/
node/974

Thyroid Medicines (သိုင်းရွိုက်ဟော်မုန်းဆေးများ)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

        ဥပမာ    -       Levothyroxine

        Levothyroxine က သိုင်းရွိုက်ဟော်မုန်းအထွက်နည်းတဲ့ရောဂါ (Hypothyroidism) ရဲ့ရောဂါ လက္ခဏာတွေကို သက်သာအောင် ပြုလုပ်ပေးပါတယ်။

        ဒီဆေးကို မွေးရာပါသိုင်းရွိုက်ဟော်မုန်းအထွက်နည်းတဲ့ရောဂါ (Congenital Hypothyroi dism)၊ ကိုယ်ခံစွမ်းအားစနစ်ကြောင့် သိုင်းရွိုက်ဟော်မုန်းအထွက်နည်းတဲ့ရောဂါ(Autoimmune Hypothyroidism)၊ အခြားအကြောင်းများကြောင့် သိုင်းရွိုက် ဟော်မုန်းအထွက်နည်းတဲ့ရောဂါ (ဥပမာ-သိုင်းရွိုက်ရောဂါတစ်ခုခုကြောင့် ခွဲစိတ်မှုအပြီး ဟော်မုန်းအထွက်နည်းသွားခြင်း) နဲ့ လည်ပင်းကြီးရောဂါ(Goiter) တွေမှာ အသုံးပြုပါတယ်။

ဓာတ်ပြု ခြင်း

အစားအသောက်

        Levothyroxine ဆေးကို တစ်နေ့တစ်ကြိမ်သောက်ရပါတယ်။ မနက်ပိုင်း ဘာအစာမှမစားမီ အနည်းဆုံး နာရီ၀က်(သို့) တစ်နာရီကြိုပြီးသောက်ဖို့လိုပါတယ်။

        ပဲပိစပ်၊ သစ်ကြားသီးနဲ့ အမျှင်ဓာတ်များတဲ့အစားအသောက်တွေ အစားများတဲ့သူတွေအတွက် ဆေးပမာဏကို ချိန်ညှိဖို့လိုအပ်ပါတယ်။

တွဲဖက်မသုံးစွဲသင့်သည်များ