/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/မိမိဘ၀ကို-မိမိလိုချင်သည့်ပုံစံဖြစ်အောင်

မိမိဘ၀ကို မိမိလိုချင်သည့်ပုံစံဖြစ်အောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အမျိုးသမီး

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်မနာမည်က Jen Corn ဖြစ်ပြီးကိုယ်အလေးချိန် 311 ပေါင်ရှိတဲ့ အ၀လွန်သူတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ နှလုံးရောဂါကလဲရှိတာမို့ အမေနဲ့အဒေါ်ကကျွန်မကို အရမ်းကိုပိန်စေချင်ခဲ့ပါတယ်။ သူတို့က ကျွန်မကို အမေရိကန်ဒေါ်လာ 15,000 လောက်တောင်ကုန်ကျမယ့် ကိုယ်အလေးချိန်လျော့ကျဖို့ ခွဲစိတ်ကုသမှုမျိုးကိုတောင် ခံယူဖို့အတင်းတိုက်တွန်းခဲ့ကြပါသေးတယ်။ ဒါပေမယ့်ကျွန်မစိတ်ထဲမှာ ပိန်ချင်တဲ့စိတ်ဆန္ဒ ပြင်းပြင်းပြပြ မရှိသေးတာမို့ ငြင်းခဲ့ပါတယ်။

 

ခါးသီးတဲ့ ရှုံးနိမ့်မှု

        အထက်တန်းကျောင်းသူဘ၀ကတည်းက ကျွန်မကခန္ဓာကိုယ်ဖွံ့တဲ့အထဲပါပါတယ်။ ဒီလိုနဲ့ အစားအသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားရင်း တဖြည်းဖြည်းနဲ့ အလွန်အမင်း၀ဖြိုးသူတစ်ယောက်ဖြစ်လာခဲ့တာပါ။ ကိုယ်အလေးချိန်လျော့ချဖု့ိတိုက်တွန်းတဲ့ မေမေနဲ့လည်း မကြာခဏစိတ်ဆိုးစိတ်ကောက်ဖြစ်ခဲ့ပြီး၊ အပြင်ထွက်ရမယ့် ကိစ္စတွေဆိုရင်တောင် တော်ရုံမလုပ်ဖြစ်တော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဒူးနာေ၀ဒနာကို ခံစားခဲ့ရပြီး၊ ပေ 30 လောက်ပဲေ၀းတဲ့ အိမ်ရှေ့က  စာတိုက်ပုံးဆီကိုတောင် လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေထိဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ကိုယ်အလေးချိန်လျှော့ချမှ ဒူးနာပျောက်နိုင်မယ်ဆိုတဲ့ အသိစိတ်ကြောင့် ၀ိတ်စလျှော့ဖြစ်ခဲ့ပါတယ်။

 

ရည်မှန်းချက်နဲ့အညီနေထိုင်စားသောက်ပုံပြောင်းလဲခဲ့

        ကိုယ်အလေးချိန်ပေါင် 150 ကျရမယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမားထားပေမယ့်လည်း တဆင့်ချင်းစီကျော်ဖြတ်ကာ ပန်းတိုင်သို့ရောက်အောင်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့သာ ကြိုစားခဲ့ပါတယ်။ အရင်ကအသင့်စားအစားအစာတွေ၊ ကြက်ကြော်တွေကို အာသာပြင်းပြစွာစားသောက်ခဲ့ပေမယ့်လည်း အခုတော့ အဆီနည်းအသား၊ အမျှင်ဓာတ်ပါ၀င်မှုများတဲ့အစားအစာ၊ အရွက်သုပ်၊ သစ်သီး၀လံတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အဆာပြေသွားရေစာမုန့်တို့ကိုသာ ရွေးချယ်စားသောက်ခဲ့တဲ့အပြင် တနေ့တာလုံးအတွက် ရေဓာတ်အလုံအလောက်ဖြည့်တင်းကာ ကိုယ်အလေးချိန်လျော့ချခြင်း လမ်းစဉ်ကို ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်။ ပြေးစက်နဲ့လေ့ကျင့်ခဲ့တဲ့အပြင် ကယ်လိုရီများစွာ လောင်ကျွမ်းစေတဲ့ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ တင်းနစ်ကစားခြင်း၊ ကြိုးခုန်ခြင်းတို့ကိုပါ တိုးပြီးလုပ်ဆောင်ခဲ့ပါတယ်။

 

သုံးနှစ်တာကာလကိုကျော်ဖြတ်ပြီးချိန်

          အချိန်သုံးနှစ်တာကာလ ကုန်ဆုံးသွားပြီးနောက်မှာ ကြိုးစားမှုတွေကအရာထင်လာပြီပဲဖြစ်ပါတယ်။ ကိုယ် အလေးချိန် 150 ပေါင်ကျသွားတဲ့ကျွန််မအနေနဲ့ အရင်ကထက်ပိုပြီး ကျန်းမာလာတဲ့အပြင် ယုံကြည်ချက်ပြည့်ပြည့်၀၀နဲ့ အနာဂတ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။ ကျွန်မကိုယ်တိုင်ခံစားခဲ့ရဖူးသလို ကိုယ်အလေးချိန်များလို့ စိတ်မချမ်းမြေ့နေသူတွေအတွက် စကားလက်ဆောင်ပါးလိုက်ချင်တာကတော့ “ကြိုးစားရင်ပန်းတိုင်ကို တကယ်ရောက်ပါတယ်။ အချိန်ကာလတစ်ခုတော့ ပေးဆပ်ရတာဖြစ်လို့ ကျွန်မတို့ဘက်ကစိတ်ရှည်ဖို့၊ ဇွဲရှိဖို့ လိုပါတယ်။ ငွေကုန်ကြေးကျများမှ ပိန်မှာမဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်လိုတဲ့ စိတ်အားထက်သန်မှု၊ နေ့စဉ်နဲ့အမျှ ကြိုးစားလိုမှုတို့နဲ့သာ နေ့ရက်တွေကို အကျိုးရှိစွာကုန်ဆုံးကြည့်ပါ။ မိမိအနာဂတ်ကိုမိမိလက်နဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ စွမ်းအားရှင်တွေဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနိဂုံးချုပ်လိုက်ပါရစေ။”

 

 

CMS

www.drmyanmar.com