Antihistamines (ဓာတ်မတည့်ခြင်း (Allergy) နှင့် နှာစေးပျောက်ဆေး)
ဥပမာ 1. Brompheniramine
2. Cetirizine
3. Chlorpheniramine
4. Clemastine
5. Desloratadine
6. Diphenhydramine
7. Fexofenadine
8. Levocetirizine
9. Triprolidine
Antihistamines ဆေးတွေက အအေးမိ၍ နှာစေးခြင်းနှင့် ဓာတ်မတည့်ခြင်း (Allergy) ကြောင့်ဖြစ်တဲ့ ဖျားနာခြင်း၊ နှာစေးခြင်း၊ နှာရည်တောက်လျှောက်ကျခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံးယားယံခြင်း၊ အသားယားခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေပါတယ်။ တချို့ Antihistamines ဆေးက လူနာကို မှိန်းစေ၊ အိပ်ငိုက်စေပါတယ်။
ဓာတ်ပြု ခြင်း
အရက်
အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး တွေ( ဥပမာ- မူးေ၀ခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းမကြည်လင်ခြင်း) ပိုဆိုးစေတာကြောင့် ဖြစ်ပါတယ်။






























