/
node/1052

ကြွက်သားဒဏ်ဖြစ်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။      ရောင်ရမ်းမှုကိုသက်သာအောင်ပြုလုပ်ပါ။ ထပ်မံထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

-        ကျုံ့နိုင်ဆန့်နိုင်တဲ့ Elastic ပတ်တီးနဲ့စည်းထားပေးပါ။ လိုအပ်ပါကလက်သိုင်းကြိုးအသုံးပြုပါ။

-        ကြွက်သားတွေကိုအနည်းဆုံး ၁ ရက်လောက်အနားပေးပါ။

-        ရေခဲချက်ချင်းကပ်ပေးပါ။ တကြိမ်လျှင် ၁၀ မိနစ် (သို့) ၁၅ မိနစ်ကြာအောင် ၂ ရက်မှ ၃ ရက် ကပ်ပေးပါ။

-        ဒဏ်ဖြစ်နေတဲ့အစိတ်အပိုင်းကိုအနည်းဆုံး ၁ ရက်တိတိခပ်မြင့်မြင့်မြှောက်ထားပါ။

၂။      နာကျင်မှုကိုသက်သာအောင်ပြုလုပ်ပါ။

-        နာကျင်မှုကိုသက်သာစေရန်အတွက် အလွယ်တကူရနိုင်တဲ့ aspirin (သို့) ibuprofen ဆေးတွေ ကိုသောက်လို့ရပါတယ်။အသက် ၁၈ နှစ်အောက်တွေမှာတော့ aspirin ဆေးဝါးမသုံးသင့်ပါဘူး။

၃။      သေချာစွာဂရုစိုက်ပါ။

-        အထက်ပါအတိိုင်းပထမ ၂၄ နာရီအတွင်းဆောင်ရွက်ပြီးပါက ရေခဲကပ်ပေးခြင်း၊ ဒဏ်ရာဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိိုင်းကို မြှင့်ပေးထားခြင်းတို့ကို ၄ နာရီခြားတစ်ခါလုပ်ပေးပါ။

၄။      ဆေးရုံ (သို့) ဆေးခန်သို့သွားပါ။

-        နှစ်ရက်ကြာသည့်တိုင်အောင် လမ်းမလျှောက်နိုင်လျှင် (သို့) မလှုပ်ရှားနိုင်လျှင်

-        ဒဏ်ဖြစ်နေသောနေရာတ၀ိုက်အေးစက်လာလျှင် (သို့) အသားရောင်ပြောင်းလာလျှင်

-        ထုံကျင်လာလျှင်တစ်စစ်စစ်ကိုက်လာလျှင်

-        အလွန်အမင်းနာကျင်ကိုက်ခဲလာလျှင် ဆေးရုံ(သို့) ဆေးခန်းသို့ သွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ