/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/vit-k-agonists-anticoagulants-သွေးကျဲဆေး

Vit K Agonists / Anticoagulants (သွေးကျဲဆေး)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

        ဥပမာ    -       Warfarin

        Anticoagulants တွေက သွေးကြောအတွင်း သွေးခဲများဖြစ်ပေါ်လာခြင်းနှင့် ကြီးထွားလာခြင်း တို့ကို လျှော့ချပေးပါတယ်။

        ဒီဆေးတွေကို နှလုံးခုန်မမှန်သူတွေ၊ နှလုံးအဆို့ရှင်လဲထားသူတွေနဲ့ နှလုံးသို့သွေးကောင်းစွာ မရောက်၍ နှလုံးကြွက်သားများ ပျက်စီးသည့်ရောဂါ (Heart Attack) ခံစားနေရသူတွေမှာ ကုသဖို့သုံးပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ ခြေထောက်များအတွင်းရှိ သွေးပြန်ကြောများအတွင်း သွေးခဲဖြစ်တည်မှုကိုလည်း ပျောက်ကင်းစေပါတယ်။

ဓာတ်ပြု ခြင်း

(1) အစားအသောက်

-     Warfarin ကိုအစာမစားမီပဲဖြစ်ဖြစ်၊ အစာစားပြီးပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

-     Vit K ပါ၀င်မှုများတဲ့ အစားအသောက်တွေနဲ့တွဲသောက်ရင်တော့ ဆေးအာနိသင်လျော့နည်းတတ်ပါတယ်။ ဒါကြောင့် Warfarin သောက်သုံးတဲ့သူတွေဟာ Vit K ပါ၀င်မှုများတဲ့အစားအ သောက်တွေ အလွန်အမင်းစားခြင်း မှ ရှောင်ကြဉ်ရပါမယ်။ (ဥပမာ-ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်မုန်လာ၊ ပန်းဂေါ်ဖီ)

-     ခရမ်ဘယ်ရီသီးနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေက Warfarin ရဲ့အာနိသင်သက် ရောက်မှုအပေါ် ထိခိုက်မှုရှိနိုင်တဲ့အတွက် ရှောင်ကြဉ်ရပါမယ်။

-     ဗီတာမင်အားဆေးတွေနဲ့ တွဲသောက်ရင် သွေးကျဲဆေးတွေနဲ့ဓာတ်ပြုပြီး ဆေးရဲ့ အာနိသင်ကို လျော့ချပစ် လိုက်တာမျိုး၊ ဘေးထွက်ဆိုးကျိုး ပိုပြင်းထန်စေတာမျိုးတွေနဲ့ ကြုံတွေ့စေနိုင်ပါတယ်။

-     ကြက်သွန်ဖြူ၊ ဂျင်း၊ ဂျင်ဆင်း၊ အဆစ်ရောင်နာရောဂါများတွင် သုံးသော Glucosamine ဆေးနှင့် ဆေးမြင်းခွာတို့က Warfarin သောက်သုံးနေသူတွေကို သွေးပိုကျဲစေပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးယိုစိမ့်နိုင်တဲ့ အလားအလာ ရှိလို့ ရှောင်ကြဉ်ဖို့လိုအပ်ပါမယ်။

(2) အရက်

        အရက်ကြောင့် Warfarin ရဲ့ အာနိသင်ထိခိုက်စေနိုင်တာမို့ ဆေးသောက်နေစဉ် ကာလအတွင်း အရက်ဖြတ်ထားသင့်ပါတယ်။

တွဲဖက်မသုံးစွဲသင့်သည်များ