/
node/5777

ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ ဆံပင်ဆေး ဆိုးသင့်၊ မဆိုးသင့်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ဆံပင်​ဆိုး​ဆေး​တော်တော်များများမှာပါတဲ့ ဓာ​တုပစ္စည်​း​တွေဟာ အဆိပ်​ဓာတ်​သိပ်​မများပါဘူး။ ဒါ​ကြောင်​့ ​လေ့လာမှုအများစုက ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ဆံပင်​ဆိုးနိုင်​တယ်​လို့ ဆိုပါတယ်​။

          ဒါပေမယ့် ဓာတုပစ္စည်​း​တွေအများကြီးပါတဲ့ ဆံပင်​ဆိုး​ဆေး​တွေက​တော့ ​ဘေးဥပါဒ်​ဖြစ်​​စေနိုင်​ပါတယ်​။

 

>> ကိုယ်​ဝန်​​ဆောင်​စဉ်​ဆံပင်​ဆိုးခြင်​း

 

          ကိုယ်​ဝန်​​ဆောင်​အများစုဟာ ​က​လေးကို ထိခိုက်​မှုအနည်​းဆုံးဖြစ်​​အောင်​ ကိုယ်​ဝန်​ပထမကာလ ၁၂ ပတ်​ကို ​ကျော်​လွန်​မှသာ ဆံပင်​ဆိုးတတ်​ကြပါတယ်​။ အကယ်​၍ ကိုယ်​့ကိုယ်​ကို ​ဆေးဆိုးမယ်​ဆိုရင်​​တော့ ​ဘေးဥပါဒ်​နည်​း​စေနိုင်​ဖို့

• လက်​အိတ်​ဝတ်​ပါ။

• ဆိုး​ဆေးကိုအချိန်​နည်​းနည်​းသာ ထားပါ။

• ​လေဝင်​​လေထွက်​​​ကောင်​းတဲ့အခန်​းမှာ လုပ်​ပါ။

• ဆိုး​ဆေးဆိုးပြီးတာနဲ့ ဦး​ရေပြားကို​ရေ​ဆေးချပါ။

          ဆံပင်​တစ်​ချို့ကိုပဲ Highlight ဆိုးခြင်​းကလည်​း ဓာတုပစ္စည်​း​တွေကို ဆံပင်​ကပဲစုပ်​ယူပြီး ဦး​ရေပြားနဲ့ ​သွေး​ကြော​တွေက စုပ်​ယူမှုမရှိ​တာ​ကြောင့်​ အန္တရာယ်​ဖြစ်​ခြင်​းကို နည်​း​စေနိုင်​ပါတယ်​။

          ဒန်​းလိုမျိုး သဘာဝဆိုး​​ဆေး​တွေကလည်​း ကိုယ်​ဝန်​အတွက်​ စိတ်​ချရပါတယ်​။

          ကိုယ်​ဝန်​​ဆောင်​ခြင်​းက ဆံပင်​​တွေကို ​ပြောင်​းလဲ​စေနိုင်​တယ်​ဆိုတာကို သတိထားသင်​့ပါတယ်​။ ဥပမာအားဖြင့်​

 

• အ​ရောင်​ဆိုးရာမှာ ခါတိုင်​းလို အ​ရောင်​မရခြင်​း

• အ​ရောင်​မစွဲခြင်​း၊ ဖွာ​နေခြင်​း၊ ခန်​့မှန်​းမရခြင်​း စ​တာ​တွေဖြစ်​လာနိုင်​ပါတယ်​။

 

    ဒါ​ကြောင်​့ ကိုယ်​ဆိုးမယ်​့အ​ရောင်​ကို ဆံပင်​တစ်​​ချောင်​းမှာ အရင်​ဆိုးကြည်​့ပါ။ ဆံသားကျွမ်းကျင်ပညာရှင်ကို အကြံ​တောင်​းကြည်​့ပါ။

>> နို့တိုက်​​နေစဉ်​​ဆံပင်​​ဆေးဆိုးခြင်​း

 

          နို့တိုက်​​မိခင်​​တွေ ဆံပင်​​ဆေးဆိုးလို့ ရ၊ မရကို လေ့လာမှုတွေသိပ်မရှိသေးတာကြောင့် အတိအကျမသိရ​သေးပါဘူး။ ဒါ​ပေမယ်​့ ဆံပင်​ဆို​း​ဆေးမှာပါတဲ့ ဓာတုပစ္စည်​း​တွေရဲ့ မဆိုစ​လောက်​​​လောက်​သာ ​သွေးထဲဝင်​နိုင်​တဲ့အတွက်​ နို့ထဲက​နေ က​လေးဆီပါဖို့ဆိုတာ အင်​မတန်​နည်​းပါးပါတယ်​။ ​ရှေး​ခေတ်​က နို့တိုက်​မိခင်​အမျိုးသမီး​တွေဟာလည်​း နို့တိုက်​​နေစဉ်​ ဆံပင်​ဆိုး​ဆေး​တွေဆိုးခဲ့ကြ​ပေမယ်​့ သိသိသာသာ ဘာမှ​ပြောင်​းလဲမှုမရှိခဲ့ပါဘူး။

 

Dr. Mya Phoo Ngon (www.drmyanmar.com)