/
node/1031

တိရစၧာန်ကိုက်ခံရခြင်းအတွက် အရေးပေါ်ကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။     အရေးပေါ်အခြေအနေကိုဂရုပြုပါ။

-        ဒဏ်ရာပြင်းထန်လျှင်

-        သွေးမတိတ်လျှင်

-        သွေးထွက်အလွန်များလျှင်

-        သွေးပန်းထွက်လျှင် အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ပြီးဆေးရုံသို့ အမြန်ဆုံးသွားပါ။

၂။     သွေးတိတ်အောင်ပြုလုပ်ပါ။

        သွေးထွက်နေတဲ့နေရာကို အ၀တ်သန့်သန့်နဲ့ဖိထားပေးပြီးသွေးတိတ်အောင်ထိန်းချုပ်ပါ။

၃။     ဒဏ်ရာကိုသန့်ရှင်းပါ။

        အပေါ်ယံအရေပြားကိုပဲကုတ်ခြစ်မိတယ်ဆိုရင် ဒဏ်ရာကိုဆပ်ပြာနှင့် ရေနွေးနွေးကို အသုံးပြုပြီး ဆေးကြောပါ။ ထို့နောက် မိနစ်တော်တော်ကြာအောင် ရေနွေးနွေးနှင့် ဆက်လက်ဆေးကြောပါ။

        Antibiotic Cream (ပဋိဇီ၀လိမ်းဆေး)တစ်ခုခုလိမ်းပြီးပတ်တီးစသန့်သန့်ဖြင့် ပတ်ထားပေးပါ။

၄။     ဆေးရုံ (သို့) ဆေးခန်းသို့သွားပါ။

        အပေါ်ယံပဲကုတ်ခြစ်မိတာမျိုးမဟုတ်ရင် ချက်ချင်းဆေးဝါးကုသမှုခံယူသင့်ပါတယ်။ တောရိုင်းတိရစၧာန် များ၊ ခွေးလေခွေးလွင့်များရဲ့ကုတ်ခြစ်ကိုက်ဖဲ့မှုကို ခံရပါကဒဏ်ရာအနေအထားတိမ်သည်ဖြစ်စေ၊ နက်သည် ဖြစ်စေ အရေးပေါ်အခြေအနေလို့သဘောထားပြီးဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်ရပါမယ်။

        အိမ်မွေးတိရစ ၦာန်ဖြစ်ပါကခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထားခြင်းရှိ၊ မရှိပိုင်ရှင်ကိုမေးမြန်းစုံစမ်းပါ။

၅။     ဆရာ၀န်၏ကုသပေးမှုကိုခံယူပါ။

-       အနာကိုသေချာသန့်စင်ဆေးကြောပြီးလိုအပ်ပါက ချုပ်ရပါလိမ့်မယ်။

-       လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးရပါမယ်။

-        မေးခိုင်ရောဂါကာကွယ်ဆေးထိုးဖို့လည်းလိုအပ်ပါတယ်။

-        နာကျင်ကိုက်ခဲတာသက်သာဖို့အတွက် Paracetamol လို အကိုက်အခဲပျောက်ဆေးတွေ သောက်ရ ပါမယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ