/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတို့-အန်တာသက်သာစေဖို့

ကိုယ်ဝန်ဆောင်မေမေတို့ အန်တာသက်သာစေဖို့

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

      ကိုယ်​ဝန်​​ဆောင်​ ​​ရှေ့ပိုင်​းကာလ​တွေမှာ ပျို့ချင်​အန်​ချင်​ ဖြစ်​တတ်​ကြပါတယ်​။ ဒီလို ​ဝေဒနာ​တွေ သက်​သာ​စေဖို့…

 

အစာမစားခင်​ ​ရေ​သောက်​ပါ။

     ဗိုကိပြည်​့တင်​း​နေခြင်​းဟာ ပျို့အန်​ချင်​စိတ်​ဖြစ်​​စေပါတယ်​။ ဒါ​ကြောင်​့ အစာမစားခင်​ မိနစ်​၃၀ခန်​့ကြိုပြီး ​ရေ​သောက်​သင်​့ပါတယ်​။ ဒါ​ပေမယ်​့ ဗိုက်​ပြည်​့​အောင်​ မ​သောက်​မိဖို့ကိုလည်​း သတိပြုသင်​့ပါတယ်​။ ​ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​ရေဓာတ်​ပြည်​့ဝဖို့ကလည်း အ​ရေးကြီးတဲ့အတွက်​ ​တစ်​​နေ့တာ ရေကို လုံ​လောက်​စွာ ​သောက်​သုံးသင်​့ပါတယ်​။

 

နည်​းနည်​းစီ မကြာခဏစား​ပေးပါ။

       ဗိုက်​​ဟောင်​း​လောင်​​း​နေခြင်​းက ပျို့အန်​ခြင်​းကို ပိုဆိုး​စေပါတယ်​။ ဒါ​ကြောင့် ​တစ်​​နေကုန်​ နည်​းနည်​းစီ စား​ပေးခြင်​းက ဗိုက်​ပြည်​့​စေပြီး ​သွေးတွင်းအချိုဓာတ်​ကို ငြိမ်​​စေနိုင်​ပါတယ်​။ အရသာသိပ်​မပါတဲ့ ကရက်​ကာလိုမျိုးကို ပုံမှန်​စား​ပေးပါ။

 

အစာကို ​အေး​အေးစားပါ။

         ဟင်​းနံ့​တွေက ပျို့အန်​​ချင်​စိတ်​ကို ဖြစ်​​ပေါ်​စေတတ်​ပါတယ်​။ ဒါ​ကြောင့် မနက်​ခင်​းပျို့အန်​တာ​တွေ သက်​သာတဲ့အချိန်​အထိ ထမင်​းဟင်​းကို မ​နွှေးပဲ ​အေး​အေးသာ​စား​ပေးပါ။ အသားဓာတ်​​ ပရိုတင်​းနဲ့ ဗီတာမင်​ B6 တို့ ​သောက်​​ပေးနိုင်​ပါတယ်​။

       အသားဓာတ်​ပြည်​့ဝပြီး ဗီတာမင်​ B6 ပါဝင်​တဲ့ အ​စေ့အနံ​ှ​တွေစား​ပေးပါ။ ပျို့​စေနိုင်​တဲ့ အဆီများပြီး ပြစ်​တဲ့အစား​အ​သောက်​​တွေ၊ ချဉ်​ချဉ်​စပ်​စပ်​​တွေကို ​ရှောင်သင်​့ပါတယ်​။

ဂျင်​းစားပါ။

        ဂျင်​းနည်​းနည်​းစီစား​ပေးခြင်​းက အစာအိမ်​ကို သက်​သာ​စေပါတယ်​။ ဂျင်​းတက်​အနည်​းငယ်​ကို ကြိတ်​ပြီး ​ရေ​နွေးထဲထည်​့​သောက်​နိုင်​ပါတယ်​။ သို့မဟုတ်​ ဂျင်​းနှပ်​တို့ ဂျင်​းဇီးပြားတို့ လုပ်​စားနိုင်​ပါတယ်​။ ဂျင်​း​ဆေး​တောင်​့အာ​း​ဆေး​တွေလည်​း ရှိပါ​သေးတယ်​။ ဒါ​ပေမယ်​့ ကျန်​းမာ​ရေးဝန်​ထမ်​းများကို ​မေးမြန်​းပြီးမှ ​သောက်​သင်​့ပါတယ်​။

 

အိပ်​ရာမထခင်​ မနက်​စာစားပါ။

       အိပ်​ရာထဲက​နေ အစာမစားပဲ ထပါက မနက်​ခင်​းပျို့အန်​ချင်​စိတ်​ကို ဖြစ်​​ပေါ်​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ​ပေါင်​မုန်​့ဖြစ်​ဖြစ်​ ကရက်​ကာမုန်​့ဖြစ်​ဖြစ် တစ်​ခုခု​ဆောင်​ထားပြီး မထခင်​စား​ပေးသင်​့ပါတယ်​။

 

ဘယ်​အချိန်​မှာ ပျို့အန်​တတ်​တယ်​ဆိုတာ မှတ်​သားထားပါ။

       ဒီလို မှတ်​သားထားခြင်​းဖြင်​့ ဘယ်​အချိန်​မှာ အန်​တတ်​ပြီး ဘယ်​အချိန်​မှာ အစာစားသင်​့တယ်​ဆိုတာကို ခန်​့မှန်​း​နိုင်​ပါတယ်​။​

 

ဗီတာမင်​အား​ဆေးများ​သောက်​ပါ။

       ညဘက်​မအိပ်​ခင်​ ကိုယ်​ဝန်​​ဆောင်အား​ဆေးများကို အစာ​လေးနဲ့တွဲစား​ပေးခြင်​းက မနက်​ဘက်​မှာ ပျို့အန်​ခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။

 

နားနား​နေ​နေ ​နေပါ။

      စိတ်​ဖိစီးမှုနဲ့ ပင်​ပန်​းနွမ်​းနယ်​မှုတို့က ပျို့အန်​ခြင်​းကို ပိုဆိုး​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ​ကောင်​းမွန်​စွာ​ အိပ်​စက်​အနားယူပါ။

 

အခြားနည်​းလမ်​းများ ​ပြောင်းလဲကုသကြည်​့ပါ။

      အပ်စိုက်​ကုသခြငး်​၊ အပူထုတ်​ကုသခြင်​း၊ အ​ကြော​ပြေ​လျော့ကုသခြင်​းနဲ့ အနံ့ကုသခြင်​းတို့က ပျို့အန်​ခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။ အ​တွေ့အကြုံများပြီး ကျွမ်​းကျင်​သူများနဲ ့​တွေ့ဆုံကုသသင့်ပါတယ်​။

 

မိတ်​​ဆွေသူငယ်​ချင်​းနဲ့ စကား​ပြောပါ။

     မနက်​ခင်​းတိုင်​း ပျို့အန်​ပြီး မစားချင်​မ​သောက်​ချင် ဖြစ်​​နေတာဟာ စိတ်​ညစ်​ညူးစရာ ​ကောင်​းလှပါတယ်​။​ မိသားစု၊ မိတ်​​ဆွေသူငယ်​ချင်​းများနဲ့ စကား​ပြောခြင်​းဖြင်​့ စိတ်​သက်​သာမှုကို ရရှိနိုင်​ပါတယ်​။

 

လိ​မေ္မာ်​ရနံ့ကို နမ်​းရှုနိုင်​ပါတယ်​။

       လိ​မေ္မာ်​သီးရနံ့က အန်​ချင်​စိတ်​ကို ​ပျောက်​​စေနိုင်ပါတယ်​။ လိ​မေ္မာ်​သီးစိတ်​​တွေကို ​စပါကလင်​အချိုရည်​ ​အေး​အေး​လေးထဲထည်​့​သောက်​ခြင်​းကလည်​း အ​ထောက်​အကူ ပြုပါတယ်​။

 

Dr. Emerald (www.drmyanmar.com)