/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/antifungals-မှိုပိုးသတ်ဆေးများ

Antifungals (မှိုပိုးသတ်ဆေးများ)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

        ဥပမာ   1.       Fluconazole

                   2.       Itraconazole

                   3.       Posaconazole

                   4.       Voriconazole

                   5.       Griseofulvin

                   6.       Terbinafine

        Antifungals ဆေးတွေက မှိုပိုးတွေကြီးထွားပြန့်ပွားလာတာကိုလျှော့ချ (သို့) ရပ်တန့်စေပါတယ်။ ဒီဆေးတွေကို မှိုရောဂါတွေမဖြစ်အောင် ကာကွယ်တဲ့နေရာ (သို့) ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။

 

ဓာတ်ပြု ခြင်း

(1) အစားအသောက်

        Itraconazole ဆေးတောင့်ကို အစာနှင့်အတူ (သို့) အစာစားပြီးပြီးချင်း သောက်သုံးပါက ဆေးအာနိသင် ပိုကောင်းစေပါတယ်။ ဒါပေမဲ့ Itraconazole  သောက်ဆေးရည်ကိုတော့ အစာနဲ့ေ၀းေ၀းသောက်ပေးရပါမယ်။

        Posaconazole ဆေးကိုအစာနဲ့အတူပဲဖြစ်ဖြစ်၊ အစာစားပြီး မိနစ် ၂၀ အတွင်းပဲဖြစ်ဖြစ်၊ အာဟာရဖြည့်စွက်စာ အရည်တွေနဲ့ပဲဖြစ်ဖြစ် သောက်ပေးပါက အာနိသင်ပိုကောင်းစေပါတယ်။

        Voriconazole သောက်ဆေးရည်ကို အခြားဆေးဝါးများ၊ ရေ (သို့) အခြားသောအရည် အမျိုးမျိုးနဲ့ရောနှောပြီး သောက်သုံးခြင်းမပြုရပါ။

        Griseofulvin ဆေးက အဆီပါ၀င်မှုများတဲ့ အစားအသောက်တွေနဲ့ တွဲသောက်ရင် အာနိသင် ပိုကောင်းလာပါတယ်။

        ဥပမာပြထားတဲ့ဆေးတွေထဲက ကျန်တဲ့ဆေးတွေအားလုံးကိုတော့ အစာရှိရှိ မရှိရှိ သောက်သုံးနိုင်ပါတယ်။

(2) အရက်

                   Griseofulvin သောက်သုံးစဉ်ကာလအတွင်း အရက်ရှောင်ထားရပါမယ်။ တွဲသောက်ရင် အရက်ရဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာစေလို့ပဲဖြစ်ပါတယ်။ (ဥပမာ နှလုံးခုန်မြန်လာခြင်း၊ မျက်နှာနီမြန်းလာခြင်း) 

 

တွဲဖက်မသုံးစွဲသင့်သည်များ