/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဆီးချိုမေမေတွေအတွက်-ကိုယ်ဝန်ဆောင်ချိန်-နည်းလမ်းကောင်း

ဆီးချိုမေမေတွေအတွက် ကိုယ်ဝန်ဆောင်ချိန် နည်းလမ်းကောင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကိုယ်​ဝန်​​ဆောင်​ချိန်​ဟာ အမျိုးသမီးတွေအတွက် ပျော်စရာအချိန်ဖြစ်သလို အလွန်​အန္တရာယ်​များတဲ့အချိန်လဲ ဖြစ်ပါတယ်​။ ကိုယ့်မှာ ဆီးချိုစတဲ့ ​ရောဂါတစ်​မျိုးမျိုးရှိနေပါက သာမာန်ထက်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။

 

>> ​ရောဂါနဲ့ကိုယ်​ဝန်​ ဘယ်​လို​စောင်​့​ရှောက်​ကြမလဲ?

 

        ဒီ​တော့အန္တရာယ်​များလှတဲ့ ​ရောဂါကို​ရော ကိုယ်​ဝန်​ကိုပါ ဘယ်​လိုထိန်​းကြမလဲ? ထင်​သ​လောက်​​တော့မခက်​​ပေမယ်​့ ​သေချာနည်​းလမ်း​တကျလုပ်​ဖို့​တော့ လိုအပ်​ပါတယ်​။ ကိုယ်​ဝန်​မ​ဆောင်​ခင်​ပါ ​အောက်​ပါအချက်​(၇)ချက်​ကို လိုက်​နာ​ဆောင်​ရွက်​ပြီး ကျန်း​မာတဲ့ ကိုယ်​ဝန်​ကို ရရှိနိုင်​ပါတယ်​။

1. ဆီးချိုကို​သေချာထိန်​းပါ။

 

        က​လေးယူဖို့စဉ်​းစား​နေပြီဆိုရင်​​တော့ ​အကျင်​့ဆိုး​တေ​ွ(​ဥပမာ ​ဆေးလိပ်​​သောက်​ခြင်​း)ကို ​ရှောင်​ကြဉ်​ခြင်​း၊ ကိုယ်​အ​လေးချိန်​ချခြင်​း (အထူးသဖြင်​့ အဝလွန်​​နေသူ​တွေ)၊ ကိုယ်​ဝန်​​ဆောင်​အား​ဆေးများ​သောက်​ခြင်​းတို့ ပြုလုပ်​နိုင်​ပါတယ်​။ ဒါ​့အပြင်​ ဆီးချိုရှိသူ​တွေမှာ ဆီးချိုကိုပါ ​သေချာထိန်​းနိုင်​ဖို့ လိုအပ်​ပါတယ်​။ ဆီးချိုတအားတက်​​နေကျ​နေရင်​​တော့ ကိုယ်​ဝန်​​ဆောင်​ဖို့ မလွယ်​ကူလှပါဘူး။

 

2. ဆီးချိုအတွက်​ဆရာဝန်​တွေနဲ့​သေချာကုသရပါမယ်​။

 

        ဆီးချိုရှိတဲ့ကိုယ်​ဝန်​​ဆောင်​တစ်​​ယောက်​ဟာ သာမန်​ကိုယ်​ဝန်​​ဆောင်​​တွေထက်​ ဆရာဝန်​ရက်​ချိန်​း​တွေ သုံးဆ​လောက်​ပိုများတတ်​ပါတယ်​။ ကိုယ်​ဝန်​ကို​သေချာ ​စောင်​့ကြည်​့​ပေးဖို့ သားဖွားမီးယပ်​ဆရာဝန်​နဲ့ ​သေချာအပ်​ပြီး ဆီးချိုထိန်​း​ပေးနိုင်​ဖို့ ဆီးချိုအထူးကုဆရာဝန်​နဲ့ သားဖွားမီးယပ်​ဆရာဝန်​တို့ ပူး​ပေါင်​းကုသမှု လိုအပ်​ပါတယ်​။

 

3. ​သောက်​​ဆေး​တွေကို ရပ်​သင်​့ပါတယ်​။

 

        ဆရာဝန်​အများစုဟာ ​ဆီးချိုရှိသူအမျိုးသမီး ကိုယ်​ဝန်​​ဆောင်​တဲ့အခါ ဆီးချို​သောက်​​ဆေး​တွေကို ရပ်​တန်​့​စေ တတ်​ပါတယ်​။ Metformin တို့လို ဆီးချိုကျ​ဆေး​တွေဟာ ကိုယ်​ဝန်​ကို ဆိုးကျိုးမဖြစ်​​စေနိုင်​ဘူးဆိုတဲ့ ​လေ့လာ စမ်းသပ်​မှု​တွေ သိပ်​မလုံ​လောက်​တဲ့အပြင်​ ​သောက်​​ဆေးထက်​ အင်​ဆူလင်​ထိုး​ဆေးက ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ဆီးချိုကို ​​ကောင်​း​ကောင်​းထိန်​း​ပေးနိုင်​ပါတယ်​။ ဆီးချိုအမျိုးအစား ၁ မှာ​တော့ စဖြစ်​ကတည်​းက အင်​ဆူလင်​ထိုး​ဆေးသုံးရတာဖြစ်​တဲ့အတွက်​ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ လက်​ရှိထိုး​ဆေးပမာဏ လုံ​လောက်​မှုရှိ၊ မရှိပြန်​လည်​ ဆန်း စစ်​ကြည်​့ရပါမယ်​။

4. မနက်​ခင်​းအန်​​နေတာကို တွန်​းလှန်​နိုင်​ရပါမယ်​။

 

        ဆီးချိုအတွက်​ အင်​ဆူလင်​ထိုး​နေတဲ့အခါ ဗိုက်​ထဲမှာအစာရှိ​နေဖို့ လိုအပ်​ပါတယ်​။ မနက်​ခင်​းပျို့အန်​နေတ​ာ​ကြောင်​့ အစာမစားနိုင်​တဲ့အခါ အချိုဓာတ်​​တွေကျတတ်​ပါတယ်​။ ဒါ​ကြောင်​့ ပျို့အန်​တာသက်​သာ​အောင်​ မနက်​ခင်​းမှာ အိပ်​ရာနိုးနိုးချင်​း ကရက်​ကာတစ်ချပ်​​လောက်​စား​ပေးသင်​့ပါတယ်​။

 

5. ဆီးချို​သေချာထိန်​းရပါမယ်​။

 

        ကိုယ်​ဝန်​​တောက်​​လျောက်​မှာ ဆီးချိုအတက်​အကျမရှိ​အောင်​ ​သေချာထိန်​းသင်​့ပါတယ်​။ ဒါ​ကြောင်​့ ဆီးချိုစစ် စက်​နဲ့ အမြဲစစ်​​ဆေးပေး​နေရပါမယ်​။

 

6. ကစီဓာတ်​ပါတဲ့အစားအစာ​တွေ၊ အချိုရည်​တွေ​ဆောင်​ထားပါ။

 

        အင်​ဆူလင်​ထိုး​နေချိန်​မှာ အင်​ဆူလင်​ပမာဏများသွားတဲ့အခါ သို့မဟုတ်​ အစာစားတာပုံမှန်​ထက်​ နည်​းသွားတဲ့ အခါ ​သွေးတွင်​းအချိုဓာတ်​ ကျသွားတတ်​ပါတယ်​။ ဒီလိုအ​ခြေအ​နေမျိုးမှာ အချိုတစ်​ခုခုစား​ပေးသင်​့ပါတယ်​။

 

7. အ​ထောက်​အကူရယူပါ။

 

        ကိုယ်​ဝန်​​ဆောင်​အကြံဉာဏ်​​တွေကို အ​မေ၊ အစ်​မ၊ သူငယ်​ချင်​း​တွေဆီကရနိုင်​​ပေမယ်​့ သူတို့ကိုယ်​တိုင်​ ဆီးချို မရှိဖူးသူ​တွေမှာ အကြံ​ကောင်​း​ကောင်​းမ​ပေးနိုင်​ပါဘူး။ ဒါ​ကြောင်​့ အင်​တာနက်​လူမှုကွန်​ရက်​​တွေမှာ ကိုယ်နဲ့ ဆီးချိုရှိတာခြင်းတူတဲ့ ဝါရင့်မေမေတွေရဲ့ အကြံဉာဏ်​​ကောင်​းများ ရယူနိုင်​ပါတယ်​။

 

Dr. Emerald (www.drmyanmar.com)