/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/cadiac-drugs-နှလုံးဆေး

Cadiac Drugs (နှလုံးဆေး)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

I. Beta Blockers ( Beta Blockers သွေးတိုးနှင့်နှလုံးရောဂါကုဆေး) 

        ဥပမာ   1.       Carvedilol

                   2.       Metoprolol

        Beta Blockers ဆေးတွေက နှလုံးခုန်နှုန်းကိုနှေးစေပြီး သွေးကြောတွေကိုလည်း ပျော့ပြောင်းစေပါတယ်။ ဒီလိုလုပ်ပေးတဲ့အတွက် နှလုံးက သွေးညှစ်ထုတ်တဲ့နေရာမှာ အားသိပ်စိုက်ဖို့ မလိုတော့ပါဘူး။

        ဒီဆေးတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့ ရင်ဘတ်စူးအောင့်နာ (Angina) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နှလုံးသို့သွေးကောင်းစွာမရောက်၍ နှလုံးကြွက်သားများ ပျက်စီးသည့်ရောဂါ (Heart Attack) နဲ့ သွေးတိုးရောဂါတို့ကို ကုသတဲ့နေရာတွေမှာလည်း အသုံးပြုပါတယ်။

        Beta Blockers ဆေးတွေကို ရေရှည်စွဲသောက်လာပြီးမှ ဆေးဖြတ်တော့မယ်ဆိုရင် ဖြည်းဖြည်းချင်း ဆေးပမာဏ ကိုလျှာ့ချပြီးမှ ဖြတ်ရပါမယ်။ မဟုတ်ရင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ Heart Attack တို့နဲ့ ကြုံရနိုင်ပါတယ်။ အန္တရာယ်ကြီးလွန်းတဲ့အတွက် ဆရာ၀န်နဲ့သေချာတိုင်ပင်ပြီးမှ ဖြတ်သင့်ပါတယ်။

ဓာတ်ပြု ခြင်း

အစားအသောက်

       Carvedilol ပါ၀င်တဲ့ဆေးတွေက သွေးပေါင်ကို အလွန်အကျွံကျစေတဲ့အတွက် အစာနဲ့တွဲပြီးသာ သောက်သုံး ရပါမယ်။ Carvedilol Extended Release Capsule (အချိန်ကြာကြာနဲ့ ဖြည်းဖြည်းချင်း အာနိသင်ပြအောင် ပြုလုပ်ပေးထားသောဆေးတောင့်ပုံစံ) ကိုတော့ မနက်စာနဲ့တွဲပြီး သောက်ရပါမယ်။ ဆေးတောင့်ကို အမှုန့်ဖြစ်အောင်ကြိတ်ခြင်း၊ အပိုင်းလေးများဖြစ်သွားအောင် စိတ်ခြင်း၊ ဝါးစားခြင်းမပြုလုပ်ရပါ။

        Metoprolol ဆေးတွေကိုလည်း အစာနဲ့တွဲသောက်တာမျိုး (သို့) အစာစားပြီး ချက်ချင်းသောက်တာမျိုး လုပ်ရပါတယ်။

 

II. Glycosides (Glycosides နှလုံးရောဂါကုဆေး)

          ဥပမာ       -        Digoxin

              Glycosides ဆေးတွေက နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ပိုမို ကောင်းမွန်စေပါတယ်။ ဒီဆေးတွေကို နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ (Heart Failure) နဲ့ နှလုံးခုန်မမှန်သော ရောဂါတွေမှာ ကုသဖို့အသုံးပြုပါတယ်။

 

ဓာတ်ပြု ခြင်း

အစားအသောက်

       Digoxin ကို အစာမစားခင်သောက်မယ်ဆိုရင် ၁ နာရီကြိုသောက်ပြီး အစားစားပြီးမှ သောက်မယ်ဆိုရင် ၂ နာရီခြားပြီးမှသောက်ပါ။ နေ့စဉ်အချိန်မှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။ အမျှင်ဓာတ်ပါ၀င်မှုများတဲ့ အစားအသောက်တွေက Digoxin ရဲ့ အာနိသင်ကို လျှော့ချပစ်နိုင်တဲ့ အတွက် ဒီလိုအစားအသောက်တွေ စားဖြစ်မယ်ဆိုရင် အနည်းဆုံး မစားခင်၂ နာရီ စောပြီးပဲ ဖြစ်ဖြစ်၊ စားပြီး ၂ နာရီကြာပြီးမှပဲဖြစ်ဖြစ် သောက်သုံး သင့်ပါတယ်။

       ပွေးကိုင်းပါ၀င်တဲ့အစားအစာတွေနဲ့ တွဲသောက်ရင် Digoxin ရဲ့ ပမာဏနဲ့ အာနိသင်ကို လျော့နည်းသွားစေတဲ့ အတွက် တွဲမသောက်သင့်ပါဘူး။ ဒါ့အပြင် နွယ်ချိုပါတဲ့ အစားအသောက်တွေနဲ့ တွဲသောက်ရင်လည်း နှလုံးခုန် မမှန်တာတို့၊ နှလုံးသို့ သွေးကောင်းစွာမရောက် ၍ နှလုံးကြွက်သားများ ပျက်စီးသည့်ရောဂါ(Heart Attack)တို့နဲ့ ကြုံတွေ့ ရနိုင်ပါတယ်။

တွဲဖက်မသုံးစွဲသင့်သည်များ