/
node/11245

စိတ်သွားတိုင်းကိုယ်မပါ အပြီးမြန်နေတဲ့အခါ

Category
အမျိုးသားများနှင့်ကျန်းမာရေး

အပြီးမြန်တယ်ဆိုတာ အမျိုးသားတွေကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အမျိုးသား ၃ ယောက်မှာ ၁ ယောက်လောက် ကြုံရတတ်ပါတယ်။ မကြာမကြာမဖြစ်တတ်ရင် ကိစ္စမရှိပါဘူး။

ဒါပေမဲ့ -

    ●   အတူနေပြီး ၁-၃ မိနစ်လောက်အတွင်း လွှတ်တတ်ရင်
    ●   အတူနေတိုင်း အမြဲတမ်းနီးပါး အလွှတ်မြန်နေရင်
    ●   စိတ်ညစ်ညူးပြီး အတူနေဖို့ကိုပါ ရှောင်ရှားလာရင် မြန်နေပြီလို့ ဆိုနိုင်ပါတယ်။

Oligocare IA 1

ဒီလိုမြန်စေတဲ့အကြောင်းရင်းတော့ အတိအကျမရှိတတ်ပါဘူး။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -

 

>>  စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများ

  ●   လူကြီးရေးရာ ကိစ္စတွေမှာ အတွေ့အကြုံစောခြင်း
  ●   အရင်က စော်ကားခံရဖူးခြင်း
  ●   ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မကြိုက်၊ မနှစ်သက်ခြင်း
  ●   စိတ်ဓာတ်ကျခြင်း
  ●   အပြီးမြန်ခြင်းအတွက် စိတ်သောကရောက်နေခြင်း

 

>>  တခြားအကြောင်းရင်းတွေကတော့ -

  ●   ထောင်မတ်ရာမှာပြဿနာရှိခြင်း
  ●   စိတ်ပူပန်မှုများခြင်း
  ●   ချစ်မှုရေးရာဆက်ဆံရေးပြဿနာများရှိခြင်း

Oligocare IA 2

>> ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းများ

  ●   ဟော်မုန်းမညီမျှခြင်း
  ●   ဦးနှောက်ဓာတ်များမညီမျှခြင်း
  ●   ဆီးကျိတ် (သို့) ဆီးလမ်းကြောင်းရောင်ရမ်းပိုးဝင်ခြင်း
  ●   မျိုးရိုးလိုက်ရောဂါများ

 

ဒီလို အပြီးမြန်နေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့နော်။ ဒီအခြေအနေမျိုးဟာ အဖြစ်များပြီး ကုသရလည်း လွယ်ပါတယ်။

www.drmyanmar.com