အမျိုးသားများ မနက်တိုင်း ကော်ဖီတစ်ခွက်သောက်ပါ။
ဒီဆောင်းပါးကို တွေ့လိုက်တဲ့အချိန်ဟာ မနက်ခင်းဆိုရင်တော့ အခုပဲ ကော်ဖီနွေးနွေးလေးတစ်ခွက်နဲ့ တစ်နေ့တာကို စတင်လိုက်ကြရအောင်နော်။ တစ်နေ့ကို ကော်ဖီအသင့်အတင့်ပမာဏ သောက်သုံးတာဟာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအပြင် စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်။
Oligocare IA 1

● လေ့လာမှုတွေအရတော့ ကော်ဖီဟာ အသည်းအင်ဇိုင်းဓာတ်တွေကို ကျစေပြီး အသည်းခြောက်ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
● ကော်ဖီသောက်သူတွေဟာ မသောက်သူတွေနဲ့ယှဥ်ရင် စိတ်ဓာတ်ကျနိုင်ခြေဟာ အရမ်းကိုနည်းပါတယ်။
● ၂၀၁၀ ခုနှစ်မှာ ပြလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုအရ ကော်ဖီနေ့တိုင်းသောက်သူတွေရဲ့ ၆၅ % ဟာ အသက်ကြီးလာတဲ့အခါ သတိမေ့နိုင်ခြေ လျော့နည်းတယ်လို သိရပါတယ်။
● ကော်ဖီသောက်ခြင်းဟာ လိင်တံမထောင်မတ်နိုင်ခြင်းကို လျော့နည်းစေပြီးတော့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
Oligocare IA 2

ကော်ဖီသောက်တာ ကောင်းတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးမဖြစ်အောင် ဂရုပြုဖို့လိုတာကြောင့် တစ်နေ့ကို ကော်ဖီ လေးခွက် (၉၄၅ မီလီလီတာ) ထက် ပိုမသောက်ဖို့ အရေးကြီးပါတယ်။






























