/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/braces-လို့ခေါ်တဲ့-သွားညီအောင်-ကြိုးဆိုင်းတပ်ထားတဲ့သူတွေအတွက်

Braces လို့ခေါ်တဲ့ သွားညီအောင် ကြိုးဆိုင်းတပ်ထားတဲ့သူတွေအတွက် ခံတွင်းသန့်ရှင်းရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    Braces တပ်ပြီး ပထမပတ်မှာ ဘာတွေလုပ်ပေးရမလဲ?

1.       ပထမရက် အနည်းငယ်လောက်မှာ အစာပျော့ပျော့တွေပဲစားပါ။

2.       ဆားရည်နွေးနွေးနဲ့ ခံတွင်းဆေးပါ။

3.       သွားကိုက်ရင် အကိုက်အခဲပျောက်ဆေး သောက်လို့ ရပါတယ်။

4.       ပြဿနာဖြစ်တဲ့နေရာပေါ်မှာ patient relief wax သုံးပါ။

 

>>    ပြီးရင် ဒါတွေကိုလည်း လုပ်ပေးပါ။

1.       သွားတိုက်တဲ့အခါမှာ အရမ်းဂရုတစိုက် တိုက်ပါ။

2.       ခံတွင်းသန့်စင်ဆေးရည် သုံးပါ။

3.       မစားခင်မှာ သေချာစဉ်းစားပါ။

●        တော်ဖီ၊ သကြားလုံးလိုမျိုး မာ၊ ကပ်စေးပြီးတော့ ချိုတာတွေ ရှောင်ပါ။

●        ကျွတ်ကျွတ်ဝါးစားရတဲ့ အစားအစာတွေ မစားပါနဲ့။

●        ပြောင်းဖူး၊ ပန်းသီး၊ အရိုး စတာတွေလိုမျိုး အစားအစာတွေကို မကိုက်ပါနဲ့ဦး။

4.       အချိုရည်၊ ဖျော်ရည်၊ အားဖြည့်အချိုရည်တွေနဲ့ အရသာထည့်ထားတဲ့နို့တွေ သောက်တဲ့အခါမှာ ဂရုစိုက်ပြီးတော့ သောက်ပါ။

5.       နေလို့မသက်မသာဖြစ်ရင် သေချာစီစဉ်ပါ။

6.       ကွဲအက်သွားရင် ဆရာဝန်ဆီ ချက်ချင်းပြန်သွားပြပါ။

 

>>    Braces တပ်ထားရင် ဒါတွေ လုံးဝမစားပါနဲ့။

●        ပေါက်ပေါက်

●        အခွံမာသီးများ

●        ပီကေ

●        မာပြီးတော့ ကပ်စေးတဲ့ သကြားလုံးတွေ

●        ကွတ်ကီးမာမာတွေ

●        မာပြီးတော့ ကပ်တဲ့ ချောကလက်တွေ

 

>>    Braces တပ်ထားရင် သွား ဘယ်လိုတိုက်ကြမလဲ?

●        သွားမတိုက်ခင်မှာ သွားကြားမှာရှိိနေတဲ့ အစားအကြွင်းအကျန်အချို့ ထွက်သွားအောင်လို့ ရေနဲ့အရင် ပလုတ်ကျင်းပါ။

●        သွားပွတ်တံမှာ အစာအကြွင်းအကျန်တွေ မကျန်တော့အောင် ရေနွေးနဲ့ဆေးပါ။

●        သွားတိုက်တံကို သွားနဲ့ ၄၅ ဒီဂရီ စောင်းထားပါ။

●        သွားကိုအပေါ်အောက် ညင်ညင်သာသာ တိုက်ပါ။ ဝိုင်ယာကြိုးတွေကြား၊ သွားကြားတွေကို သေချာတိုက်တိုက်ပါ။ သွားရဲဲ့အတွင်းအပြင်နဲ့ အစာ ဝါးတဲ့အပိုင်းတွေကို သေချာတိုက်ပါ။

●        အနည်းဆုံး ၂-၃ မိနစ်လောက်ကြာအောင် သေချာတိုက်ပါ။

●        ဘက်တီးရီးယားပိုးတွေ ထွက်သွားစေဖို့နဲ့ ခံတွင်းနံ့ကောင်းစေဖို့အတွက် လျှာကိုလည်း တိုက်ပါ။

 

>>    ခံတွင်းသန့်ဆေးရည် ဘာကြောင့်သုံးဖို့လိုသလဲ?

●        ပိုးမွှားတွေကို ဖယ်ရှားပေးတယ်။

●        ပိုးမွှားတွေ မပေါက်ဖွားလာအောင် ကာကွယ်ပေးတယ်။

●        သွားဖုံးတွေကို ပိုပြီးကျန်းမာစေတယ်။

●        သွားခေါင်းမဖြစ်အောင် ကာကွယ်ပေးတယ်။

●        ပိုးမွှားတွေ၊ သွားချေးတွေ မကပ်တွယ်လာအောင် ကာကွယ်ပေးတယ်။

●        ခံတွင်းနံ့ကို ကောင်းစေပါတယ်။

 

>>    ခံတွင်းသန့်ဆေးရည် ဘယ်လိုသုံးမလဲ?

●        နာရီကို ကြည့်ထားပါ။

●        တစ်နေ့ကို ၂ ကြိမ် သွားတိုက်ပြီးတိုင်း ခံတွင်းသန့်ဆေးရည်နဲ့ ဆေးသင့်ပါတယ်။

●        တစ်ခါဆေးရင် ဗူးအဖုံးရဲ့ ၄ ပုံ ၃ ပုံဆို လုံလောက်ပါတယ်။

●        အသင့်သုံးဖြစ်လို့ ရေရောစရာ မလိုပါဘူး။ စက္ကန့် ၃၀ လောက် ခံတွင်းထဲမှာ ငုံပြီး ဆေးပြီးရင် ထွေးထုတ်လိုက်ပါ။

●        ဆေးရည်ရဲ့အရသာက တစ်မျိုးဖြစ်နေရင် တဖြည်းဖြည်းချင်း စမ်းပြီး သုံးကြည့်ပါ။

●        စစချင်းမှာ တစ်ခါဆေးရင် ၁၀ စက္ကန့်လောက် ငုံဆေးပြီးတော့ ပြီးရင် ၂၀ စက္ကန့်လောက် တိုးဆေးပါ။ ကိုယ်နဲ့ဆေးရည်နဲ့ အဆင်ပြေလာပြီဆိုရင်တော့ စက္ကန့် ၃၀ လောက်ငုံပြီးတော့ ဆေးပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)