လက်သည်း၊ ခြေသည်းပိုး၀င်ခြင်းအတွက် ရှေးဦးကုသမှု
၁။ လက်သည်း၊ ခြေသည်းကိုကာကွယ်ပါ။
- ပိုး၀င်နေသည့်လက်သည်းခွံ (သို့) ခြေသည်းခွံကို ဆွဲခွာခြင်းမပြုပါနှင့်။
- အနာဖြစ်နေတဲ့ လက်သည်း (သို့) ခြေသည်းပေါ်တွင် လက်သည်းတု (သို့) ခြေသည်းတုတပ်ထားပါက ဖယ်ရှားပစ်ပါ။
၂။ နာကျင်မှု၊ ရောင်ရမ်းမှုတွေကို သက်သာအောင်ပြုလုပ်ပါ။
- နာကျင်ရောင်ရမ်းမှုသက်သာအောင် ရေနွေးတွင် တနေ့ ၂ ကြိမ်မှ ၃ ကြိမ်နေ့တိုင်းစိမ်ပေးပါ။ ရောဂါပိုး မ၀င်အောင် ပဋိဇီ၀လိမ်းဆေးလိမ်းပြီး ပတ်တီးစည်းထားပါ။
၃။ ဆရာ၀န်နဲ့ပြသသင့်သောအခြေအနေ
- နှစ်ရက်၊ သုံးရက်အတွင်းမှာ အနာမသက်သာလျှင်
- ပြည်တည်လာလျှင်
- လက်သည်း၊ ခြေသည်းအရောင်ပြောင်းလာလျှင်
- အဆစ်အမြစ်နာကျင်လာလျှင်
- အဖျား၀င်လာလျှင်
- ဆီးချိုရောဂါေ၀ဒနာခံစားနေရသူဖြစ်လျှင် ဆရာ၀န်နဲ့ပြသရပါမယ်။
၄။ နောက်ဆက်တွဲလိုက်နာသင့်သောအချက်
- ဆရာ၀န်က ပြည်တည်နာ (သို့) အရည်ကြည်ဖုကို စစ်ဆေးပြီး antibiotic (သို့) anti-fungal ဆေးတွေကို ညွှန်ကြားပေးခြင်း၊
- ပြည်အိတ်ကို ဖောက်ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။






























