/
node/8798

အရိုးပွလို့ဖြစ်တဲ့ အဆစ်ရောင်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရိုးပွတဲ့လက္ခဏာတွေကို သိပါ။ အရိုးပွလို့ အဆစ်ရောင်တဲ့အခါ နှစ်ပတ်ထက် ပိုပြီး ကြာရှည်တတ်ပါတယ်။

●        အရိုး ပွ၊ မပွ စစ်ဆေးပါ။

●        အရိုးအထူးကုဆရာဝန်ကို ပြသပါ။

●        ကယ်လ်ဆီယမ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ဆေးတွေ သောက်သုံးပါ။

●        နာတာမှန်ပေမယ့် ဖြည်းညင်းသက်သာတဲ့ ကိုယ်လက်လှုပ်ရှားမှု အပျော့စားလေးတွေ ပြုလုပ်ပါ။

●        မဝပါစေနဲ့၊ အဆီအအိမ့် ရှောင်ပါ။

●        ဒူးဆစ်ကို အစွပ်လေး စွပ်ပါ။

●        ဆီနွေးနွေးလေးနဲ့ မကြာခဏ နှိပ်နယ်ပေးပါ။

●        သက်သောင့်သက်တာရှိတဲ့ အောက်ခင်းပါဖိနပ်ကို ရွေးချယ်ပါ။

 

>>    ကိုယ့်ဘာသာ မေးခွန်းလေးတွေ မေးကြည့်ပါဦး

●        ဆရာဝန် ပြောသလို အတိအကျ လိုက်နာရဲ့လား

●        ကိုယ်လက်လှုပ်ရှားမှု လုပ်ရဲ့လား

●        အဆစ်တွေကို ကာကွယ်ထားရဲ့လား

●        ဝိတ်ချရဲ့လား

●        အကြော ပြေလျော့နေရဲ့လား

●        ဆရာဝန် ညွန်ကြားသလို အရိုးအားဆေးတွေ သောက်သုံးနေရဲ့လား

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)