/
node/1053

နှာခေါင်းသွေးလျှံခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။      သွေးတိတ်အောင်ပြုလုပ်ပါ။

-        နှာခေါင်းသွေးလျှံနေသူအားတစ်နေရာရာကိုမှီခိုင်းပြီးတည့်တည့်မတ်မတ်ထိုင်ခိုင်းပါ။

-        လဲလျောင်းခြင်း၊ ခေါင်းကိုယမ်းခါခြင်းမပြုလုပ်ရပါ။

-        ခန္ဓာကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းခိုင်းပြီး နှာခေါင်းကိုလက်မ၊ လက်ညှိုးနှင့်တစ်မိနစ်(သို့) နှစ်မိနစ် ခန့် တင်းကြပ်စွာ ညှစ်ထားပေးပါ။

-        ထို့နောက် နှာခေါင်းကိုလွှတ်ပေးပြီးခေါင်းမော့ကာအသက်ရှူခိုင်းပါ။

-        အထက်ပါအတိုင်း ၅ မိနစ်၊ ၁၀ မိနစ်ခန့်အကြိမ်ကြိမ်ပြုလုပ်ပေးပါ။

၂။      ဆေးရုံဆေးခန်းသို့သွားပါ။

-        ၁၀ မိနစ်ကျော်ကြာသည်အထိသွေးမတိတ်လျှင်

-        သွေးကျဲဆေး (Warfarin၊ Aspirin) များသုံးစွဲနေရသည့်လူနာဖြစ်လျှင်

-        သွေးထွက်လွန်လျှင်

-        ဦးခေါင်း (သို့) မျက်နှာတွင် ပြင်းပြင်းထန်ထန်ထိခိုက်ခံရပြီးနောက် နှာခေါင်းသွေးယိုလာလျှင် ဆေးဝါးကုသမှု ခံယူရန် ဆေးရုံဆေးခန်းသို့သွားရပါမည်။

-        မကြာခဏ နှာခေါင်းသွေးလျှံသူဖြစ်ပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာ၀န်နှင့်သေချာဂရုတစိုက်ပြသဖို့လိုအပ်ပါမည်။

 

CMS

www.drmyanmar.com

အရေးပေါ်ကုသနည်းများ