/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေရောင်ခြည်ဟာ-စိတ်ခံစားချက်ကို-ကောင်းမွန်စေပါတယ်

နေရောင်ခြည်ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတွေက နေရောင်အောက်မှာနေရင် အင်အားပြည့်လာ၊ စိတ်ပျော်လာစေပါတယ်။ နေရောင်ခြည်က ဦးနှောက်ထဲက ဆီရိုတင် ဆိုတဲ့ ဓာတ်တစ်မျိုးကို ထွက်စေပြီး အဲ့ဒီဓာတ်က စိတ်ပျော်စေပါတယ်။
ဆောင်းတွင်းမှာဖြစ်တဲ့ စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။
တချို့ ဆောင်းတွင်းနေ လုံးဝမထွက်တဲ့နိုင်ငံတွေက လူတချို့ဟာ အဲလိုအချိန်တွေမှာ စိတ်ကျရောဂါ ခံစားရတတ်ပါတယ်။ လက္ခဏာတွေက စိတ်တို၊ စိတ်ရှုပ်နေတာ၊ အစားတွေ အလွန်အကျွံစားတာ၊ အမြဲပင်ပန်းနေတာ၊ တစ်ချိန်လုံး အိပ်နေတာမျိုးတွေ ဖြစ်ပါတယ်။
မနက်ခင်း နေရောင်ခြည်နွေးနွေးနဲ့ နေပူဆာလှုံခြင်းက တစ်နေ့တာအတွက် အားအင်တွေ ပြည့်ဝစေပါတယ်။ စိတ်ကျရောဂါကို သက်သာစေပြီး လန်းဆန်းတက်ကြွစေနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)