ဓာတ်မတည့်ခြင်း (သို့) Allergic Reaction
ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေကတော့
- အသက်ရှူကျပ်ခြင်းဒါမှမဟုတ်အသက်ရှူ သောအခါ တရွှီးရွှီးမြည်ခြင်း၊
- လည်ချောင်းအတွင်းတစ်စို့တစ်စို့ခံစားရခြင်း၊
- အသံအောခြင်း (သို့) စကားပြောရခက်ခဲခြင်း၊
- နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်ရမ်းခြင်း၊
- ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊
- နှလုံးခုန်နှုန်းမြန်ခြင်း၊
- စိုးရိမ်ပူပန်ခြင်း၊ ငိုက်မျဉ်းခြင်း၊
- သတိလစ်မေ့မျောခြင်း၊
ကုသမှုခံယူပါ။
ပင်လယ်စာစားမိလို့ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့မတည့်တဲ့ ပန်း၀တ်မှုန်တစ်မျိုးမျိုးကို ရှူ ရှိုက်မိလို့ဘဲဖြစ်ဖြစ် ဓာတ်မ တည့်တဲ့ရောဂါလက္ခဏာအပျော့စားတွေ ပေါ်ပေါက်လာခဲ့ရင် ဆေးဆိုင်တွေမှာ အလွယ်တကူ၀ယ်လို့ရတဲ့ Burmeton (သို့) Alerday စတဲ့ဆေးတွေကိုသောက်သုံးနိုင်ပါတယ်။ နှာရည်ကျတာအရမ်းများလာ ရင်တော့ နှာစေးပျောက်ဆေး (Cetirizine ပါ၀င်သောဆေးများ)တွေကို အသုံးပြုရပါမယ်။ မျက်ရည်တစိုစိုဖြစ်နေရင်၊ မျက်ရည်ပူတွေကျလာရင်တော့ မျက်စဉ်းခတ်ပေးဖို့လိုပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ယောင်ရမ်းယားနာကွက်တွေ ပေါ်ပေါက်လာရင်တော့ ရေအေး ဖတ်ကပ်ပေးပြီး Hydrocortisone ပါတဲ့ Cream တစ်မျိုးမျိုးလိမ်းပေးနိုင်ပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးယားနာယောင်ရမ်းခြင်း၊ သတိလစ်မေ့လျော့ခြင်းစတဲ့ ရောဂါလက္ခဏာ အပြင်းစားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးခေါ်ဆောင်သွားရပါမယ်။






























