နှင်းကိုက်နာဖြစ်ခြင်းအတွက် ရှေးဦးပြုစုနည်းများ
ကိုယ်ခန္ဓာ ဒါမှမဟုတ် အရေပြားတွင်အဖြူကွက် (သို့) အမည်းကွက်များဖြစ်ပြီးတင်းမာနေခြင်း၊ ၎င်းနေရာကို ထိလိုက်ရင် ခံစားမှုမရှိခြင်း၊ ကိုယ်ခန္ဓာအပူချိန်အလွန်အမင်းကျဆင်းခြင်းစတဲ့ လက္ခဏာတွေ တွေ့ရှိပါက ဆေးရုံ သို့အမြန်ဆုံးပို့ဆောင်သင့်ပါတယ်။
၁။ အနွေးဓာတ်ရအောင် ပြုလုပ်ပါ။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် လက်လှမ်းမမှီသောနေရာတွင် ရောက်နေပါကအောက်ပါတို့ကို လုပ်ဆောင်ထားပါ။
(၁) နှင်းကိုက်နာဖြစ်နေတဲ့သူကို နွေးထွေးတဲ့နေရာတွင်ထားပါ။
(၂) ငြိမ်ငြိမ်နေခိုင်းပါ။
(၃) အရေပြားကနွေးနေရင်တော့အနွေးဓာတ်ရအောင် ထပ်လို့ဖို့မလိုတော့ပါဘူး။ မလိုအပ်တဲ့ အနွေး ဓာတ်ပေးခြင်း၊ လေအေးနှင့်ထိတွေ့ခြင်းတို့က နှင်းကိုက်နာကိုပိုဆိုးစေပါတယ်။
(၄) အနာကို ကြက်သီးနွေးရေဖြင့် အရေပြားပူနွေးနီရဲလာသည်အထိအနွေးဓာတ်ပေးပါ။
(၅) ရေနွေးနွေးလေးမရှိပါကအနာကိုအာငွေ့ပေးပါ။
(၆) အရေပြားကိုပွတ်ခြင်း၊ အရည်ကြည်ဖုကိုဖောက်ခြင်းမပြုလုပ်ပါနှင့်
(၇) မီးကိုအသုံးပြု၍တိုက်ရိုက်အပူပေးခြင်းကိုရှောင်ကြဉ်ပါ။
(၈) အနာကိုခြောက်သွေ့ပြီးပိုးသတ်ထားတဲ့ ပတ်တီးစနဲ့လျော့လျော့လေးစည်းထားပါ။
(၉) လက်ချောင်း၊ ခြေချောင်းများတွင်ဖြစ်ပါကလက်ချောင်း (သို့) ခြေချောင်းများအချင်းချင်း မထိနေအောင်ဂွမ်းစ(သို့) ပတ်တီးစခံပြီးမှ ပတ်တီးစည်းပေးပါ။
၂။ ကုသမှုခံယူပါ။
ရောဂါကုသမှုကတော့ ဖြစ်စေတဲ့အကြောင်းရင်းပေါ်မှာမူတည်၍ ကွဲပြားနိုင်ပါတယ်။
- အနာကိုအနွေးဓာတ်ရအောင်ပြုလုပ်ခြင်း၊
- နာကျင်မှုသက်သာစေမယ့်ဆေးပေးခြင်း၊ ရေဓာတ်ကုန်ခမ်းနေရင် အကြောဆေးသွင်းပေးခြင်း၊
- မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ဆရာ၀န်က ပြုလုပ်ပေးပါလိမ့်မယ်။






























