သွားနှင့်ပတ်သက်ပြီး ဒီပြဿနာတွေရှိနေပြီဆိုရင်တော့ သွားဆရာဝန်နှင့် အမြန်ဆုံးပြသပါ
သွားကိုက်ခြင်းဟာ အလွန်ခံရခက်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ သွားပိုးစားခြင်းကြောင့် သွားကိုက်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိူးတွေကို ခံစားရတတ်တာမို့ သွားသန့်ရှင်းရေးကို အလေးထားဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သွားနှင့်ခံတွင်းပြဿနာတွေအနက် အလျင်မြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်တဲ့ ပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မျက်နှာရောင်ကိုင်းနေခြင်း
သွားပြည်တည်ခြင်းဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ သွားပိုးစားခြင်း၊ သွားကျွတ်ခြင်း၊ သွားကျိုးခြင်းတို့ကနေ သွားပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
သွားပြည်တည်ခြင်းကို အချိန်မီမကုသနိုင်ပါက မျက်နှာ၊ ပါးနှင့် မေးရိုးတွေကိုပါ ပိုးပျံ့စေပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
၂။ မျက်နှာနှင်မေးရိုးတွင် ဒဏ်ရာရခြင်း
အားကစားလုပ်ခြင်းနှင့် မတော်တဆဒဏ်ရာတွေကြောင့် သွားကျွတ်ခြင်းနှင့် မေးရိုးဒဏ်ရာတွေ ရစေနိုင်ပါတယ်။ ဒီလို သွားနှင့်မေးရိုးမှာ ဒဏ်ရာရပြီဆိုတာနှင့် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။
၃။ အရွယ်ရောက်ပြီးသူများ သွားကျိုးတဲ့အခါ
● သွားကို ရေ သို့မဟုတ် ဆလိုင်းရည်ဖြင့် ဆေးပါ။
● သွားကို ပလတ်စတစ်အိပ်ဖြင့်ထုတ်ပြီး သွားဆေးခန်းသို့ ချက်ချင်းသွားပါ။
● သွားကို ရေထဲလွင့်ပစ်ခြင်း၊ သွားမျက်နှာပြင်ကိုဖဲ့ခြင်း၊ သွားဆေးခန်းမပြဘဲ အိမ်တွင်သာနေခြင်းတို့ မပြုလုပ်သင့်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)