/
node/1035

စုတ်ပြတ်၊ ပေါက်ပြဲဒဏ်ရာအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ
         ယေဘုယျအားဖြင့် ထိခိုက်ခံရပြီးလို့ ၆ နာရီအတွင်းဒဏ်ရာကို ချုပ်သင့်ပါတယ်။မျက်နှာ၊ ဦးရေပြားတို့ လိုနေရာမျိုးတွေမှာထိခိုက်ခံရပါက ၂၄ နာရီအတွင်း ချုပ်သင့်ပါတယ်။
 
         ဒဏ်ရာမှသွေးများစွာထွက်ခြင်း၊ သွေးများပန်းထွက်ခြင်း၊ ၁၀ မိနစ်ကြာမျှ သွေးတိတ်အောင်ဆောင်ရွက်သော်လည်း သွေးမတိတ်ဘဲ အဆက်မပြတ်ဆက်ထွက်နေပါက နီးစပ်ရာဆေးရုံသို့ ခေါ်သွားပါ။

 

          အသေးအဖွဲ့ထိခိုက်ဒဏ်ရာတွေအတွက် လိုက်နာရမယ့်အချက်များ

၁။     သွေးတိတ်အောင်ပြုလုပ်ပါ။

        သွေးထွက်တဲ့နေရာကိုအ၀တ်စနဲ့စည်းပေးထားပါ။

၂။     အနာကိုသန့်ရှင်းအောင်ထားပါ။

        ဒဏ်ရာကိုရေနွေး၊ acid မပါတဲ့နူးညံ့တဲ့ဆပ်ပြာနဲ့ သန့်စင်ပေးပါ။ ရောဂါပိုးမွှားကူးစက်မှုအန္တရာယ်မှ ကာကွယ်ဖို့ antibiotic ointment (ပဋိဇီ၀ပိုးသတ်ဆေး) လိမ်းဆေးအသုံးပြုပါ။

        ပိုးမွှားများ၊ ဖုန်များမ၀င်စေရန် ပတ်တီးစီးပေးထားပါ။

၃။     ဆေးရုံဆေးခန်းသွားပါ။

(၁)     ဒဏ်ရာနက်လျှင် (သို့) အရိုးအဆစ်ပေါ်တွင်ဖြစ်လျှင်

(၂)     ဒဏ်ရာကိုပိုးသန့်အောင်မသန့်ရှင်းတတ်လျှင်

(၃)     ပြည်တည်လာလျှင် (သို့) လှုပ်ရှားရခက်ခဲလာလျှင်

(၄)     တိရစၦာန်တစ်ကောင်ကောင်၏ အကိုက်ခံရလျှင်

(၅)     မေးခိုင်ရောဂါကာကွယ်ဆေး၏အာနိသင်မရှိတော့လျှင် (လွန်ခဲ့သော ၁၀ နှစ်ကျော် က နောက်ဆုံးမေးခိုင်ကာကွယ်ဆေးထိုးထားသူများတွင် ဆေးအာနိသင်မရှိတော့၍ ပြန်လည်ထိုးနှံရန် လိုအပ်ပါသည်။)

www.drmyanmar.com

အရေးပေါ်ကုသနည်းများ