/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သက်ကြီးရွယ်အိုများတွင်-လဲကျခြင်းကိုကာကွယ်ရန်-နည်းလမ်းများ

သက်ကြီးရွယ်အိုများတွင် လဲကျခြင်းကိုကာကွယ်ရန် နည်းလမ်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          ငယ်ရွယ်သူများတွင်ချော်လဲပါက အနည်းငယ်နာကျင်ရုံနှင့် အညိုအမည်းစွဲရုံသာဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အိုများတွင်မူ အရိုးကျိုးခြင်းနှင့် ကိုယ်လက်မလှုပ်ရှားနိုင်ခြင်း စသည့်တို့အထိဖြစ်နိုင်ပါသည်။ လဲကျရခြင်းအကြောင်းရင်းများစွာရှိပြီး ၎င်းတို့ကိုသေချာစွာနားလည်ပါက ဘိုးဘွားများအားလဲကျခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ

========

        အသက်အရွယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည် လဲကျရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပြီး ၎င်းတို့မှာ -

  1. အဆစ်အမြစ်များရောင်ရမ်းခြင်း
  2. ခန္ဓာကိုယ်ကို တည့်မတ်အောင်မထိန်းနိုင်ခြင်း
  3. နှလုံးခုန်နှုန်းမမှန်ခြင်း
  4. အမြင်အာရုံချို့တဲ့ခြင်း
  5. တုံ့ပြန်မှုနှေးကွေးခြင်း
  6. ဆီးနှင့်၀မ်းလုပ်ငန်းဆောင်တာများပုံမှန်မဟုတ်ခြင်း
  7. ကြွက်သားများအားနည်းလာခြင်း

          ထို့ပြင် မူးေ၀ခြင်း၊ စိတ်မကြည်လင်ခြင်းနှင့် တုန့်ပြန်မှုနှေးကွေးခြင်း စသည်တို့ကိုဖြစ်စေနိုင်သော ဆေးဝါးများသောက်သုံးခြင်းကလည်း လဲကျစေခြင်း၏ အခြားအကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ ၎င်းဆေးဝါးများတွင် သွေးတိုးကျဆေး၊ နှလုံးဆေး၊ အိပ်ဆေး၊ ဆီးရွှင်ဆေးနှင့်ကြွက်သားပြေလျော့ဆေး စသည်တို့ပါ၀င်ပါသည်။ သို့သော် ဆရာ၀န်၏ညွှန်ကြားချက်မပါဘဲနှင့် ၎င်းဆေးဝါးများ သောက်သုံးခြင်းကိုမူ မရပ်တန့်သင့်ပေ။

 

Dr. Thinzar Wynn

www.drmyanmar.com