ခြေထောက်ကျိုးသွားပါက အရေးပေါ်ကုသနည်း
ပေါင်ရိုးကျိုးသွားလျှင် (သို့) ကျိုးသွားသောအရိုးကအရေပြားကိုဖောက်ထွက်လာလျှင် အရေးပေါ်အခြေအနေကို သတ်မှတ်ပြီး ဆေးရုံသို့ ချက်ချင်းသွားပါ။
အထက်ဖော်ပြပါအခြေအနေမျိုးမဟုတ်ပါက
၁။ ရောင်တင်းဖောင်းကားလာမှုကိုလျော့ချရန်နဲ့ ထပ်မံထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ကျဉ်ရန် ကျိုးသွား တဲ့ ခြေထောက်ကို ငြိမ်ငြိမ်ထားပါ။ ရေခဲကပ်ပေးပါ။ ခေါင်းအုံးဒါမှမဟုတ် cushions တစ်ခုခုခံ၍ ခြေထောက် ကို မြှင့်ပေးထားပါ။
၂။ ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းခံယူပါ။ ခြေထောက်ကျိုးသွားသူကို ဆရာ၀န်ဆီခေါ်သွားပါ။ ပေါင်ရိုး ကျိုးသွားသူကို မ မနိုင်လျှင် သက်ဆိုင်ရာသို့အကြောင်းကြားပြီး ဆေးရုံသို့ခေါ်သွားပါ
၃။ လိုက်နာဆောင်ရွက်ရန်-
ထိခိုက်မှုအပေါ်မူတည်၍ ကုသမှုလုပ်ဆောင်ရပါမယ်။
ဆရာ၀န်က လူနာရဲ့ခြေထောက်ကိုစစ်ဆေးပြီး ဓာတ်မှန်ရိုက်ပါမယ်။
အရိုးကိုဖြောင့်တန်းအောင် ကျပ်စည်းပေးထားရပါမယ်။
ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။






























