ဆီးမထိန်းနိုင်ခြင်းကို ပိုဆိုးစေတဲ့အကြောင်းအရင်းများနှင့် ရှောင်ရှားသင့်သော အစားအစာများ
ဆီးမထိန်းနိုင်ခြင်းကိုပိုဆိုးစေနိုင်တဲ့အချက်များ
ရုပ်ပိုင်းဆိုင်ရာအခြေအနေများမှာ -
1. ကိုယ်ဝန်ဆောင်ခြင်းနှင့် ရိုးရိုးမွေးခြင်း
2. သားအိမ်ထုတ်ထားခြင်း
3. အဝလွန်ခြင်း
4. အသက်အရွယ်ကြီးခြင်း
5. ဆီးကျောက်များရှိခြင်း
6. ဆီးအိမ်ပိတ်ဆို့ခြင်း
7. ဆီးလမ်းကြောင်းပုံသဏ္႑ာန်မမှန်ခြင်း
8. နာတာရှည်ဆီးပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။
ရောဂါများနှင့်အခြားအခြေအနေများမှာ -
1. ဆေးလိပ်သောက်ခြင်း (သို့) လေပြွန်ရောင်ခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်း
2. ဆီးခုံရိုးအင်္ဂါများကျွံခြင်း
3. ဆီးချိုရောဂါ
4. ပါကင်ဆန်ရောဂါ (ခေါ်) အကြောအားနည်း၍ ခြေလက်တုန်သော နာတာရှည်ရောဂါ
5. အယ်လ်ဇိုင်းမားသတိမေ့ရောဂါ
6. မာတီပယ်စကယ်လရိုးစစ် (ခေါ်) နာတာရှည်အာရုံကြောများချို့ယွင်းလာသည့်ရောဂါ
7. ဆီးအိမ်ကင်ဆာ
8. လေဖြတ်ခြင်း
9. အာရုံကြောရိုးမကြီး ဒဏ်ရာရခြင်းတို့ဖြစ်ပါတယ်။
အောက်ပါဆေးဝါးများနှင့် အစားအစာတို့ဟာလည်း ဆီးမထိန်းနိုင်ခြင်းကို ပိုဆိုးစေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
1. ကဖင်းဓာတ်နှင့် ကာဗွန်ပါသောအရည်များ (ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ)
2. အရက်
3. ဆီးဆေးများနှင့် ဆီးအိမ်ကိုပြေလျော့စေသောဆေးများ (ဥပမာ - စိတ်ကျရောဂါကုသရာတွင် အသုံးပြုသောဆေးများ)
4. ဆေးလိပ်
Dr. Thinzar Wynn






























