/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်ခြင်းလျင်မြန်စွာသက်သာစေနိုင်သောနည်းလမ်းများ

ခေါင်းကိုက်ခြင်းလျင်မြန်စွာသက်သာစေနိုင်သောနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ခေါင်းကိုက်ခြင်းက အဖြစ်များတဲ့နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း (အထူးသဖြင့် ခေါင်းတခြမ်းကိုက်ခြင်း) ခံစားနေရပြီဆိုရင် ပုံမှန်အလုပ်တွေတောင်မလုပ်နိုင်လောက်အောင် ဆိုးရွားပါတယ်။ ခေါင်းကိုက်လာရင် မြန်မြန်သက်သာစေဖို့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. မျက်လုံးမှိတ်ပြီး အနားယူလိုက်ပါ

        ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ အခြားအကြောင်းတစ်ခုခုကြောင့်ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင် ပါတယ်။ တိတ်ဆိတ်ပြီး အလင်းရောင်နည်းတဲ့အခန်းထဲမှာ မျက်လုံးမှိတ်ပြီး အနားယူလိုက်ပါ။

2. ဇက်ကြောနဲ့ နားထင်ကိုနှိပ်နယ်ပေးပါ

        ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းစေပြီး ခေါင်းကိုက်သက်သာစေနိုင်ပါတယ်။

3. လည်ပင်းကို အပူပေးပါ

        လည်ပင်းပတ်လည်နဲ့ ဦးခေါင်းအောက်ခြေကို ရေနွေးဝတ် (သို့) ရေနွေးအိတ် ပတ်ပေးပါ။ ရေနွေးဝတ်ကပ်လို့မသက်သာရင် ရေအေးဝတ်ကပ်ပေးပါ။ သက်သာတဲ့နည်းလမ်းကို အသုံးပြုပါ။

4. စိတ်ရောကိုယ်ပါ အနားယူပါ

        တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည်တို့ပြုလုပ်ပြီး စိတ်ကိုငြိမ်းချမ်းတည်ငြိမ်အောင် ထားပါ။  ကြွက်သားများကြုံ့ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

5. စိတ်ဖိစီးမှုများကို လျှော့ချပါ

        ခေါင်းကိုက်နေလျှင် စိတ်ဖိစီးမှုတွေနဲ့ တတ်နိုင်သမျှဝေးဝေးနေပါ။

6. အစားအသောက်ဆင်ခြင်ပါ

        စားလိုက်တဲ့အစားအစာတွေကြောင့် ခေါင်းကိုက်ပိုဆိုးနိုင်ပါတယ်။ ကဖင်း၊ အရက်များကို ကန့်သတ်ပါ။ ဆေးလိပ်မသောက်ပါနှင့်။ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းကြောင့် ခေါင်းကိုက်တာ ဆိုရင်တော့ အစားအစာကို ပုံမှန်စားဖို့အရေးကြီးပါတယ်။ အထူးသဖြင့် မနက်စာကို စားဖြစ်အောင်စားပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com