မီးလောင်ခြင်းအတွက် ရှေးဦးကုသမှု
- အရေပြားအလွှာအားလုံးကိုလောင်ကျွမ်းလျှင်
- အရေပြားမှာအညို၊ အဖြူနဲ့ အမည်းကွက်များဖြစ်လာလျှင်
- မီးလောင်ဖုက နှစ်လက်မထက်ပို၍ကြီးလျှင်
- လက်၊ ခြေထောက်၊ မျက်နှာတို့လောင်ကျွမ်းလျှင် မီးလောင်ခံရသူသည် နို့စို့ကလေး(သို့) သက်ကြီး ရွယ်အိုများဖြစ်လျှင် အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆေးရုံသို့ချက်ချင်းသွားပါ။
၁။ မီးလောင်ခံရနေရသောလူကိုအမြန်ဆုံးကယ်တင်ပါ။
- လူနာကိုမီးတောက်များထဲမှ အမြန်ဆုံးကယ်ထုတ်ပြီးဘေးလွတ်ရာသို့ခေါ်သွားပါ။
- မီးစွဲနေတဲ့အ၀တ်အစားများကို ချွတ်ပစ်ပါ။
၂။ မီးလောင်ဒဏ်ရာကိုရေအေးအေးနဲ့ဆေးပါ။
- နာကျင်မှုသက်သာသည်အထိမီးလောင်ဒဏ်ရာကိုရေအေးအေးနှင့်လောင်းပေးပါ။
- ရေအေးမရလျှင် အအေးကျပ်ထုပ်ထိုးပေးပါ။
၃။ ဒဏ်ရာကို ပိုးမ၀င်အောင် ဂရုစိုက်ပါ။
သန့်ရှင်းတဲ့အ၀တ် (သို့) စေးကပ်ခြင်းမရှိတဲ့ ပတ်တီးနဲ့စည်းပေးပါ။
၄။ နာကျင်မှုသက်သာအောင်ပြုလုပ်ပါ။
- အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်ထားပါ။ (ဥပမာ-Paracetamol)
၅။ ဆေးရုံဆေးခန်းသို့သွားပါ။
- ရောဂါပိုး၀င်တဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားပူခြင်း၊ နီမြန်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်လျှင်၊
- မေးခိုင်ကာကွယ်ဆေးကိုလွန်ခဲ့သော ၁၀ နှစ်ကျော်ကနောက်ဆုံးထိုးနှံထားလျှင် ဆေးရုံဆေးခန်းသို့ သွားရောက်၍လိုအပ်သောကုသမှုများကိုခံယူသင့်ပါတယ်။






























