ကိုယ်အလေးချိန်တိုးလာခြင်းကို သတိပြုမိစေခဲ့တဲ့ အားလပ်ရက်ခရီးစဉ်တစ်ခု
ကျွန်မနာမည်က Kelly Fitzpatrick ဖြစ်ပြီးအသက် ၂၁ နှစ်ရှိပါပြီ။ အားလပ်ရက်တစ်ခုမှာ သူငယ်ချင်းတွေနဲ့ အတူတူ Spain နိုင်ငံမှာရှိတဲ့ Majorca ကျွန်းကိုသွားခဲ့ရာက ကျွန်မရဲ့ ဇာတ်လမ်းစခဲ့ပါတယ်။ ကျွန်းပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ လေမွေ့ရာတစ်ခုစီပေါ်မှာလှဲပြီး နေပူဆာလှုံနေ ရင်း ကျယ်လောင်တဲ့အသံတစ်ခုပေါ်လာပြီး သတိထားမိလိုက်တဲ့အချိန်မှာကိုယ်အလေးချိန် ၂၃၈ ပေါင်ရှိတဲ့ ကျွန်မလှဲနေတဲ့ လေမွေ့ရာက လေလျော့သွားပြီး မွေ့ရာထဲမှာ မြုပ်၀င်နေတဲ့ ကျွန်မကို အားလုံးက ရယ်မောချင်စိတ်နဲ့ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။ အရမ်းကိုရှက်ပြီး ငိုချင်စိတ်ကိုတတ်နိုင်သလောက် ထိန်းထားကာ လေမွေ့ရာအောက်မှာ ရှိနေတဲ့ ကျောက်တုံးကြောင့် လေလျော့ သွားတယ်လို့ ဟန်ဆောင်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်မရဲ့ကိုယ်အလေးချိန်ကြောင့်ဆိုတာ ကျွန်မကောင်းကောင်း သိပါတယ်။
ကျွန်မအတွက် ဒီလိုမျိုးပုံစံနဲ့ အလားတူကိစ္စရပ်လေးတွေ ကြုံတွေ့ခဲ့ရဖူးပေမယ့်လည်း ဒီတစ်ခါမှာတော့ ရှက်စရာအကောင်းဆုံးဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ကြုံရပြီးနောက် အားလပ်ရက်တစ်လျှောက်လုံးမှာ စိတ်ကသိကအောက်ဖြစ်ခဲ့ရပြီး သူငယ်ချင်းတွေ မရိပ်မိအောင်လည်း တစ်ချိန်လုံးဟန်ဆောင်ခဲ့ရပါ တယ်။ နောက်ပိုင်းမှာသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ခရီးေ၀းေ၀းကို ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အလုပ်တွေအများကြီး လုပ်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး အားလပ်ရက်တိုင်းကို ငြင်းဆိုခဲ့ပါတယ်။ လေသွင်းထားတဲ့ ထိုင်ခုံပေါက်သွားတာမျိုး ဒါမှမဟုတ် ရိုးရိုးထိုင်ခုံမှာငြိနေတဲ့ အဖြစ်မျိုးတွေနဲ့ နောက်တစ်ခါကြုံတွေ့နေရမှာကို စိုးရိမ်ထိတ်လန့်နေမိခဲ့တာကြောင့် ကိုယ်အလေးချိန်လျှော့ချမှဖြစ်တော့မယ်ဆိုတဲ့ အသိစိတ်က ၀င်လာခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချပြီးကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရင်း ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း မလျော့သောဇွဲနဲ့ ကြိုးစားလေ့ကျင့်ခဲ့တာကြောင့် ၇ လအတွင်းမှာ ၉၈ ပေါင်ကျသွားခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်တောင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အရင်က ဆိုဒ်နံပါတ် ၂၀ ရှိတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ရာမှ အခုဆိုရင် ဆိုဒ်နံပါတ် ၁၀ လောက်သာရှိတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်နိုင်ပြီး ကျွန်မနဲ့ စေ့စပ်ထားတဲ့ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ David နဲ့အတူ Spain နိုင်ငံမှာပဲတည်ရှိတဲ့ Tenerife ကျွန်းတွေကိုသွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ တစ်ချိန်တုန်းက လေသွင်းမွေ့ရာတို့၊ လေသွင်းထားတဲ့ ထိုင်ခုံတို့အပေါ်မှာ ထိုင်ဖို့ကိုတောင် အင်မတန်ကြောက်လန့်သွားခဲ့တဲ့ ကျွန်မအနေနဲ့ အခုတော့ စိတ်သက်သောင့်သက်သာ ပူပန်မှုကင်းေ၀းစွာနဲ့ အနားယူအပန်းဖြေနိုင်ပါပြီ။
ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ဖို့အတွက် မျက်ကွယ်ပြုခဲ့သောနေ့ရက်များ
ကျွန်မအနေနဲ့ ငယ်ငယ်လေးကတည်းက ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အသက် ၁၁ နှစ်သာသာလေးအရွယ်မှာပဲဆိုဒ်နံပါတ် ၂၀ ရှိတဲ့ကျောင်းအကျႌႌႌႌကို ၀တ်ဆင်ခဲ့ရပါတယ်။ မူလတန်း ကျောင်းသားဘ၀တုန်းကဆိုရင် ဆိုဒ်နံပါတ် ၁၈ ကနေ ၂၀ ကြားမှာရှိတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ရပြီး အရွယ်ရောက်ပြီးသူတွေ၀တ်ဆင်တဲ့ ကျောင်းအကျႌႌႌႌတွေကိုမှာယူခဲ့ရပါတယ်။ မိဘတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသောက်ဖို့ပြောပေမယ့်လည်း ကျွန်မအနေနဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး အချိုဓာတ်များစွာပါ၀င်တဲ့ အစားအစာတွေ၊ ပြု ပြင်ထားတဲ့အစားအစာတွေနဲ့ ကစီဓာတ်များတဲ့ အစားအစာကိုသာ စားသောက်ခဲ့ပါတယ်။ ပြီးတော့ မိဘတွေက ကိုယ်ကာယလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခိုင်းခဲ့ပေမယ့်လည်း ကျွန်မအကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ ကိုယ်လက်လှုပ်ရှားပြီး လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတွေ ဆိုရင် ရှောင်လေေ၀းေ၀း မူးယစ်ဆေးဆိုသလို ဖြစ်နေခဲ့ပြီး အစားအသောက်နဲ့ ပတ်သက်ရင်လည်း ကျွန်မစိတ်ကြိုက် စားသောက်ခဲ့ပြီးအမေက ကျွန်မစားဖို့ ပြုလုပ်ပေးထားတဲ့ ပန်းဂေါ်ဖီ၊ အာလူးပြုတ် ထောင်းတို့လို အစားအစာမျိုးတွေဆိုရင် စိတ်ကူးထဲမှာတောင် မရှိခဲ့ပါဘူး။ ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ ကျွန်မအတွက် စိုးရိမ်ပူပန်မှုတစ်ခါမှ မဖြစ်စေခဲ့တဲ့ အကြောင်းရင်းကတော့ ကျောင်းသူဘ၀ တစ်လျှောက်လုံးမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စနောက်ခြင်းမခံရတဲ့အပြင် အနိုင်ကျင့်ခြင်း ခံရတယ်ဆိုတာလည်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်းကိုယ့်ကိုကိုယ် ၀နေတဲ့သူတစ်ယောက်လို့ မခံစားမိခဲ့တဲ့အပြင် ကျွန်မစိတ်ကြိုက်အတိုင်းသာ နေထိုင်ခဲ့ပါတယ်။
အသိစိတ်ရှင်သန်နိုးကြားလာခြင်း
ဒါပေမဲ့ အားလပ်ရက်မှာ Majorca ကျွန်းကိုသွားခဲ့စဉ်ကအရာရာပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်မ၀တ်ဆင်နေကျဖြစ်တဲ့ ဖက်ရှင်မကျတဲ့အ၀တ်အစားတွေကို မ၀တ်ဆင်ချင်တော့တဲ့အပြင် ခန္ဓာကိုယ် တစ်ကိုယ်လုံးက လေးလံနေပြီးသွက်လက်တက်ကြွမှုမရှိတဲ့ စိတ်သွားတိုင်းကိုယ်မပါဖြစ်ခဲ့ခြင်းကို မုန်းတီးခဲ့ပါတယ်။ ပါတီပွဲတွေသွားခြင်းကို နှစ်သက်ခဲ့တဲ့ ကျွန်မအနေနဲ့ ဆိုဒ်နံပါတ် ၂၀ ရှိတဲ့ ကိုယ်ကျပ်အကျႌႌႌႌတွေကို ၀တ်ဆင်ပြီးပါတီပွဲတွေကိုသွားရခြင်းဟာ စိတ်ကျဉ်းကျပ်ပေမယ့်လည်း ကျွန်မရဲ့ခန္ဓာကိုယ်အနေအထားကို ဖုံးကွယ်ပေးထားနိုင်တာကြောင့်သာ ၀တ်ဆင်ခဲ့ရပါတယ်။ အရမ်း၀နေတဲ့ခံစားမှုမျိုး စိတ်ထဲက ကသိကအောက်ဖြစ်ရတဲ့ ခံစားမှုမျိုးမရှိဘဲနဲ့ အပြင်ကို သွားချင်တဲ့စိတ်ဖြစ်ပေါ်ခဲ့ပြီး Dave နဲ့ကျွန်မရဲ့ ဆက်ဆံရေးကလည်း ပိုပြီးခိုင်မာလာတာကြောင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ ကျွန်မရဲ့စိတ်ထဲမှာခိုအောင်းစပြုခဲ့ပါတယ်။ အ၀လွန်နေပြီး ကျန်းမာရေးမကောင်းတဲ့အပြင် သွက်လက်တက်ကြွမှုမရှိတဲ့ မိခင်တစ်ယောက်ဖြစ်လာမှာကို စိုးရိမ်ကြောင့်ကြမှုတွေဖြစ်ခဲ့ရပြီး အရမ်း၀လွန်းနေတာကြောင့် ကျွန်မက ကိုယ်၀န်ဆောင်သည် တစ်ယောက်ဖြစ်ခဲ့တယ် ဆိုတာတောင် ပတ်၀န်းကျင်ကလူတွေ သတိမထားမိဘဲဖြစ်မှာ အထိတောင် တွေးတောပူပန်ခဲ့ရပါတယ်။ ဒီကိုယ်အလေးချိန်ကြောင့် ကလေးရနိုင်ခြင်းကို အဟန့်အတားဖြစ်စေခဲ့မယ်ဆိုရင် တကယ်လို့ ကလေးရခဲ့မယ်ဆိုရင်တောင် ကျန်းမာစွာ နေထိုင်စားသောက်ခြင်းမရှိခဲ့တဲ့ ကျွန်မကြောင့် ကလေးမှာတစ်စုံတစ်ခု ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမှာကိုလည်းစိုးရိမ်ပူပန်တဲ့စိတ်က အတိုင်းမသိအောင် ဖြစ်ခဲ့ရပါတယ်။ ဒီလိုမျိုးစိုးရိမ်ကြောင့်ကြမှုတွေက တစ်ဆင့်ထက်တစ်ဆင့် တိုးလာခဲ့ပြီး အ၀လွန်နေတဲ့သူတစ်ယောက်အဖြစ် ဘ၀ကိုရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လျှောက်လှမ်းခဲ့ခြင်း
ဒါကြောင့် ၂၀၁၂ ခုနှစ်အောက်တိုဘာလ၊ လေမွေ့ရာကွဲတဲ့ကိစ္စ ဖြစ်ပြီးနောက် နှစ်လအကြာမှာ Cambridge Weight Plan ကိုဆက်သွယ်ဖို့ စိတ်အားတင်းခဲ့ပြီး ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သစ်သီးဖျော်ရည်၊ ဟင်းချို၊ ဟင်းရွက်သုပ်၊ ဟင်းရွက်ကြော်ပေါင်း၊ လက်ဖက်ရည်၊ ကော်ဖီအစရှိတဲ့ အစားအသောက်တွေကို ပြောင်းလဲ စားသုံးခဲ့ပါတယ်။ ဒါ့အပြင် ရေနွေးကြမ်းသောက်ရင် ကိုယ်အလေးချိန် လျော့ကျစေနိုင်တယ် ဆိုတာကြောင့် နေ့စဉ် သောက်သုံးခဲ့ပါတယ်။
ကိုယ်ကာယလေ့ကျင့်ရေး သင်တန်းမှာ စတင်လေ့ကျင့်ခဲ့တဲ့ ကျွန်မသူငယ်ချင်းက တစ်ပတ်အတွင်းမှာ ၇ ပေါင် ကျသွားတယ်လို့ပြောတော့ ကျွန်မအရမ်းအံ့အားသင့်သွားပြီး သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သူငယ်ချင်းအားမေးကြည့်ခဲ့ပြီး Website မှာလည်းရှာကြည့်ဖြစ်ခဲ့ပါတယ်။ ကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့တဲ့သူတွေရဲ့အကြောင်းတွေကို ဖတ်ကြည့်ပြီး ကျွန်မလည်း လုပ်ဆောင်နိုင်ရမယ်ဆိုတဲ့ အသိဉာဏ်တစ်ခု ရလိုက်ပြီးတာနဲ့တစ်ပြိုင်နက် ကိုယ်အလေးချိန် လျှော့ချခြင်းကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ဖို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကို ကိုယ်အလေးချိန်လျှော့ချမယ့် အစီအစဉ်ကိုပြောပြတော့ သူတို့အားလုံးက ဟားတိုက်ရယ်မောကြပြီး ကျွန်မဒီလို၀ိတ်ချမယ်ဆိုတာ မရေမရာ လျှောက်ပြောခြင်းဖြစ်ပြီး ၁ ရက်၊ ၂ ရက် အတွင်း ပြေပျောက်သွားမယ့်ကိစ္စတစ်ခုလို့ သူတို့အားလုံး ထင်မှတ်ခဲ့ကြပါတယ်။ ပြက်ရယ်ပြုခြင်းကို ခံခဲ့ရပေမယ့်လည်း စိတ်မလျှော့ခဲ့ပါဘူး။ ခန္ဓာကိုယ် အလေးချိန်ကိုချိန်ကြည့်တဲ့အခါမှာ ၂၃၈ ပေါင်ရှိနေတယ်ဆိုတာကို သိလိုက်ရတော့ အရမ်းကို ၀နေပါလားဆိုပြီး တုန်လှုပ်ခဲ့ရပါတယ်။ ဒါကြောင့် အခိုင်အမာဆုံးဖြတ်ထားပြီးသားဖြစ်တဲ့ ကိုယ် အလေးချိန်လျှော့ချချင်တဲ့စိတ်က ပိုပြီးပြင်းထန်ခဲ့ပါတယ်။ လေ့ကျင့်ခန်းစလုပ်တဲ့ တစ်ပတ်အတွင်းမှာ ၁၀ ပေါင်ကျသွားပြီး ဒုတိယအပတ်မှာ ၅ ပေါင်ကျသွားခြင်းဟာ ကိုယ့်ကိုကိုယ်တောင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီးသူငယ်ချင်းတွေ၊ မိသားစု၀င်တွေဆီက ချီးမွမ်းစကားတွေ လက်ခံရရှိခဲ့တဲ့အပြင် အရင်တုန်းက အကျႌႌႌႌဆိုဒ်ကြီးတွေနေရာမှာ အချိုးအစားကျပြီးလှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်နိုင်ခဲ့ပါပြီ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအရောက်မှာ ၅၆ ပေါင်ကျသွားပြီး ကိုယ်အလေးချိန် ၁၈၂ ပေါင်ဖြစ်လာခြင်းဟာ ကျွန်မကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ပထမဆုံးသတ်မှတ်ထားတဲ့ စံချိန်ကိုအချိန်တိုအတွင်းမှာ လျင်မြန်စွာနဲ့ ရရှိပိုင်ဆိုင်နိုင်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ်ပစ်မှတ်အသစ်တစ်ခုအနေနဲ့ ကိုယ်အလေးချိန် ၁၄၀ ပေါင် ရရှိပိုင်ဆိုင်နိုင်အောင် လုပ်မယ်လို့ ယုံကြည်ချက်ထားပြီး ကျွန်မစားသောက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကို ပိုမိုစားသုံးခဲ့တဲ့အပြင် ပြီးခဲ့တဲ့အချိန်တွေတုန်းက Gym သွားဖို့ရှက်ကြောက်ခဲ့တဲ့ ကျွန်မဟာသင်တန်းကိုတစ်ပတ်မှာ ၄ ရက်တက်ရောက်ခဲ့ပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေကို ရည်မှန်းချက် ပြည့်၀ဖို့အတွက် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။
ကိုယ်အလေးချိ်န်တိုးလာခြင်းဟာရင့်ကျက်မှုရှိသူတစ်ဦးဖြစ်စေခဲ့
မေလအရောက်မှာ ကိုယ်အလေးချိန် ၁၄၀ ပေါင်ရရှိပိုင်ဆိုင်ခဲ့တဲ့အပြင် သာမန်အချိုးအစားရှိတဲ့ မိန်းကလေးတွေ ၀တ်ဆင်နိုင်တဲ့ ဆိုဒ်နံပါတ် ၁၀ လောက်သာရှိတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်နိုင်တာကြောင့် ပြောမပြ တတ်လောက်အောင် ၀မ်းသာကြည်နူးခဲ့ပါတယ်။ ကျွန်မကိုယ်ကျွန်မတောင် နောက်တစ်ယောက်ပြောင်းသွားသလို ခံစားမိပြီး အဓိကကျေးဇူးတင်ချင်တဲ့သူက ကျွန်မ၀ခဲ့တဲ့အချိန်တုန်းက နားလည်မှုအပြည့်အ၀ပေးခဲ့တဲ့ ချစ်သူ David ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန် တက်လာခြင်းကို နောက်တစ်ကြိမ်ပြန်လာဖို့ ခွင့်မပြုနိုင်တာကြောင့် အနေအထိုင် အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့သူ တစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင်နေပါပြီ။ အခုဆိုရင် ကျွန်မဟာချစ်သူ David နဲ့အတူတူ ဘ၀ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းပြီး နောင်လာမယ့်အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေဖြစ်လာမယ့် ကျွန်မတို့နှစ်ယောက်ရဲ့ သားသမီးတွေကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေကြွယ်၀စေပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို တည်ထောင်သွားမှာပါ။ လေသွင်းထားတဲ့ ထိုင်ခုံ၊ လေသွင်းမွေ့ရာတို့ ပေါက်ကွဲတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့စရာ မလိုတော့ဘူးလို့တွေးရင်း ပြုံးမိနေပါတော့တယ်။
CMS