/
node/5702

သွေးဆုံးပြီးနောက် ရာသီလာခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမေး : ကျွန်မက အသက် 50 အရွယ် သွေးဆုံးပြီး အမျိုးသမီးတစ်ယောက်ပါ။ သွေးဆုံးတာ 3 နှစ်လောက်ရှိပြီးမှ အရင်လက ရုတ်တရက် သွေးပြန်ဆင်းလာပါတယ်။ ဘာဖြစ်တာလဲ သိပါရစေရှင့်။

အဖြေ : သွေးဆုံးတယ် ဆိုတာဟာ ရာသီစက်ဝန်း ရပ်တန့်သွားတာဖြစ်ပြီး 12 လတိတိ ဓမ္မတာ မလာတော့တဲ့အခါ သွေးဆုံးတယ်လို့ ဆိုနိုင်ပါတယ်။

          သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတယ် ဆိုတာဟာ ပုံမှန် မဟုတ်ပါဘူး။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

          ဥပမာအားဖြင့် သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းဟာ -

●        သားအိမ်ကင်ဆာများ

●        သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ

●        သားအိမ်ပါးခြင်း၊ မိန်းမကိုယ် ခေါင်းပါးခြင်း

●        သားအိမ် အသားလုံး

●        သားအိမ် ပိုးဝင်ခြင်း

●        ဟော်မုန်းဆေးများနဲ့ Tamoxifen ဆေး

●        ထိခိုက်ဒဏ်ရာရခြင်း

●        ဆီးလမ်းကြောင်း သို့မဟုတ် စအိုမှာ သွေးထွက်ခြင်း

●        သားအိမ်ထူခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

          ဒါကြောင့် သွေးပြန်ဆင်းတယ် ဆိုတာဟာ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)