Antihypertensive Drugs (သွေးတိုးကျဆေး)
I. ACEI ( ACEI သွေးတိုးရောဂါကုဆေး )
ဥပမာ 1. Captopril
2. Enalapril
3. Lisinopril
4. Moexipril
5. Quinapril
6. Ramipril
ဒီဆေးတွေကို သွေးတိုးရောဂါနဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ (Heart Failure) တွေကို ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ ACEI ဆေးတွေက သွေးကြောတွေကို ပျော့ပြောင်းစေခြင်းဖြင့် သွေးလည်ပတ် စီးဆင်းမှုကို ချောမွေ့ အဆင်ပြေစေပြီး နှလုံးမှ သွေးညှစ်ထုတ်နိုင်စွမ်းကို ပိုမိုကောင်းမွန်လာစေပါတယ်။
ဓာတ်ပြု ခြင်း
အစားအသောက်
- Captopril ၊ Moexipril ဆေးတွေကို အစာမစားမီတစ်နာရီ ကြိုသောက်ဖို့ လိုပါတယ်။
- ACEI ဆေးတွေက ပိုတက်ဆီယမ်ပမာဏကို မြင့်တက်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်ဓာတ်တွေ လိုတာထက် အရမ်းများလာရင် နှလုံးခုန်မမှန်တော့တာမျိုး၊ နှလုံးတလှပ်လှပ် ခုန်နေတာမျိုးတွေနဲ့ ကြုံရနိုင်ပါတယ်။
ဒါကြောင့် ACEI ဆေးတွေကို သုံးစွဲနေစဉ်ကာလအတွင်း ပိုတက်စီယမ်ပမာဏများနိုင်တဲ့ အစားအသောက် (ဥပမာ-ငှက်ပျောသီး၊ လိမေ္မာ်သီး၊ အစိမ်းရောင်ရှိသော အသီးအရွက်များ) တွေ အလွန်အကျွံစားသုံးတာကို ရှောင်ကြဉ်ရပါမယ်။ ဆီးဆေး၊ ပိုတက်စီယမ်ပါ၀င်တဲ့ ဆားအစားထိုးမှုန်နှင့် ပိုတက်စီယမ်ပါ၀င်တဲ့ ဖြည့်စွက် စာတွေကလည်း ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ပမာဏကို မြင့်မားစေပါတယ်။
II. Beta Blockers ( Beta Blockers သွေးတိုးနှင့်နှလုံးရောဂါကုဆေး)
ဥပမာ 1. Carvedilol
2. Metoprolol
Beta Blockers ဆေးတွေက နှလုံးခုန်နှုန်းကိုနှေးစေပြီး သွေးကြောတွေကိုလည်း ပျော့ပြောင်းစေပါတယ်။ ဒီလိုလုပ်ပေးတဲ့အတွက် နှလုံးက သွေးညှစ်ထုတ်တဲ့နေရာမှာ အားသိပ်စိုက်ဖို့ မလိုတော့ပါဘူး။
ဒီဆေးတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့ ရင်ဘတ်စူးအောင့်နာ (Angina) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နှလုံးသို့သွေးကောင်းစွာမရောက်၍ နှလုံးကြွက်သားများပျက်စီးသည့်ရောဂါ (Heart Attack) နဲ့ သွေးတိုးရောဂါတို့ကို ကုသတဲ့နေရာတွေမှာလည်း အသုံးပြုပါတယ်။
Beta Blockers ဆေးတွေကို ရေရှည်စွဲသောက်လာပြီးမှ ဆေးဖြတ်တော့မယ်ဆိုရင် ဖြည်းဖြည်းချင်း ဆေး ပမာဏကို လျှော့ချပြီးမှ ဖြတ်ရပါမယ်။ မဟုတ်ရင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ Heart Attack တို့နဲ့ ကြုံရနိုင်ပါတယ်။ အန္တရာယ်ကြီးလွန်းတဲ့အတွက် ဆရာ၀န်နဲ့သေချာတိုင်ပင်ပြီးမှ ဖြတ်သင့်ပါတယ်။
ဓာတ်ပြု ခြင်း
အစားအသောက်
Carvedilol ပါ၀င်တဲ့ဆေးတွေက သွေးပေါင်ကို အလွန်အကျွံကျစေတဲ့အတွက် အစာနဲ့တွဲပြီးသာသောက်သုံး ရပါမယ်။ Carvedilol Extended Release Capsule (အချိန်ကြာကြာနဲ့ ဖြည်းဖြည်းချင်းအာနိသင်ပြအောင် ပြု လုပ်ပေးထားသောဆေးတောင့်ပုံစံ) ကိုတော့ မနက်စာနဲ့တွဲပြီး သောက်ရပါမယ်။ ဆေးတောင့်ကို အမှုန့်ဖြစ်အောင် ကြိတ်ခြင်း၊ အပိုင်းလေးများဖြစ်သွားအောင် စိတ်ခြင်း၊ ဝါးစားခြင်းမပြုလုပ်ရပါ။
Metoprolol ဆေးတွေကိုလည်း အစာနဲ့တွဲသောက်တာမျိုး (သို့) အစာစားပြီး ချက်ချင်းသောက်တာမျိုး လုပ်ရပါတယ်။





























