/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/lipid-altering-agents-statins

Lipid-Altering Agents / Statins (သွေးတွင်းအဆီကျဆေး)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

        ဥပမာ    1.       Atorvastatin

                   2.       Fluvastatin

                   3.       Lovastatin

                   4.       Pravastatin

                   5.       Simvastatin

                   6.       Rosuvastatin

        Statins ဆေးတွေက မကောင်းတဲ့အဆီ (LDL) ထုတ်လုပ်မှုကို လျှော့ချခြင်းဖြင့် သွေးတွင်းအဆီများကျဆင်း သွားအောင် လုပ်ဆောင်ပေးပါတယ်။ တချို့ Statins တွေက Triglycerides လို့ခေါ်တဲ့အဆီကို ပါလျော့နည်းစေပြီး တချို့တွေကတော့ ကောင်းတဲ့အဆီ (HDL) ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

        ဒီဆေးတွေက သွေးတွင်းအဆီများလွန်းလျှင် ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲရောဂါများ (ဥပမာ- နှလုံးသို့သွေးကောင်းစွာမရောက်၍ နှလုံးကြွက်သားများ ပျက်စီးသည့်ရောဂါ(Heart Attack) ၊ လေဖြတ်ခြင်း၊ လေဖြန်းခြင်း) မှ ကာကွယ်ပေးပါတယ်။

ဓာတ်ပြု ခြင်း

(1) အစားအသောက်

        Statins အုပ်စု၀င်အများစုကို အစားစားပြီးရင်ပဲဖြစ်ဖြစ်၊ အစားမစားခင်ပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ တချို့ဆေးတွေက ညစာနဲ့တွဲသောက်ရင် အာနိသင်ပိုကောင်းစေပါတယ်။

        Atorvastatin, Lovastatin နဲ့ Simvastatin တို့သောက်သုံးနေတဲ့သူတွေဟာ တစ်နေ့ကို ဂရိတ်ဖရုဖျော်ရည် (Grapefruit Juice) တစ်လီတာစွန်းစွန်း (အတိအကျဆိုရင်တော့ တစ်လီတာနဲ့ ၁၄၀ ml) ထက်ပိုပြီး သောက်သုံး မှုမပြုရပါဘူး။ အကြောင်းကတော့ ဂရိတ်ဖရုဖျော်ရည် သောက်တာ အရမ်းများသွားရင် ဒီဆေး (၃) မျိုးရဲ့ အာနိသင်ပိုပြင်းသွားပြီး ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံရနိုင်ခြေ ပိုများလာလို့ပါ။ ဒါပေမဲ့ တချို့ Statins တွေကတော့ ဂရိတ်ဖရုဖျော်ရည်နဲ့ဓာတ်ပြုတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့် Statins ဆေးတွေ သောက်သုံးရတော့မယ်ဆိုရင် ဆရာ၀န်ထံမှ လိုက်နာရ၊ ရှောင်ကြဉ်ရမယ့် အချက်အလက်တွေကို သေချာမေးမြန်းထားဖို့လိုပါလိမ့်မယ်။

(2) အရက်

        Statins ဆေးတွေနဲ့ ကုသမှုခံယူနေစဉ်အတွင်း အရက်ကိုရှောင်ကြဉ်ထားရပါမယ်။ အရက်မရှောင်ရင် အသည်းပျက်စီးနိုင်တဲ့ အလားအလာပိုများစေနိုင်ပါတယ်။

တွဲဖက်မသုံးစွဲသင့်သည်များ