/
node/4315

လစဉ်နှင့်အမျှ ကလေးငယ်လေးများ၏ စိတ်ပိုင်းဆိုင်ရာဖွ့ံဖြိုးမှုအခြေအနေများ

Category
ကလေးများနှင့်ကျန်းမာရေး

1 လ

-     မျက်လုံးချင်းဆုံ၍ကြည့်တတ်ခြင်း

-     အော်ငို၍ အကူအညီတောင်းခြင်း

-     မိဘများ၏ အသံနှင့်အပြုံးများကိုတုံ့ပြန်ခြင်း

2 လ

-     ပြုံးရယ်တတ်လာခြင်း

-     အခြားသူများနှင့် ကစားရခြင်းကို နှစ်သက်၍ ကစားခြင်းကိုရပ်လိုက်ပါက ငိုယိုခြင်း

-     သက်ရှိများကို အရာ၀တၳုများထက်ပိုမိုစိတ်၀င်စားခြင်း

-     မျက်နှာများကို မှတ်သားခြင်း

-     အနီးအနားမှအသံများကို အသံထွက်၍တုံ့ပြန်ခြင်း

-     အလိုမကျမှုကိုစတင်၍ ပြသတတ်လာခြင်း

3 လ

-     လူကြီးများ၏အာရုံစိုက်မှုကိုရရှိအောင် အသံထွက်၍ဆွဲဆောင်ခြင်း

-     အပြုံးကိုအပြုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်း၊ လှိုက်လှိုက်လှဲလှဲပြုံးရယ်ခြင်းတွင် တစ်ကိုယ်လုံးပါ၀င်ပါသည်။ (လက်မောင်းကိုမြှောက်၍ ခြေထောက်များကို လှုပ်ကာရယ်မောခြင်းဖြစ်ပါသည်။)

-     အချို့သောလှုပ်ရှားမှုနှင့် မျက်နှာအမူအရာများကိုအတုခိုးခြင်း

4 လ

-     ကလေးများကိုစူးစမ်းလေ့လာခြင်း ပြင်ပ(သို့) တီဗီအစီအစဉ်တွင် ကလေးအသံကြားပါက လှည့်ကြည့်တတ်ခြင်း

-     အခြားသူများ၏ အပြုအမူကိုကြည့်၍ (သို့) ကလိထိုးပါက ရယ်မောခြင်း

-     ကစားခြင်းကို အနှောင့်အယှက်ပေးပါက အော်ငိုခြင်း

5 လ

-     မိမိကိုယ်ကိုပိုမို၍ ဂရုပြုတတ်လာခြင်း

-     မိသားစု၀င်များနှင့် အခြားသူစိမ်းများကိုခွဲခြားတတ်လာခြင်း

-     အစာစားစဉ် ကစားခြင်းကိုနှစ်သက်ခြင်း

6 လ

-     ကစားစရာများကို အမြန်ငြီးငွေ့လွယ်သော်လည်း အခြားသူများဂရုစိုက်မှုကိုရယူရန် အမြဲကြိုးစားနေခြင်း

-     ဗီဇလက္ခဏာပိုမိုထင်ရှားပေါ်လွင်လာခြင်း (အနေအေးသောကလေး (သို့) လှုပ်ရှားမှုကိုနှစ်သက်သောကလေး)

-     မိမိနာမည်ကို မှတ်မိခြင်း

-     ပျော်ရွှင်နေပါက ခိုးခိုးခစ်ခစ်ရယ်မော၍ မကျေနပ်ပါက ငိုကြွေးခြင်း

-     နှာမှုတ်သံ၊ လေချွန်သံ စသည့်အသံများပြုလုပ်တတ်လာခြင်း

7 လ

-     ငြင်းဆိုခြင်းကို စတင်နားလည်ခြင်း

-     လူအများနှင့် ဆက်ဆံခြင်းကိုနှစ်သက်ခြင်း

-     စိတ်မကျေနပ်မှုကိုပိုမို၍ ပြသတတ်လာခြင်း

-     လူကြီးများ၏ အသံကိုကြိုးစား၍အတုခိုးတတ်လာခြင်း

8 လ

-     ရင်းနှီးကျွမ်း၀င်မှုနှင့် မရင်းနှီမှုကိုခွဲခြားတတ်လာခြင်း

-     သူစိမ်းများကို စိုးရွံ့ခြင်း

-     အရုပ်ကိုလက်လှမ်းမမီခြင်း (သို့) လုပ်ချင်သောအရာကိုမလုပ်နိုင်ခြင်းများကြောင့် အသည်းအသန်ငိုကြွေးခြင်း

9 လ

-     အခြားသူများ၏ အပြုအမူများကို အတုခိုးခြင်း

-     ရုပ်ပုံတစ်ခုကို နာမည်ပြောပါက မှန်ကန်စွာကြည့်တတ်ခြင်း

-     မှန်ထဲရှိ မိမိရုပ်ပုံကို ပြုံးကြည့်၍နမ်းခြင်း

-     မိဘများအနီးတစ်၀ိုက်တွင် ကစားရသည်ကိုနှစ်သက်ခြင်း (ဥပမာ - မိခင်ဟင်းချက်နေပါက မီးဖိုချောင်တွင်ကစားခြင်း)

-     မိဘအနီးတွင် အခြားကလေးများရှိပါက မခံမရပ်နိုင်ပိုမိုဖြစ်လာခြင်း

10 လ

-     ခွဲခွာခြင်းကြောင့် စိုးရွံ့ထိတ်လန့်မှုကို စတင်ခံစားရခြင်း

-     မိမိကိုယ်ကိုယုံကြည်မှုစတင်ဖွ့ံဖြိုးလာခြင်း

-     ချီးမြှောက်အသိအမှတ်ပြုခြင်း (ဥပမာ - လက်ခုတ်တီးခြင်း) ကိုတုံ့ပြန်ခြင်း

-     အရပ်အမောင်းကို သတိပြုတတ်လာခြင်း

-     ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း စသောခံစားမှုများကိုပြသခြင်း

11 လ

-     အသိအမှတ်ပြုမှုရရှိရန်ကြိုးစားခြင်း

 

12 လ

-     စိတ်ဆိုးစိတ်ကောက်ခြင်း

-     တခါတရံပူးပေါင်းဆောင်ရွက်၍ တခါတရံတွင် ရှောင်ဖယ်ခြင်း

-     ဟာသဉာဏ်ရွှင်လာသည်ကိုပြသခြင်း

-     မိဘနှစ်ဦး (သို့) တစ်ဦးတည်းကိုသာ ပိုမိုတွယ်ကပ်ခြင်း

 

Dr. Thinzar Wynn

www.drmyanmar.com