Bipolar Disorder Medicines (စိတ်ကျစိတ်ကြွရောဂါကုဆေး)
ဥပမာ 1. Carbamazepine
2. Divalproex Sodium
3. Lamotrigine
4. Lithium
Bipolar Disorder ဆေးတွေကို စိတ်ကျစိတ်ကြွရောဂါမှာ အသုံးပြုပါတယ်။
စိတ်ရောဂါ ကုဆေးတွေကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အတိအကျသောက်သုံးဖို့လိုပြီး ရေရှည် စွဲသောက်ဖို့လည်း လိုအပ်ပါတယ်။ ဖြတ်တော့မယ်ဆိုရင်လည်း ဆေးပမာဏကို ဖြည်းဖြည်းချင်းလျှော့ပြီး မျှင်းဖြတ်သွားရပါမယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက စဉ်းစား ဆုံးဖြတ်နိုင်စွမ်း လျှော့ကျခြင်း၊ အိပ်ငိုက်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အလုပ်ခွင်အတွင်း လုပ်ဆောင်နိုင် စွမ်းကျဆင်းလာခြင်း စတာတွေ ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသမှုခံယူနေစဉ်အတွင်း အန္တရာယ်ရှိတဲ့ စက်ယန္တရားတွေကို သတိထားပြီး ကိုင်တွယ် အသုံးပြုရပါမယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
Divalproex သောက်လို့ ဗိုက်နာ (သို့) ဗိုက်အောင့်ဖြစ်တယ်ဆိုရင် အစာနဲ့တွဲသောက် နိုင်ပါတယ်။
Lithium ဆေးကို အစာစားပြီးပြီးချင်းပဲဖြစ်ဖြစ်၊ အစာ (သို့) နွားနို့နဲ့တွဲသောက်ရင်ပဲဖြစ်ဖြစ် သုံးစွဲနိုင်ပါတယ်။ မဟုတ်ရင် အစာအိမ်နာတတ်ပါတယ်။ နောက်ပြီး Lithium သောက်ရင် ခန္ဓာကိုယ်အတွင်း ဆားဓာတ်ကျဆင်း သွားတတ်လို့ အစားအသောက်ကို ပုံမှန်အတိုင်း ဆား မလျှော့ဘဲ စားပေးဖို့လိုအပ်ပြီး နေ့စဉ် ရေ ၈-၁၂ ခွက်အထိ လည်း သောက်ပေးရပါမယ်။
(2) အရက်
အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြင်းထန်လာနိုင်ပါတယ်။