အသက်အရွယ်ကြီးလာချိန်မှာ မိသားစုနဲ့အတူနေခြင်းက သေဆုံးမှုကိုလျော့ကျစေနိုင််
အသက်ကြီးလာချိန်မှာ မိသားစုတွေ မိတ်ဆွေတွေနဲ့အတူနေရမယ်ဆိုရင် ကျန်းမာရေးပိုကောင်းနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အထီးကျန်သူတွေဟာ စိတ်ကျရောဂါ၊ နှလုံးရောဂါနဲ့ အခြားသောရောဂါတွေ ဖြစ်နှုန်းပိုများပါတယ်။
မိသားစုများများရှိပြီး မိသားစုတွေနဲ့အတူနေရတဲ့ ဖိုးဖိုး၊ ဖွားဖွားတွေဟာ အသက်ရှည်ရှည်နေနိုင်တာ များကြောင်းတွေ့ရပါတယ်။ 2010 မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ အသက် 60-69 ကြား လူကြီးတွေရဲ့ 32%၊ အသက် 70 နှင့် အထက်လူကြီးတွေရဲ့ 25% လောက်ဟာ အထီးကျန်စွာနေကြရပြီး ဒီလူတွေမှာ မိသားစုနဲ့အတူနေရသူတွေနဲ့စာရင် ကျန်းမာရေးပိုပြီးချို့တဲ့ကြတာကို တွေ့ရပါတယ်။
မိတ်ဆွေတွေ မိသားစုတွေနဲ့ မျက်နှာချင်းမဆိုင်ရတဲ့လူကြီးတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ချေ 2 ဆ ပိုများပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် မိသားစုတွေ၊ မိတ်ဆွေတွေအနားမှာရှိခြင်းဟာ ကိုယ်၊ စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိတယ်ဆိုတာကို တွေ့နိုင်ပါတယ်။
အမှန်တကယ်တော့ မိသားစုဆိုတာ ကျွနု်ပ်တို့ရွေးချယ်ခွင့်မရှိသလို သူတို့ကလည်း ကျွနု်ပ်တို့ကိုရွေးချယ်ခွင့်မရှိတဲ့ အသက်ရှည်ဖို့အတွက် သဘာဝတရားက ပေးအပ်လိုက်တဲ့လက်ဆောင်ပဲဖြစ်ပါတယ်။
Dr. Mya Myo Myo Swe






























