တစ်နေ့လျှင် ရေနွေးကြမ်းကိုးခွက်သောက်ပြီး ကိုယ်အလေးချိန်လျှော့ချခဲ့သူ
ကျွန်မနာမည် က Samantha Reese ပါ ။ အ၀လွန်နေသူတစ်ယောက်ဖြစ်တဲ့ ကျွန်မအနေနဲ့ ဆေးဝါးဖြင့်သော်လည်းကောင်း၊ အစားအသောက် ဆင်ခြင်ခြင်းဖြင့်သော်လည်းကောင်း ကိုယ်အလေးချိန်လျော့ကျစေဖို့ ကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် ၀ိတ်ကျသွားစေဖို့ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ အစားလျှော့စားခြင်းက ကျွန်မအတွက်အသုံးမ၀င်ခဲ့ဘဲ အများသူငါနှုတ်ဖျားရေပန်း စားနေတဲ့ ရေနွေးကြမ်းကသာ ကျွန်မကိုယ်က အဆီပိုတွေကိုအံ့အားသင့်ဖွယ် ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။
ကျွန်မအနေနဲ့ ပေါင်ချိန် 243 ပေါင် ရှိသော အ၀လွန်သူတစ်ယောက်ဖြစ်ခဲ့ပြီး အရပ် 5 ပေ 1 လက်မ သာရှိသူတစ်ယောက်ဖြစ်တာနဲ့အညီ ပုပု၀၀ဖြစ်နေတဲ့ ကျွန်မရဲ့ပုံပန််းသွင်ပြင်ကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ်။
ဘာကြောင့် ကျွန်မဒီလောက် ၀ လာရသလဲဆိုရင် အာဟာရမမြောက်တဲ့အစာတွေကို ကြိုက်လွန်းတဲ့ အပြစ်ကြောင့်လိို့ ဆိုချင်ပါတယ်။ မနက်စာအတွက် ပေါင်မုန့်မီးကင်ကိုထောပတ်သုတ်ပြီးစားရမှ စိတ်ကျေနပ်သူဖြစ်သလို သရေစာအတွက် ချောကလက်ချောင်း နှစ်ချောင်း၊ နေ့လယ်စာအတွက် ချိစ်နဲ့ လုပ်ထားတဲ့ ဆင်း၀ှစ် နှစ်ခု၊ အာလူးကြော်၊ ညစာအတွက်ပီစာ စတဲ့အစားအစာတွေကို ကျွန်မအတွက် အဓိကအစားအစာတွေ အဖြစ် သဘောထားကာစားခဲ့ပါတယ်။ ထို့အပြင် အချိုရည်၊ သကြားနဲ့ နို့ထည့်ဖျော်ထားတဲ့ လက်ဖက်ရည်ကို တစ်နေ့ 5 ခွက်ထိသောက်ခဲ့ပြီး တစ်နေ့တာအစားအစာမှာ ကွတ်ကီးမုန့်က မပါမဖြစ်ပါလိုက်ပါသေးတယ်။
ကျွန်မရဲ့နောက်ထပ်အပြစ်တစ်ခုကတော့ ပေါင်ချိန်စက်နဲ့ ကျွန်မရဲ့ကိုယ်အလေးချိန်ကို မဆန်းစစ်ကြည့်မိခဲ့တာပဲဖြစ်ပါတယ်။ အကျႌတွေကျပ်လာတဲ့အချိန်မှ ကျွန်မဘယ်လောက်၀နေပြီလဲဆိုတာ သိလိုစိတ်နဲ့ ပေါင်ချိန်ကြည့်တဲ့အခါမှာတော့ တော်တော်လေး ၀နေကြောင်းကိုသိခဲ့ရပါတယ်။
အ၀လွန်နေကြောင်းသိလိုက်ရတာနဲ့ တစ်ပြိုင်နက် ၀ိတ်ချမှဖြစ်တော့မယ်ဆိုတဲ့အသိက အလိုအလျောက် ၀င်လာခဲ့ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျဖို့ ပထမဆုံးလှုပ်ရှားမှုအနေနဲ့ အဆီကျဆေးကိုသောက်ခဲ့ပါတယ်။ ဒါပေမယ့် အားရကျေနပ်စရာကောင်းလောက်အောင် ၀ိတ်ကျသွားတယ်ဆိုတဲ့ ရလဒ်ကိုမရခြင်းကြောင့် ဆေးသောက်တာကိုရပ်လိုက်ပြီး ကျွန်မစားနေကျ အကြိုက်ဆုံးအစာတွေကို စွန့်လွှတ်ကာ ၀ိတ်ကျအောင်စားသောက်တဲ့ ခြိုးခြံစားသောက်နည်းတွေနဲ့ ပြင်ဆင်စားခဲ့ပေမယ့်လည်း ပေါင်ချိန်ကမျော်မှန်း သလောက်ကျမလာခဲ့ပါဘူး ။
ဒါကြောင့် ရေနွေးကြမ်းကိုသောက်ရင် ပေါင်ချိန်ကျစေတယ်ဆိုတဲ့ လူအများညွှန်းဆိုကြခြင်းကို ယုံကြည်ခြင်းမရှိပေမယ့် ၀ိတ်ကျလိုတဲ့ဇောကြောင့် ရေနွေးကြမ်းကိုသောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အရသာကခါးသက်တဲ့အတွက်ကြောင့် စစသောက်ချိန်မှာအတင်းကြိတ်မှိတ်ကာ မြိုချခဲ့ရပေမယ့် နောက်ပိုင်းမှာ အရသာကို ယဉ်လာတဲ့အတွက် မနက်တိုင်းသောက်ဖြစ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ရေနွေးကြမ်းသောက်တဲ့ အကြိမ်အရေအတွက် တိုးတိုးလာကာ တစ််နေ့မှာကိုးခွက်လောက်သောက်တဲ့အဆင့်အထိ တိုးတက်ခဲ့ပါတယ်။
တစ်လအကြာမှာတော့ 15 ပေါင် နီးပါးကျသွားခဲ့ပါတယ်။ အခုဆိုရင် ကျွန်မရဲ့ကိုယ်အလေးချိန်ဟာ ပေါင် 130 လောက်သာရှိပါတော့တယ်။ ကျွန်မကြိုးစားမှုအပေါ်မှာ နှစ်ထောင်းအားရဖြစ်မိပါတယ်။
ဒီလိုကျွန်မအနေနဲ့ ကိုယ်အလေးချိန် ကိုအောင်အောင်မြင်မြင်လျှော့ချနိုင်ခဲ့တာ ဟာ ရေနွေးကြမ်းကို သောက်ခြင်းကြောင့်အပြင် ကျွန်မကြိုက်တဲ့အစားအစာတွေနေရာမှာ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေကို ပြောင်းလဲစားသောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း ပါပါတယ်။ တချိုအ၀လွန်သူတွေအနေနဲ့ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်စားလို့ ၀ိတ်ကျသွားတယ်ဆိုပေမယ့် ကျွန်မအတွက်တော့ ရေနွေးကြမ်းကိုးခွက်သောက်ခြင်းကြောင့် ၀ိတ်ကျသွားစေနိုင်ခဲ့တာလို့ဆိုချင်ပါတယ်။
ရေနွေးကြမ်းကိုးခွက်သောက်ခြင်းကြောင့် ၀ိတ်ကျသွားစေနိုင်တယ်ဆိုတဲ့ မှတ်ယူမှုအပေါ်မှာ သုံးသပ်ချက်အရ အမှန်တကယ်တော့ရေနွေးကြမ်းဟာ ကိုယ်အလေးချိန်ကျစေနိုင်စွမ်းရှိတာမဟုတ်ဘဲ ၄င်းမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ဇီ၀ကမ္မ ဖြစ်စဉ်ကိုမြှင့်တင်ပေးပြီး ဆာလောင်မှုမရှိအောင် လုပ်နိုင်စွမ်းရှိခြင်းကြောင့်ဖြစ်ကြောင်းကို Mayo Clinic မှ အာဟာရဆိုင်ရာ သင်တန်းနည်းပြဖြစ်သူ Katherine Zeratsky ရဲ့ ပြောကြားချက်အရသိရှိရပါတယ်။
ရေနွေးကြမ်းများစွာသောက်လိုက်တဲ့အခါ အရည်တွေနဲ့ ဗိုက်ပြည့်အင့်သွားပြီး ဗိုက်ပြည့်သွားပြီဖြစ်ကြောင်း ဦးနှောက်ဆီသို့သတင်းရောက်သွားခြင်းကြောင့် ဆာလောင်မှုသိပ်မရှိတော့ပါဘူး။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်၀နေခြင်းကြောင့် အစာစားတဲ့အခါ အများကြီးမစားဖြစ်တော့ပါဘူး ။
ရေနွေးကြမ်းကိုးခွက်လောက်သောက်တာဟာ ကြီးကြီးမားမားကျန်းမာရေးပြဿနာ မရှိနိုင်ဘူးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလို မည့်သည့်အရာကိုမှ လိုအပ်တာထက်ပိုလွန်ပြီး မလုပ်တာအကောင်းဆုံးပါ။ လူတစ်ယောက်နဲ့တစ်ယောက် ကဖင်းဓာတ်ကိုခံနိုင်ရည်စွမ်းမတူတာကြောင့် သူများကိုးခွက်သောက်လို့ ကိုယ်လည်းလိုက်သောက်မယ်ဆိုတာမျိုး မဖြစ်သင့်ဘဲ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် တစ်နေ့လျှင် 2-3 ခွက် လောက် သောက်ရုံနဲ့လုံလောက်ကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ လည်း ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အရေးပါကြောင်း Zeratsky က ပြောကြားခဲ့ပါတယ်။
CMS