/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/အသက်-40-မှာ-ကိုယ်အလေးချိန်-ပေါင်-400-ဖြစ်ခဲ့သော်လည်း-179

အသက် 40 မှာ ကိုယ်အလေးချိန် ပေါင် 400 ဖြစ်ခဲ့သော်လည်း 179 ပေါင်ထိကျသွားအောင် စွမ်းဆောင်နိုင်ခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

         ကျွန်မနာမည်က Monifa ဖြစ်ပြီး အလွန်အစားကြူးသူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဘယ်လောက်တောင် အစားကြူးသလဲဆိုရင်တော့ တစ်နေ့ကို Coke ၈ ဘူးသောက်ခဲ့ပြီး အာလူးကြော် ကိုနေ့စဉ်နဲ့အမျှ စားသုံးခဲ့ပါတယ်။ ပြီးတော့ အာဟာရမပြည့်၀တဲ့ အစားအစာတွေကို စိတ်တိုင်းကျ စားသောက်ခဲ့ပြီး အရက်စွဲသလို၊ မူးယစ်ဆေးဝါးစွဲ သလိုမျိုးအစားအစာကို စွဲလမ်းနှစ်ခြိုက်ခဲ့သူ တစ်ဦးဖြစ်ခဲ့တာကြောင့် ကိုယ်အလေးချိန် ၄၀၀ ရှိတဲ့ မိန်းမ၀ကြီးဘ၀ ကိုပိုင်ဆိုင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကိုယ်အလေးချိန် ၁၇၉ ပေါင်သာရှိတော့တဲ့ ကျွန်မအနေနဲ့ ယုံကြည်ချက်ပြည့်ပြည့်၀၀နဲ့ ဘ၀ကိုဆက်လက်လျှောက်လှမ်းနေပါပြီ။

 

ပြောင်းလဲရတော့မယ့် ပစ္စုပါန်

        ကျွန်မ အသက် ၁၅ နှစ်ပြည့်ပြီးနောက်ပိုင်းမှာ ကိုယ်အလေးချိန်စတင်တက်လာခဲ့တာပါ။ ကျွန်မကိုယ် အလေးချိန်တက်လည်း ၁၀ ပေါင် ၁၅ ပေါင်လောက်ပဲဆိုတော့ အဲဒီလောက်ထိ ၀လာလိမ့်မယ်လို့တောင် မထင် မှတ်ခဲ့ပါဘူး။ ဒီနှုန်းနဲ့ နှစ်စဉ်နှစ်တိုင်း စံချိန်တင်လာနိုင်တာကြောင့် ကျွန်မအသက် ၄၀ ကျော်လောက်မှာ ပုံပျက် ပန်းပျက်၀လာတာလို့ပဲ ကောက်ချက်ချရမှာပါ။ လေးလံလှတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့် သူငယ်ချင်း တွေနဲ့ ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းရမယ့်နေ့ရက်တွေကို ဆုံးရှုံးခဲ့သလို အကျႌဆိုဒ်အကြီးဆုံးတွေ ကိုသာ ၀တ်ဆင်ခဲ့ရပါတယ်။ အ၀တ်အစားတွေကို မေမေနဲ့ သူငယ်ချင်းတွေ၀ယ်ပေးခဲ့ရပြီး ကလေးငယ်တစ်ယောက်ပမာ ကိုယ်တိုင်တောင်ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ရည်ရွယ် ချက်ကင်းမဲ့စွာနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးနေရတဲ့ ကျွန်မရဲ့ဘ၀ကြီးကို ငြီးငွေ့လာပြီး ကိုယ်အလေးချိန်လျှော့ချ ချင်တဲ့စိတ်တေ ွကိန်းအောင်းလာခဲ့ပါတယ်။ ပြီးတော့ ကျွန်မသမီးလေးရဲ့ “မေမေက လမ်းလျှောက်တာ အရမ်းနှေး တာပဲလို့” ပြောတဲ့စကားသံလေးကလည်း ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။

 

အမှောင်ခွင်းလို့ အလင်းရောက်ရှိချိန်

        အစာအိမ်ချုံ့တဲ့ ခွဲစိတ်မှုလုပ်ပြီး ကိုယ်အလေးချိန် 110 ပေါင်ကျသွားတဲ့ ကျွန်မရဲ့မိတ်ဆွေတစ်ဦးကို အကြောင်း ပြုကာ ကျွန်မမိတ်ဆွေအပါအ၀င် ခွဲစိတ်မှုပေါင်းများစွာကို အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့  ကျွန်မနဲ့ မွေးရပ်မြေချင်းတူတဲ့ ဆရာ၀န်ထံမှာပဲ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ ခွဲစိတ်မှုခံယူပြီးပြီးချင်း ရက်သတ္တပတ် နှစ်ပတ် အတွင်းမှာ ပရိုတင်းဓာတ်များများပါ၀င်တဲ့ အရည်ကိုသာ အာဟာရပြုသောက်ခဲ့ရပါတယ်။ ဒီခွဲစိတ်မှုဟာ အင်မတန်မှ တန်ဖိုးလည်းမြင့်တာကြောင့် လုပ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ကိုယ်အလေးချိန် တွေ လျော့ကျသွားလိမ့်မယ်လို့ ထင်မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံအားလုံးကို ပြောင်းလဲပစ်နိုင်မှသာ ကိုယ်အလေးချိန်လျော့ကျစေဖို့ကို အထောက်အပံံ့ဖြစ်စေနိုင်မှာပါ။ ကျွန်မအနေနဲ့လည်း ခွဲစိတ် ကုသမှုခံယူပြီးနောက်မှာ အာဟာရပြည့် အစားအစာတွေကို နည်းနည်းချင်းစီသာ တိုးပြီးစားသုံးခဲ့ပါတယ်။  ၆ လလောက်အကြာမှာတော့ ကိုယ်အလေးချိန် ၁၂၀ ပေါင်ကျသွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း သန့်ရှင်းလတ် ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံတွေ၊ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ အဆီနည်းအသားငါးနဲ့ ပဲတောင့် ရှည်လိုမျီုးအစားစာတွေကိုသာ တစ်နေ့နည်းနည်းချင်းစီနဲ့ အကြိမ်အရေအတွက်များများစားသုံးခဲ့ပါတယ်။ အရင်က အာသာပြင်းပြခဲ့တဲ့ အမြန်ပြင်အစားအစာတွေ၊ အကြော်စာတွေ၊ အဆီများအသားတွေနဲ့ အဆီပြည့်၀နေတဲ့ နို့ထွက် အစားအစာတွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

ကမ်ဘာသစ်တစ်ခုတည်ဆောက်နိုင်ခဲ့ချိန်

        ဆေးဘက်ဆိုင်ရာကုထုံးအပြင် နေ့စဉ်လည်း လေ့ကျင့်ခန်းလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်မ တနေ့တာလျှောက် ခဲ့တဲ့ခြေလှမ်းပေါင်းများစွာကို သိရှိနိုင်ဖို့ step counter ကိုအသုံးပြုခဲ့ပြီး Gym မှာလည်း ကိုယ်ကာယလေ့ကျင့်ခန်း တွေလုပ်ခဲ့ပါတယ်။ အားကစားလုပ်ရခြင်းအကျိုးရလဒ်ကတော့ မိတ်ဆွေ အပေါင်းအသင်းတွေတိုးလာပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ရေကူးခြင်းစတဲ့ကိုယ်လက်လှုပ်ရှားအားကစားတွေ ကလည်း ကျွန်မရဲ့စိတ်ဓာတ်ကို ပိုပြီးတက်ကြွလာစေခဲ့ပါတယ်။ ပြီးတော့ အားလပ်ချိန်တွေမှာ ကျွန်မသားလေးနဲ့ ဘစ်ကတ်ဘောအတူတူ ကစားပေးရင်း အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့သူတစ်ယောက်ဖြစ်လာပြီး ကျွန်မ ရည်မှန်းထားတဲ့ ကိုယ်အလေးချိန် ၁၉၀ ပေါင်ထက်တောင် ပိုလျော့ကျသွားကာ ကိုယ်အလေးချိန် ၁၇၉ ပေါင်နဲ့ အတူ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါပြီ။ အရင်တုန်းကလို အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာမျိုးတွေ မရှိတော့ဘဲ သွေးကျဆေးတွေလည်း သောက်စရာမလိုတော့ပါဘူး။ အခုဆိုရင် အကျႌဆိုဒ်အကြီးဆုံးကြီးတွေ ကို ၀င်ဆင်စရာမလိုတော့တာကလည်း ကျွန်မအတွက်ယုံကြည်မှုတစ်ခုလက်၀ယ်ပိုင်ဆိုင်လိုက်ရသလိုပါပဲ။

 

ဘ၀စာမျက်နှာမှတဆင့် တောက်ပတဲ့အနာဂတ်ဆီသို့

        အရပ်က ၅ ပေ ၁၁ လက်မမြင့်ပြီး အလွန်အမင်း၀ခဲ့ဖူးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို သေချာပြန် သုံးသပ်ကြည့်မိတော့ ကျန်းမာရေးပိုင်းမှာရော၊ လူမှုဆက်ဆံရေးပိုင်းမှာပါ အဘက်ဘက်က ညံ့့ဖျင်းခဲ့ပါလားဆိုတဲ့ အသိဉာဏ်ကတိုးေ၀့ှ၀င်ရောက်လာပြီး ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှလည်း ဘ၀ကျတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီလို ဖြစ်ရတာလည်း စိတ်ခံစားချက်ကိုပဲ ဦးစားပေးပြီး အစားအသောက်ကောင်းတွေရဲ့ သားကောင်တစ် ယောက်ဖြစ်ခဲ့လို့ပါလားဆိုပြီး ကျွန်မကိုယ်ကျွန််မသာ အပြစ်ဖို့နေရင်းနဲ့ပဲ လျှောက်လှမ်းရမယ့်နေ့ရက်တွေကို ရှေ့ဆက်ခဲ့မယ်ဆိုရင် ဒီနေ့လို ကျွန်မဘ၀ရဲ့စာမျက်နှာ အသစ်လေးတွေကို အများသိအောင် ပြောပြခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မအကြံပြုချင်တာကတော့ အလွန်အမင်း၀နေတဲ့ ပျိုမေမောင်မယ်တွေအနေနဲ့ ကိုယ့် ကိုယ်ကို မှန်ထဲမှာကြည့်ပြီး စိတ်မချမ်းမြေ့စွာနဲ့ အနာဂတ်နေ့ရက်တွေကို လျှောက်လှမ်းနေမယ့်အစား ကိုယ်အလေးချိန်ကျသွားအောင် ဘယ်လိုပြုမူနေထိုင်စားသောက်ရမယ်ဆိုတဲ့ နည်းလမ်းတွေ၊ အောင်မြင်စွာ ကိုယ်အလေးချိန်လျော့ချသွားနိုင်သူတွေရဲ့ နည်းစနစ်တွေကိုလေ့လာပြီး ဘ၀ခရီးလမ်းကိုတဆင့်ပြီးတဆင့် တက်လှမ်းကာ ကျွန်မလိုမျိုး ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

CMS

www.drmyanmar.com