/
node/6565

ရာသီ သွေးဆင်းများလွန်းခြင်းအတွက် ကုထုံးများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       ရာသီ မကြာခဏလာတာအတွက် ကုထုံးတစ်နည်းကတော့ ဟော်မုန်းပါတဲ့ သနေ္ဓတားဆေးပါ။ ဒီတားဆေးတွေက ရာသီလာတာကို ထိန်းချုပ်နိုင်ပြီးတော့ သွေးအဆင်းများလို့ဖြစ်တဲ့ သွေးအားနည်းတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါလိိမ့်မယ်။

          တခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေအတွက် ကုထုံးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

●      သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း

          ဒါကတော့ သိုင်းရွိုက်ဂလင်း ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် ဟော်မုန်းအလုံအလောက် မထုတ်ပေးနိုင်တာကို ဆိုလိုပါတယ်။ သိုင်းရွိုက်ဟော်မုန်းအစားထိုး သောက်ဆေးတွေ သောက်လို့ရပါတယ်။

 

●      သိုင်းရွိုက်ဟော်မုန်း များလွန်းခြင်း

          သိုင်းရွိုက်ဂလင်းက လိုတာထက်ပိုပြီးတော့ တက်ကြွနေကာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီး ထုတ်ပေးတာပါ။ ကုထုံးမျိုးစုံရှိပြီးတော့ ကိုယ်နဲ့သင့်တော်တဲ့ကုထုံးကို ဆရာဝန်က ရွေးစေပါလိမ့်မယ်။

 

●      သွေးဆုံးခြင်း

သွေးဆုံးချိန်အစပြုလာပြီဆိုရင် ဆရာဝန်က ဟော်မုန်းကုထုံးတွေနဲ့ အီစရိုဂျင်ဟော်မုန်း အစားထိုးကုထုံးတွေ ပေးပါလိမ့်မယ်။ ဒီကုထုံးတွေက သွေး လုံးဝဆုံးတဲ့အထိ ရာသီလာတာကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

 

●      သားအိမ်အသားလုံးများနှင့် ရေအိတ်များ

          အောက်ပါကုထုံးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

          o        သားအိမ်အတွင်းသို့ သားဆက်ခြားပစွည်းထည့်ခြင်း - ရာသီသွေးဆင်းများတာကို သက်သာစေပေမယ့်လည်း အသားလုံးကိုတော့ သေးမသွားစေနိုင်ပါဘူး။

          o        MRI ရိုက်ပြီးတော့ ခွဲစိတ်ခြင်း - ဒါကတော့ MRI လို့ခေါ်တဲ့ သံလိုက်ဓာတ်မှန် ရိုက်နေစဉ်အတွင်းမှာပဲ သားအိမ်ထဲကအသားလုံးကို ဖယ်လိုက်တာပါ။

          o        သားအိမ်သွေးလွှတ်ကြောကို ပိတ်လိုက်ခြင်း - အသားလုံးကို သွားတဲ့ သွေးစီးဆင်းမှုကို ပိတ်လိုက်ခြင်းအားဖြင့် အသားလုံးကို ပုတ်ပြီးတော့ ကျုံ့သွားစေပါတယ်။

          o        အသားလုံးကို ခွဲစိတ်ပြီးတော့ ဖယ်ရှားခြင်း - သားအိမ်ခေါင်းထဲကနေတစ်ဆင့် ဖယ်ထုတ်တဲ့နည်းနဲ့ ဗိုက်ကိုခွဲပြီးတော့ ဖယ်ထုတ်တဲ့နည်းဆိုပြီး ၂ မျိုး ရှိပါတယ်။

          o        သားအိမ်ထုတ်လိုက်ခြင်း

          o        Gonadotropin-releasing hormone agonists - ဒီဆေးတွေက အသားလုံးတွေ ကြီးမလာအောင် ထိိန်းထားပြီးတော့ တဖြည်းဖြည်း သေးသွားစေပါတယ်။ ခွဲစိတ်မှုမလုပ်ခင်မှာ ဒီဆေး အရင်တိုက်ထားလေ့ ရှိပါတယ်။

 

       စိတ်ဖိစီးမှု

          နေထိုင်မှုပုံစံ အပြောင်းအလဲလေးတွေ လုပ်ပေးတာက စိတ်ဖိစီးမှုတွေအပေါ်မှာရော ရာသီစက်ဝန်းအပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှု ရှိစေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ လေ့ကျင့်ခန်း မကြာခဏလုပ်ပါ။ တရားထိုင်ပါ။ အလုပ်တွေ အရမ်းပိ၊ တာဝန်တွေပိနေလို့ စိတ်ဖိစီးနေရင်တော့ အကူအညီ ရယူပါ။ စိတ်အပန်းဖြေဖို့ အချိန်ပေးခြင်းက ကျန်းမာရေးအတွက် အရမ်းအကျိုးရှိပါတယ်။

 

       ကိုယ်အလေးချိန် အလွန်အမင်းတက်ခြင်း၊ ကျခြင်း

          ကိုယ်အလေးချိန်ကို ရုတ်တရက်ခြင်း တက်စေကျစေတဲ့ အကြောင်းအရင်းကို ဆရာဝန်ကို ပြောပြခြင်းအားဖြင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်မယ့်နည်းတွေကို ဆွေးနွေးနိုင်ပါတယ်။

 

       သနေ္ဓတားဆေးများကို တုံ့ပြန်ခြင်း

          ဟော်မုန်းပါတဲ့ သနေ္ဓတားဆေးတွေကြောင့် ရာသီစက်ဝန်းကို သက်ရောက်စေပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့တစ်မျိုးကို ရှာဖို့အတွက် ၃-၄ မျိုးလောက် ပြောင်းသုံးကြည့်ရတတ်ပါတယ်။ ပြီးတော့ တားဆေးအသစ်တစ်မျိုးနဲ့ ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်ဖို့ လအနည်းငယ်လောက်လည်း ကြာတတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)