Vasodilators – Nitrates (Nitrates နှလုံးသွေးကြောဆိုင်ရာရောဂါကုဆေး)
ဥပမာ 1. Isosorbide Dinitrate
2. Mononitrate Nitroglycerin
Nitrates ဆေးတွေက နှလုံးကိုသွားတဲ့ သွေးကြောတွေကို ပျော့ပြောင်းစေခြင်းဖြင့် နှလုံး အတွက် အောက်ဆီဂျင်နဲ့သွေးရောက်ရှိမှုကို ပိုကောင်းစေပါတယ်။
ဒီဆေးတွေကို နှလုံးသွေးကြောဆိုင်ရာရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ရင်ဘတ်စူးအောင့်နာ (Angina) မဖြစ်အောင်ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် အသုံးပြုပါတယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
Nitrates ဆေးတွေကို အစာစားပြီးပဲဖြစ်ဖြစ်၊ မစားခင်ပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။
(2) အရက်
အရက်ရှောင်ထားရပါမယ်။ တကယ်လို့ မရှောင်ခဲ့ရင်သွေးကြောတွေ ပိုမိုပျော့ပြောင်းသွားစေပြီး အကျိုးဆက်အနေနဲ့ သွေးပေါင်ထိုးကျသွားစေနိုင်ပါတယ်။






























