Bisphosphonates (အရိုးပွရောဂါကာကွယ်ကုသဆေး)
ဥပမာ 1. Alendronate sodium
2. Alendronate Sodium + Cholecalciferol
3. Ibandronate Sodium
4. Risedronate Sodium
5. Risedronate Sodium + Calcium Carbonate
Bisphosphonates ဆေးတွေကို အရိုးပွရောဂါမဖြစ်အောင် ကာကွယ်တဲ့အခါမှာနဲ့ ကုသပေးတဲ့အခါမှာ အသုံးပြုပါတယ်။
ဒီဆေးတွေက အရိုးဆဲလ်တွေပျက်စီးခြင်းကို ဟန့်တားပေးပြီး အရိုးရဲ့ သိပ်သည်းဆကို မြှင့်တင်ပေးပါ တယ်။
ဓာတ်ပြု ခြင်း
အစားအသောက်
Bisphosphonates ဆေးတွေက အစာမရှိတဲ့အချိန်သောက်မှ အာနိသင်ပြပါတယ်။ အိပ်ယာမှထချိန် မနက်စာ မစားရသေးခင် ရေတစ်ဖန်ခွက်အပြည့်နဲ့ သောက်ဖို့လိုပါတယ်။ ဆေးသောက်တဲ့အချိန် မှာလည်း ထိုင်လျက် (သို့) မတ်တပ်ရပ်အနေအထားမျိုးနဲ့ သောက်ရပါမယ်။ လှုပ်ရှားမှုတစ်ခုခုလုပ်နေရင်းနဲ့ မသောက်ရပါဘူး။
ဆော်ဒါရည်၊ ဘိလပ်ရည်၊ သတ္တုဓာတ်ပါ၀င်တဲ့ရေတို့နဲ့ တွဲမသောက်ရပါဘူး။ အစာအိမ်လေနာ ပျောက်ဆေးနှင့် အခြားဆေးများ၊ အစားအသောက်၊ ကယ်(လ)စီယမ်၊ ဗီတာမင်ဆေးများ၊ အခြားအာဟာရဖြည့်စွက်စာများ စသည်တို့ကို အနည်းဆုံး ဆေးသောက်ပြီး မိနစ် ၃၀ ( Alendronate နှင့် Risedronate ဆေးများ)၊ မိနစ် ၆၀ (Ibandronate ဆေး) ခြားပြီးမှ စားသောက်ရပါမယ်။
အရေးကြီးတဲ့နောက်တစ်ချက်က ဆေးသောက်ပြီးပြီးချင်း ပြန်လည်လှဲလျောင်းနေလို့ မရပါဘူး။ မနက်စာကို မဖြစ်မနေစားပြီးမှသာ ပြန်လှဲရပါမယ်။