက်​ကင်​း​စေနိုင်​ပါတယ်​။

       ဂျင်​းကအစာအိမ်​ကို အကျိုးပြုတဲ့အတွက်​ ပျို့အန်​​နေသူ မိခင်​​လောင်​း​တွေအတွက်​ အထူးသင်​့​တော်​ပါတယ်​။

 

>> လက်​ဖက်​ရည်ကျကျကိ​ုအလွန်​အကျွံမ​သောက်​ပါနဲ့။

 

       လက်​ဖက်​ရည်​ကျကျကို ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ လုံးဝ​ရှောင်​စရာမလို​ပေမယ်​့ ကဖိန်​းဓာတ်​ပါတဲ့အတွက်​ အများကြီး​မ​သောက်​မိပါ​စေနဲ့။ တစ်​​နေ့ကို ၄ခွက်​ထက်​​တော့ ပိုမ​သောက်​သင်​့ပါဘူး။

ဒါ့အပြင်​ ကဖိန်​းဓာတ်​ကိုလည်​း ​လျော့​သောက်​သင်​့ပါတယ်​။ ကဖိန်​းပါတဲ့ လက်​ဖက်​ရည်​အစား ကဖိန်​းဓာတ်​မပါတဲ့ လက်​ဖက်​ရည်​မျိုးကို ​ရွေးချယ်​​သောက်​သုံး​ပေးရင်​ ပို​ကောင်​းပါတယ်​။

>> Green Tea ဟာလည်​း ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ အလွန်​အကျွံမ​သောက်​သုံးသင်​့ပါဘူး။

 

      ပုံမှန်​လေးသောက်​နိုင်​​ပေမယ်​့ ကဖိန်​းဓာတ်​ပါဝင်​တဲ့အတွက်​ အများကြီးမ​သောက်​ပါနဲ့။ ​လျေ့ာ​သောက်​​ပေးပြီး ဖြစ်​နိုင်​ရင်​ ကဖိန်​းဓာတ်​မပါတဲ့အမျိုးအစားကို ​ရွေး​သောက်​​ပေးပါ။

 

>> ကိုယ်​ဝန်​​ဆောင်​ပထမကာလမှာ ပူစီနံလက်​ဖက်​ရည်​ကြမ်​းကို ​ရှောင်​​ပေး​စေချင်​ပါတယ်​။

 

          ကိုယ်​ဝန်​ပထမပိုင်​းကာလဟာ ကိုယ်​ဝန်​ပျက်​ကျနိုင်​​ခြေ အများဆုံးကာလဖြစ်​ပြီး ပူစီနံက သားအိမ်​ကျုံ့ခြင်​းကို ဖြစ်​​စေတာ​ကြောင်​့ ဖြစ်​ပါ့တယ်​။

         

>> နွယ်​ချိုလိုမျိုး ဟင်​းခတ်​အ​မွေးအကြိုင်​တစ်​ချို့ကို ​ရှောင်​ပါ။

 

          လက်​ဖက်​ရည်​ကို ကဖိန်​းဓာတ်​သတိထားပြီး ​တော်​သင်​့ရုံ​သောက်​မယ်​ဆိုရင်​ ​သောက်​နိုင်​​သေး​ပေမယ်​့ တစ်​ချို့ဟင်​းခတ်​အ​မွေး​တွေက​တော့ လုံးဝ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

          နွယ်​ချိုမှာ အီစထရိုဂျင်​အစွမ်​းရှိတဲ့အတွက်​ လမ​စေ့ပဲ​မွေးတာမျိုး၊ က​လေးအင်္ဂါမစုံတာမျိုးထိ​တောင်​ ဖြစ်​နိုင်​တာ​ကြောင်​့ နွယ်​ချိုလက်​ဖက်​ရည်​ကြမ်​းကို ​ရှောင်​သင်​့ပါတယ်​။ Cohosh ဟင်​းခတ်​ရွက်​တစ်​မျိုးနဲ့ Dong Quaiတရုတ်​ရိုးရာလက်​ဖက်​ရည်​​တွေဟာလည်​း ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ သားအိမ်​ကျုံ့​စေနိုင်​တာ​ကြောင်​့ ကိုယ်​ဝန်​ပျက်​ကျခြင်​း၊ ​လမ​စေ့ပဲ​မွေးခြင်​းတို့ ဖြစ်​​ပေါ်​စေနိုင်​ပါတယ်​။ ဂျင်​စင်​းလက်​ဖက်​ရည်​ဟာလည်း က​လေးမှာ ​မွေးရာပါချို့ယွင်​းချက်​​တွေ၊ ​ဖွံ့ဖြိုးမှုချို့ယွင်​းတာမျိုး​တွေ ဖြစ်​​စေနိုင်​ပါတယ်​။

      သစ်​ကြံပိုးနဲ့ နာနတ်​ပွင်​့တို့ဟာလည်​း သားအိမ်​ကျုံ့​စေ၊ညှစ်​​စေနိုင်​တာ​ကြောင်​့ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ သတိထား​ရှောင်​ရှားသင်​့ပါတယ်​။ တစ်​ခါတစ်​ရံ လက်​ဖက်​ရည်​ကြမ်​းမှာ သစ်​ကြမ်​းပိုး​ခြောက်​ ထည်​့တည်​တတ်​တာ​ကြောင်​့ သတိပြု​ပေးသင်​့ပါတယ်​။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)