/
node/5757

အချိုရည်ကြိုက်တဲ့ ရင်သွေးလေးတွေအတွက် မေမေဖေဖေတို့ မှတ်သားစရာ

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးတွေကို အချိုစကျွေးမိတာနဲ့ သူတို့ဟာသကြားရဲ့အရသာကို စွဲလမ်းသွားတတ်ကြပါတယ်။ အထူးသဖြင့် စက်ရုံထုတ်အချိုရည်တွေရဲ့ သကြားဓာတ်ကို နှစ်ခြိုက်နေတတ်ပြီး မကြာခဏပူဆာတတ်ကြပါတယ်။ 

 

        ရယ်ဒီမိတ်အချိုရည်တွေတင် ကလေးတွေကြိုက်နှစ်သက်နေသလားဆိုတော့ သဘာဝအသီးဖျော်ရည်တွေကိုလည်း သူတို့ကသဘောကျသောက်သုံးကြပါသတဲ့။

 

        တစ်နှစ်အောက်ကလေးငယ်တွေကို ရယ်ဒီမိတ်အချိုရည်တွေကို လုံးဝမတိုက်ကျွေးသင့်ပါဘူးနော်။

Ceelin Plus 1

        သဘာ၀အသီးဖျော်ရည်တွေ တိုက်မယ်ဆိုရင်….

 

• ၁ နှစ်ကနေ ၃ နှစ် - ၄ အောင်စ

 

• ၃ နှစ်ကနေ ၆ နှစိ - ၈ အောင်စ

 

• ၆ နှစိကနေ ၁၂ နှစ်- ၁၂ အောင်စ

 

        ဖော်ပြပါအချိုးအစားအရ…တိုက်ကျွေးသင့်ပါတယ်။

Ceelin Plus 2

        အချိုရည်တွေ လိုတာထက် ပိုတိုက်ရင် ခဏခဏတိုက်ရင် ဘာတွေဖြစ်လာမလဲ…

 

♦ အစားကောင်းကောင်းမစားတော့ပါဘဲ အချိုရည်ဖျော်ရည်ပဲ တောင်းနေတော့မှာပါ။

 

♦ အချိုရည်ထဲက သကြားကြောင့် ပေါက်သွားကာစသွားလေးတွေ ဆွေးမြေ့ပိုးစားစေပါတယ်။

 

♦ ဖျော်ရည်တွေထဲကအချိုဓာတ်ဟာကလေးတွေကိုအဝလွန်စေပြီး မလိုလားအပ်တဲ့ အရသာစွဲလမ်းမှုတွေ ဖြစ်လာစေပါတယ်။

 

        ဒီအချက်လေးတွေကိုဂရုပြုမိပြီး မိခင်တိုင်း၊ ဖခင်တိုင်းဟာ သားသားမီးမီးတို့ကို အချိုရည်နဲ့ဖျော်ရည်တိုက်ကျွေးမှုကို အတန်အသင့်  ကန့်သတ်နိုင်ခဲ့မယ်ဆိုရင် ဗဟုသုတမျှဝေရကျိုးနပ်ပါပြီ။ ကလေးကအချိုရည် ဖျော်ရည်တောင်းတိုင်းသဘာဝရေသန့်သာတိုက်ကျွေးဖို့ ကြိုးစားကြည့်ကြပါနော်။

 

ဂျီီပီငှက် (ဆေး/မန်း) (www.drmyanmar.com)