ကိုယ်အလေးချိန် 145 ပေါင်လျှော့ချနိုင်ခဲ့တဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦး
ပထမဆုံးအနေနဲ့ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ချင်ပါတယ်။ ကျွန်မနာမည်က Kari Ianuale ပါ။ ကျွန်မ အနေနဲ့ မြင်သူတိုင်းငေးကြည့်ရတဲ့ ပျိုမဒီတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လှလို့ငေးကြည့်ကြတာတော့ မဟုတ်ပါဘူး။ ၀ဖိုင့်လွန်းတဲ့ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပျက်ရယ်ပြုဖို့လည် ပြန်တစ်ချက်စောင်းငဲ့ ကြည့်ကြခြင်းသာဖြစ်ပါ တယ်။ ဒါကြောင့် အပြင်ထွက်တိုင်း အရှက်ရသလို ကျွန်မအမျိုးသားက သူ့မိတ်ဆွေ ဇနီးမောင်နှံတွေနဲ့ မိတ်ဆက်ပေးချိန်တိုင်းမှာလည်း အရမ်းသိမ်ငယ်ခဲ့ရပါတယ်။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့ သူတို့ရဲ့ အမျိုးသမီးတွေကိုတွေ့တိုင်း စိတ်အားငယ်တာတွေ၊ ကိုယ့်ကိုကိုယ်အပြစ်တင်တာတွေ၊ စိတ်အလိုမကျတာတွေနဲ့ မနာလိုစိတ်တွေက ကျွန်မရဲ့စိတ်ကို အကြီးအကျယ်လွှမ်းမိုးနေခဲ့ပါတယ်။
ကျွန်မဘယ်လိုပုံစံ၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အမြဲနားလည်ပေးပြီး ချစ်ခြင်းမေတ္တာကိုသာ တန်ဖိုးထားတဲ့ ကျွန်မအမျိုးသားအပေါ် အားနာမိသလို အနာဂတ်ခရီးလမ်းကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းဖို့တောင် အင်အားတွေမရှိတော့ပါဘူး။ အဲဒီအချိန်ကစပြီး ကိုယ့်ကိုကိုယ်ယုံကြည်စိတ်တွေ ပြန်လည်မွေးမြူဖို့၊ တခြားသူတွေ ရဲ့ အိမ်သူတွေနဲ့တွေ့တဲ့အခါ သိမ်ငယ်စိတ်မျိုး မခံစားရနိုင်ဖို့အတွက် ကိုယ်အလေးချိန် လျှော့ချမှရမယ်ဆိုတဲ့ ခံယူချက်ကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတယ်။ ချမှတ်ခဲ့တဲ့အတိုင်းလည်း စိတ်အားထက်သန်မှုနဲ့အတူ ဇွဲမလျော့ဘဲ ကိုယ်အလေးချိန်လျော့ချခဲ့တာကြောင့် ကျွန်မပိုင်ဆိုင်ထားရတဲ့ ကိုယ်အလေးချိန် ၃၀၁ ပေါင် ကနေ ၁၄၅ ပေါင် ကျသွားခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်မအနေနဲ့ ကျန်းမာညီညွတ်တဲ့ ကိုယ်အလေးချိန် ၁၅၆ ပေါင်ကို ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ကျွန်မဘယ်လိုမျိုးတွေလုပ်ဆောင်ခဲ့လို့ ဒီလိုကိုယ်အလေးချိန်တွေ လျော့ကျသွား ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မအ၀လွန်သူဖြစ်ခဲ့တုန်းက ခံစားချက်မျိုး ခံစားရနေရတဲ့ ၀ဖိုင့်ဖိုင့်အမျိုးသမီးတွေ၊ ကိုယ်အလေး ချိန်လျှော့ချဖို့ နည်းလမ်းကောင်းတွေကို ရှာဖွေနေသူတွေအတွက် အထောက်အကူဖြစ်စေဖို့ ကျွန်မကိုယ်အလေးချိန်လျှော့ချခဲ့စဉ်က နေထိုင်စားသောက်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အစားအသောက်ကို အကန့်အသတ်နဲ့စားခဲ့
အရင်ကကျွန်မဗိုက်ပြည့်ပြီလို့ မသတ်မှတ်သေးသည်အထိ အတောမသတ်နိုင်အောင် စားသောက်ခဲ့ပေမယ့် ကိုယ်အလေးချိန်လျှော့ချနေစဉ် တစ်လျှောက်မှာတော့ သတ်မှတ်ထားတဲ့စံချိန်အတိုင်း ထမင်းတစ်ပန်း ကန်စားမယ်ဆို တစ်ပန်းကန်ပဲစားခဲ့ပါတယ်။
ပုံမှန်လေ့ကျင့်ရာမှတဆင့် ပိုမိုခိုင်မာအောင်လုပ်ဆောင်ခဲ့
ကိုယ်အလေးချိန်လျှော့ချစဉ် ကနဦးအစမှာ gym သို့မသွားခဲ့ဘဲ စက်ဘီးစီးတာ၊ အားကစားလေ့ကျင့်စက် နဲ့ လေ့ကျင့်တာကို တစ်ပတ်မှာ ၆ ရက်နဲ့တစ်နေ့မှာ မိနစ် ၂၀၊ ၃၀ ကြာ အချိန်ပေးပြီး အိမ်မှာသာလေ့ကျင့်ဖြစ်ခဲ့ ပါတယ်။ ပထမ စစချင်းတစ်လမှာ ပေါင် ၂၀ ကျသွားပေမယ့် တဖြည်းဖြည်း လေ့ကျင့်ခန်းလုပ်ချိန်ပျက်ကွက်လာတဲ့ အတွက် နောက်လတွေမှာ ကိုယ်အလေးချိန် လျော့ကျနှုန်းနည်းလာပါတယ်။ ဒါကြောင့် gym မှာ အသေအချာ လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုယ်အလေးချိန် ထက်၀က်ခန့်လျော့ကျရမယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ထားပြီး လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ခန်းကို ကြိုးစားလုပ်ဆောင်ခဲ့
ကိုယ်ကာယ လေ့ကျင့်ခန်းကို တစ်ပတ်မှာ ၆ ရက်နဲ့ တစ်ရက်မှာ ၃၀၊ ၄၀ မိနစ်ကြာလေ့ကျင့်ခဲ့ပြီး ညစဉ် ၃ မိုင် ၄ မိုင် အကွာအေ၀းလောက် အပြေးလေ့ကျင့်ခဲ့ပါတယ်။
ကိုယ်တိုင်လုပ် ဖျော်ရည်သောက်ခဲ့
နေ့စဉ် အသီးအနှံဖျော်ရည်၊ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ဖျော်ရည် တစ်ခွက် ( ၅၀၀ ml) အမြဲသောက် ပါတယ်။ ဘလူးဘယ်ရီသီး၊ သံပုရာသီး၊ ကိုက်လန်၊ ဟင်းနုနွယ်၊ နာနတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ စတဲ့ အစုံပါတဲ့ ဖျော်ရည်မျိုးတွေ လုပ်သောက်ပါတယ်။
အသား၊ အသီးအရွက်တွေကို မျှတအောင်စားသောက်ခဲ့
နေ့စဉ်အစားအသောက်တွေထဲမှာ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်တွေ များများပါ၀င်အောင် စားသောက်ခဲ့ပြီး ညစာအတွက် အသားဓာတ်ပါ၀င်အောင် စားသောက်ခဲ့ပါတယ်။ အဆင်သင့်ထုတ်ပိုးပြီးသား အသင့်ပြင်အစာတွေ၊ အဆီများစာတွေ၊ အာဟာရမမြောက်တဲ့အစာ (Fast Foods) တွေကို လုံး၀ရှောင်ကျဉ်ခဲ့ပါ တယ်။
တစ်ပတ်မှာတစ်ရက် ခန္ဓာကိုယ်ကိုအနားပေးခဲ့
သောကြာနေ့ကို ကျွန်မရဲ့အားလပ်ရက်အဖြစ် သတ်မှတ်ထားပြီး တစ်ပတ်တစ်ကြိမ် Coffee Latte သောက်ခဲ့သလို ညစာကိုလည်း အပြင်ထွက်စားပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအသောက်တွေ၊ အသုတ်တွေ၊ ဟင်းသီးဟင်းရွက်တွေကိုတော့ မပါမဖြစ်စားသောက်ခဲ့ပါတယ်။
အခုလို စားသောက်နေထိုင်ပုံတွေပြောင်းလဲခဲ့ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ခြင်းကြောင့် ကျွန်မလျော့ကျ လိုတဲ့ ကိုယ်အလေးချိန်တွေ လျော့ကျသွားပြီး ဆန္ဒတွေပြည့်၀သွားပါပြီ။ ဘ၀တစ်ခု အသစ်စလိုက်သလိုပဲ အရာရာ ဟာ ပြောင်းလဲသွားခဲ့ပါပြီ။ နောက်ပြန်လှည့်မသွားဖို့တော့ ကျွန်မအနေနဲ့ အတတ်နိုင်ဆုံး ဆက်ကြိုးစားသွားမှာပါ။
CMS