အိမ်တွင်အသုံးများသော ဓာတုပစ္စည်းများကြောင့် ကျန်းမာရေးကိုထိခိုက်စေပြီး ငွေကုန်ကြေးကျများစေနိုင်ကြောင်းတွေ့ရှိ
ပလတ်စတစ်ဘူး၊ အရုပ်၊ စည်သွပ်ဘူးများ၊ အလှကုန်များနှင့် မီးကာပစ္စည်းများကဲ့သို့သော ဓာတုပစ္စည်းများနှင့်နေ့စဉ်ထိတွေ့ခြင်းက အစာမကြေခြင်း၊ အဆိပ်သင့်ခြင်းအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်စေပါတယ်။ ဒီရောဂါအမျိုးမျိုးအတွက် ဆေးကုစရိတ်တွေများပြီး ဝင်ငွေတွေလည်းဆုံးရှုံးရပါတယ်။ အကြီးမားဆုံးကတော့ ဒီဓာတုပစ္စည်းတွေက ကလေးတွေရဲ့ဖွံ့ဖြိုးဆဲဦးနှောက်အပေါ်အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုကိုကန့်သတ်နိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းအချို့ရှိပါတယ်။
- အော်ဂန်းနစ် (သဘာဝ)အတိုင်းစိုက်ပျိုးထားတဲ့အစားအစာတွေကို စားသုံးပါ။
- အိမ်ထဲမှာ ပိုးသတ်ဆေးသုံးခြင်းရှောင်ကြဉ်ပါ။
- အလူမီနီယမ်ပါသောသံဘူးနှင့်ထည့်သွင်းထားသောအစားအစာများကို ရှောင်ကြဉ်ပါ။
- မိုက်ခရိုဝေ့ဒဏ်မခံနိုင်သော ပလတ်စတစ်များကိုရှောင်ပါ။
- အိမ်တွင်လေဝင်လေထွက်ကောင်းစေရန် ရက်အနည်းငယ်ကြာလျှင်တစ်ခါ လေထွက်အောင်လုပ်ခြင်းဖြင့် လျှပ်စစ်ပစ္စည်းနှင့် အခြားအရာတွေမှ ဓာတုပစ္စည်းများကိုဖယ်ရှားစေနိုင်သည်။
ဓာတုပစ္စည်းများနှင့် ဟော်မုန်းများ
အင်ဒိုခရိုင်းကို ဖျက်ဆီးတဲ့ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်မှာရှိတဲ့ ကျား၊ မ ဟော်မုန်းတွေကို အတုခိုးပြီးတော့ ဟော်မုန်းလုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။
အစားအစာတွေထည့်တဲ့သံဘူးမှာပါဝင်တဲ့ Bisphenol A, အလှကုန်ပစ္စည်းနဲ့ ပလတ်စတစ်ဘူးတွေမှာပါဝင်တဲ့ phthalates, မီးကာပစ္စည်းတွေမှာပါဝင်တဲ့ polybrominated diphenyl ethers, ပိုးသတ်ဆေးမှာပါဝင်တဲ့ chlorpyrifos and organophosphates တွေကြောင့် အာရုံကြောပြဿနာ၊ မျိုးပွားခြင်းဆိုင်ရာပြဿနာ၊ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်စေနိုင်ပါတယ်။
ဒီဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုကြောင့် ရောဂါဖြစ်ပွားမှုစုစုပေါင်းကို 1996 ခုနှစ်ကတည်းကစပြီး လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ဒီရောဂါတွေကြောင့်ဖြစ်ရတဲ့နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကုန်ကျငွေတွေကိုလည်း တွက်ချက်ကြည့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီကျန်းမာရေးပြဿနာတွေအတွက်နှစ်စဉ် $340 သန်းလောက်ကုန်ကျနေပြီးတော့ ဒီထဲကသုံးပုံနှစ်ပုံလောက်က အဆိပ်ရှိတဲ့မီးကာပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေထိတွေ့မှုကြောင့်ရတဲ့ ရောဂါတွေကြောင့်ဖြစ်ပါတယ်။ အဆိုးဝါးဆုံးကတော့ သနေ္ဓသားတွေမှာ ဦးနှောက်ပျက်စီးမှုကြောင့်ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























