/
news/ကျန်းမာရေး-z/အိပ်ပျော်နေစဉ်-ခြေထောက်များလှုပ်ရမ်းခြင်းလက္ခဏာစုrestless-legs-syndrome

အိပ်ပျော်နေစဉ် ခြေထောက်များလှုပ်ရမ်းခြင်းလက္ခဏာစု(Restless Legs Syndrome)

Category
ကျန်းမာရေး (A-Z)

        RLS ဆိုသည်မှာ အာရုံကြောစနစ်ချို့ယွင်းခြင်းကြောင့် ခြေထောက်လှုပ်ရမ်းခြင်းဖြစ်ပြီး အိပ်စက်ချိန်၌ ဖြစ်လေ့ရှိသောလက္ခဏာတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ အိပ်ရေးပျက်စေသည့် ကျန်းမာရေးပြဿနာဟုလည်း ခေါ်ဆိုနိုင်သည်။

♦ ရောဂါလက္ခဏာတွေက ဘာတွေလဲ

          RLS လက္ခဏာစုရှိသူသည် ခြေထောက်တွင်မခံမရပ်နိုင်လောက်အောင်ခံစားမှုမျိုးဖြစ်သည့် ယားယံခြင်း၊ ထုံကျဉ်ခြင်းခံစားရပြီး တခါတရံလက်(သို့) ခန္ဓာကိုယ်တစ်လျှောက်ရှိ အခြားသောအင်္ဂါအစိတ်အပိုင်းများတွင်လည်း ထိုကဲ့သို့ခံစားရတတ်သည်။ ရောဂါလက္ခဏာအသေးအဖွဲမှ သည်းမခံနိုင်လောက်သည်အထိခံစားရနိုင်ပြီး အထူးသဖြင့် အိပ်နေချိန်၊ ထိုင်နေချိန်များတွင် လက္ခဏာပိုမိုဆိုးရွားတတ်သည်။

 

♦ ဘယ်သူတွေမှာ RLS လက္ခဏာစုအဖြစ်များသလဲ

          အမျိုးသားရောအမျိုးသမီးမှာပါ ထိုလက္ခဏာစုကိုခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးများမှာအဖြစ်များပြီး မည်သည့်အသက်အရွယ်မှာမဆို စတင်ဖြစ်တတ်ပါတယ်။ သက်ကြီးပိုင်းနှင့်သက်လတ်ပိုင်းတွေမှာ အများဆုံးဖြစ်တတ်ပြီး ငယ်ရွယ်သူတွေမှာလည်းခံစားရတတ်ပါတယ်။

 

♦ RLS ဖြစ်စေသောအကြောင်းရင်းတွေက ဘာတွေလဲ

          မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်ပြီး RLS ရှိသူတစ်၀က်နီးပါးသည် မိသားစု၀င်ထံမှ ရောဂါအမွေဆက်ခံသူများ ဖြစ်ကြသည်။

          RLS ပိုမိုဆိုးရွားလာစေခြင်းဟာ အခြားသောအကြောင်းအရာတွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။

(1) နာတာရှည်ရောဂါ- သံဓာတ်ချို့တဲ့ခြင်းအပါအ၀င် ပါကင်ဆန်ရောဂါ၊ ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ ဆီးချိုသွေးချိုရောဂါရှိခြင်းတိုကြောင့် RLS ကိုပိုဆိုးစေပါတယ်။ ဒီရောဂါတွေကို သက်သာအောင်ကုသခြင်းဖြင့် RLS  ကို လျော့ပါးစေနိုင်ပါတယ်။

(2) ဆေးဝါးများ- ပျို့အန်ချင်စိတ်ကို သက်သာစေသောဆေး၊ စိတ်ရောဂါကုသဆေးဝါး၊ အချို့သော စိတ်ရောဂါကုဆေးများ၊ အအေးမိဖျားနာပျောက်ဆေး၊ ဓာတ်မတည့်ဆေးဝါး စသည့်ဆေးဝါးများသည် RLS လက္ခဏာကိုပိုဆိုးစေသည်။

(3) ကိုယ်၀န်ဆောင်ချိန်- အချို့သောအမျိုးသမီးတွေမှာ ကိုယ်၀န်ဆောင်ချိန်၌ RLS ခံစားရနိုင်ပါတယ်။ အထူးသဖြင့် နောက်ဆုံးကိုယ်၀န်(3)မှာ ဖြစ်ပါတယ်။ သို့ပေမယ့် မီးဖွားပြီးနောက် 1 လအတွင်းမှာ သက်သာသွားနိုင်ပါတယ်။

     ထို့အပြင် အရက်သောက်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့်လည်း RLS ကို ပိုဆိုးစေနိုင်ပါတယ်။

 

♦ RLS လက္ခဏာစုကို ဘယ်လိုစမ်းသပ်ဖော်ထုတ်မလဲ

     RLS လက္ခဏာစုကို ရှာဖွေဖော်ထုတ်ရာမှာ သွေးစစ်ဆေးခြင်း၊ လူနာခံစားရသည့်ရောဂါလက္ခဏာ၊ မိသားစုမှာ RLS ခံစားရဖူးသူရှိ/မရှိ မေးခွန်းတွေကိုဖြေကြားရမှာဖြစ်တဲ့အပြင်  သောက်သုံးသောဆေးဝါး၊ အခြားသောရောဂါလက္ခဏာတွေအပါအ၀င် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အိပ်မပျော်သည့်ရောဂါ စသည့်အခြေခံအကြောင်းရင်းနဲ့ ပတ်သက်တဲ့မေးခွန်းတွေကိုလည်း ဆရာ၀န်က မေးမြန်းမှာဖြစ်ပါတယ်။

 

♦ RLS လက္ခဏာစုကို ဘယ်လိုကုသမလဲ

     RLS လက္ခဏာစုကို သိပ်ပြင်းထန်စွာမခံစားရသေးသူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အချိန်မှန်မှန်အိပ်စက်ခြင်း၊ ကဖင်းဓာတ်၊ အရက်၊ ဆေးရွက်ကြီးသုံးစွဲမှုလျော့ချခြင်းဖြင့် ခံစားရတဲ့ေ၀ဒနာကို သက်သာစေနိုင်ပြီး ခြေထောက်ကိုနှိပ်နယ်ခြင်း၊ ရေပူဖြင့်ရေချိုးခြင်း (သို့) ခြေထောက်ကိုရေခဲကပ်ပေးခြင်း စတဲ့ဆေးဝါးအကူအညီမလိုတဲ့ ကုသမှုတွေကလည်း လက္ခဏာကိုလျော့ပါးစေပါတယ်။

     ဆေးဝါးအကူအညီဖြင့် RLS လက္ခဏာစုကိုကုသရာမှာ ဆေးဝါးအကျိုးသက်ရောက်ပုံဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူညီတတ်ပါဘူး။ ဆေးသောက်ပြီးနောက် လူတစ်ယောက်မှာ သက်သာသွားစေနိုင်တယ်ဆိုပေမယ့် နောက်တစ်ယောက်မှာတော့ လက္ခဏာရပ်ပိုဆိုးသွားစေတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးရဲ့ပြင်းအားအပေါ်မူတည်ပြီး ဆေးရှိန်ပြယ်သွားတာ နဲ့ ရောဂါပြန်ထတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

♦ RLSလက္ခဏာစုကို ဘယ်ဆေးဝါးတွေက သက်သာစေနိုင်သလဲ

-      FDA မှ အသိအမှတ်ပြုထားတဲ့ Mirapex, Neupro, Requip, Levodopa စတဲ့ Dopaminergic drugs ဆေးဝါးတွေကလည်း RLS လက္ခဏာစုကိုကုသနိုင်ပါတယ်။

-      Benzodiazepines ဆေးက ေ၀ဒနာကိုသက်သာစေနိုင်ပေမယ့် ငိုက်မျဉ်းစေတတ်ပါတယ်။

-      Narcotic အကိုက်အခဲပျောက်ဆေးတွေကလည်း ပြင်းထန်စွာနာကျင်မှုကို သက်သာစေပါတယ်။

-      Tegretol, Lyrica, Neurontin, Horizant စတဲ့ အတက်ရောဂါပျောက်ဆေးဝါးများကို မှီ၀ဲခြင်းဖြင့်လည်း RLS လက္ခဏာစုကိုလျော့ပါးစေနိုင်ပါတယ်။

     RLS လက္ခဏာစုကို လုံး၀ပျောက်ကင်းသွားအောင် ကုသလို့မရပေမယ့် ဆရာ၀န်ညွှန်ကြားချက်အတိုင်းလိုက်နာမယ်၊ ကုသမှုကိုတိတိကျကျဆောင်ရွက်မယ်ဆိုပါက ရောဂါအခြေအနေကိုပိုဆိုးမသွားအောင် ထိန်းချုပ်ထားနိုင်ပြီး လက္ခဏာတွေကိုလျော့ပါးစေကာ ညဘက်မှာကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။

 

CMS

www.drmyanmar.com